NEWS

TIAN YU  ဖိနပ်စက်ရုံက နားရက်မရတဲ့အထိအချိန်ပိုခေါ်ယူနေ

CoverLogo
1.1K Views

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် ဘုန်းကြီးကျောင်းလမ်းမှာရှိတဲ့  TIAN YU ဖိနပ်စက်ရုံမှာ အလုပ်သမားတွေနားရက်လုံး၀မရှိလောက်အောင်အထိ  အချိန်ပိုတွေမတရားခေါ်ယူနေတယ်လို့ အဲ့ဒီစက်ရုံအလုပ်သမားတွေပြောကြားချက်အရ သိရပါတယ်။ 

“အလုပ်သမားကနှစ်ရုံပေါင်းကို သုံးထောင်လောက်ရှိတယ်။ အကုန်လုံးကဒီလိုပဲ အလုပ်သမားနှစ်ကြီးသမားတွေတောင်  ဖိအားတွေပေးလို့ ဘသူမှမပြောရဲဘူး။ အလုပ်ပိတ်ရက်တွေမှာလည်း မနားရဘူး။ တောက်လျှောက်ပဲ။ ညဘက်၇ခွဲအထိဆင်းရတယ်။  ကျန်ခဲ့တဲ့လက တစ်လလုံးမှာ ပိတ်ရက်လုံး၀မရခဲ့ဘူး။ နောက်ဆုံးလစာထုတ်တဲ့အပတ်ကတနင်္ဂနွေတစ်ရက်ပဲနားခဲ့ရတယ်။  ည၇ခွဲအထိနေ့တိုင်းဆင်းရတယ်။ အချိန်ပိုတွေဆက်တိုက်ဆင်းရလို့ နားရက်မရှိလို့အရမ်းပင်ပန်းလာရင်လည်း မနားရဘူး။ဆေးစာပါမှအတော်လေးကိုကျန်းမာရေးပျက်သွားမှ နားရတာ”လို့ အလုပ်သမားကဆိုပါတယ်။ 

ဒါ့အပြင်တစ်လလုံးမှာ နားရက်မရှိတဲ့အထိအချိန်ပိုခေါ်ယူမှုတွေကိုပြုလုပ်ပေမဲ့  ကျန်းမာရေးအရခွင့်ယူရင်လည်း လွယ်လွယ်ကူကူခွင့်မပေးဘဲ ကျန်းမာရေးအတော်ပျက်ကာ မချိမဆန့်ခံနေရတဲ့အထိဖြစ်မှသာ ဆေးစာဖြင့်ခွင့်ပေးတာကြောင့် အလုပ်သမားတွေဟာ  ပိတ်ရက်တွေမှာပိတ်ရက်အတိုင်းနားရက်ခံစားချင်သလို  ကျန်းမာရေးအရခွင့်ယူပါကလည်း လွယ်လွယ်ကူကူခွင့်ယူရရှိလိုတယ်လို့ ဆိုထားပါတယ်။ 

“ခွင့်ယူလည်းမလွယ်ဘူး။ တရုတ်ကိုယ်တိုင်ကိုက ပြောတာ။ တရုတ်တိုက်ရိုက်အုပ်ချုပ်နေတာ။  ဒေးကြေး၅၈၀၀ အချိန်ပိုကြေးက ၁၄၀၀ပါ။ အဓိကကတော့ အစိုးရတရား၀င်ပိတ်ရက်တိုင်းမှာ နားရက်ရချင်ပါတယ်။ အခုလပြည့်နေ့ဆင်းရမဲ့ပုံစံမျိုးဆို ဒေးကြေးမပေးဘူးအချိန်ပိုကြေးပဲရတယ်။ ပိတ်ရက်တွေမှာလည်းအချိန်ပိုခေါ်လို့တစ်ပတ်ကျော်တစ်ပတ်ကျော်ဆို ဆင်းပေးနိုင်တယ်။ ခုကအပတ်တိုင်းအပတ်တိုင်းဆိုတော့ အရမ်းပင်ပန်းလာတယ်။ အလုပ်ဆက်တိုက်ဆင်းရလို့ပင်ပန်းလည်း   သူတို့ရှေ့မှာပဲမနေနိုင်မထိုင်နိုင်ကျန်းမာရေးပျက်မှ မချိမဆန့်ဖြစ်မှ နားပေးတာ။ အဓိကကတော့နားရက်မှာတော့ နားချင်တယ်။ နေမကောင်းရင်လည်း ခွင့်လွယ်လွယ်ယူလို့ရချင်တယ်။ သူတို့ကမချိမဆန့်မှဆိုတော့ ပြောရရင်အသေထွက်ပဲရတယ်  အရှင်ထွက်မရဘူး။အဲလိုဖြစ်နေတာ” လို့ဆိုပါတယ်။ 

အဆိုပါစက်ရုံဟာ  တနင်္ဂနွေနေ့ပိတ်ရက်တွေမှာ ပိတ်ရက်ရဖို့စနေနေ့မှာအချိန်ပိုခေါ်ယူပေမဲ့တနင်္ဂနွေမှာလည်း မနားရဘဲ  အချိန်ပိုဆင်းပေးရသလို  အခြားသောအစိုးရရုံးပိတ်ရက်တွေမှာလည်း အချိန်ပိုတွေဆင်းပေးရပြီး ဒေးကြေးမပေးဘဲ အချိန်ပိုကြေးသာတွက်ကာ လစာရှင်းပါကအဆိုပါရက်အားနှုတ်ကာဒေးကြေး၂၉ရက် ၂၈ရက်စသဖြင့်ရှင်းပေးတာဖြစ်ပြီး အချိန်ပိုရက်တွေမှာမဆင်းပါက ဖိအားပေးတာတွေရှိသလို  အငြိုးတေးထားတာတွေကြောင့် အလုပ်သမားတွေဟာမဆင်းနိုင်လည်းဆင်းပေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ စနေနေ့မှာဆင်းပေးလို့ရှိရင် တနင်္ဂနွေနေ့ကိုနေ့တပိုင်းပြန်လွှတ်ပေးမယ်ဆိုပြီး ပြန်မလွှတ်ဘူး။ စနေနေ့ကိုလည်း အချိန် ပိတ်ရက်မှာဆင်းရပြီးအစားထိုးပေးမယ်ဆိုပြီးတော့လည်း မပေးဘူး။ ကဆုန်လပြည့်နေ့တုန်းကလည်းဆင်းရတယ်။   အမျိုးသားနေ့လိုနေ့မျိုးတွေမှာ  တနင်္ဂနွေနေ့နဲ့ မတိုက်ဘူးဆိုရင်  အချိန်ပိုကြေးပဲပေးတယ် ဒေးကြေးမပေးဘူး။ အမှန်ကဒေးကြေးပါပေါင်းပေးရမှာ မပေးဘူးကြိုက်တဲ့ဆီတိုင်ပဲ။ အလုပ်ထဲမှာလည်း အဲလိုကိစ္စမျိုးတွေနဲ့ အသံထွက်လာရင် အသံထွက်တဲ့အလုပ်သမားကိုမှတ်ထားပြီး အငြိုးချက်နဲ့ သူ့နည်းသူ့ဟာနဲ့အလုပ်ထွက်ချင်အောင် အလုပ်မလာအောင် နည်းတွေသုံးတယ်။ အငြိုးတေးထားတယ်ဆိုတော့ အလုပ်သမားကလည်း အသံမထွက်ရဲဘူး။ နားရက်မှာအချိန်ပိုခေါ်လို့အလုပ်မလာရင် ဘာလို့မလာတာလဲဆိုပြီး အလုပ်သမားကိုမှတ်ထားပြီးတော့ ပုံရိုက်ပြီးမှတ်တမ်းယူတယ်။ ခြိမ်းခြောက်တာတွေလုပ်တယ်” လို့ ဆိုပါတယ်။ 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီး အလုပ်သမားသုံးထောင်ခန့်ဖြင့် H&M ဖိနပ်တွေချုပ်လုပ်ကာ  အလုပ်သမားကိုလည်း တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်တယ်လို့ သိရပါတယ်။  စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိပေမဲ့  WCC ဖွဲ့စည်းထားပြီး အလုပ်သမားတွေဘက် ညှိနှိုင်းဆောင်ရွက်တာမရှိဘူးလို့လည်း အလုပ်သမားတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026