NEWS

Tha Shu (Myanmar) အထည်ချုပ် စက်ရုံ လုပ်ငန်းခွင် ပြုပြင်ပြောင်းလဲပေးခြင်းမရှိ

CoverLogo
1K Views

မြိုနယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးခဲ့သည့် Tha Shu (Myanmar) Fashion Co.,Ltd အထည်စက်ရုံမှာ လုပ်ငန်းခွင်လိုအပ်ချက်တွေကို ပြုပြင်ပေးတာမရှိဘူးလို အလုပ်သမားတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်ထဲက လာစစ်ထားတယ်။ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ၂ ဦးပါတယ်။ ထမင်းစားဆောင်ဘက် ကြည့်တာရှိတယ် ။ အလုပ်သမား ၂၀ လောက်ကို မေးသွားတယ်။ အခုထိ စက်ရုံဘက်က ဘာမှပြုပြင် မပေးဘူး။  လာစစ်တုန်းက ထမင်းစားဆောင်ကနေ ဖယ်ထားတဲ့ ကတ္တူဖာတွေဆို အခု အပြည့်ပဲ။ အရင်ထက်တောင် ထမင်းရတာ ပိုကျပ်နေတယ်။ “လို  အလုပ်သမားတဦးက ပြောပါတယ်။

ထမင်းစားဆောင် အတွင်း စက်ရုံ ပစ္စည်းတွေ ချထားလို့ စားသောက်ဖို့ ကျပ်တည်းနေတာ၊ သောက်ရေ မသန့်  ရှင်းတာ၊ စက်ရုံအတွင်း ကိုယ်ပိုင်ရေးဗူး ယူခွင့်မပေးတာ၊ လုပ်ငန်းခွင်စတင်ချိန်ကတည်းက စက်ရုံတံခါး တချပ် တည်းသာ ဖွင့်ထားပေးလို့ အလုပ်သမားတွေ ပူလောင်မှုဒဏ် ခံစားရတဲ့အပြင် အပူဒဏ်လျှော့ချစေမဲ့ ပန်ကာလို ပစ္စည်းတွေ လုံလောက်အောင်တပ်ဆင်မထားတဲ့ အကြောင်း  Myanmar Labour News ကို Tha Shu (Myanmar) Fashion Co.,Ltd အထည်ချုပ် လုပ်သားတွေက ပေးစာ ပေးပိုခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် လိုင်း အမှတ် ၁ ၊ ၂၊ ၃၊ ၄ က စူပါတွေက အထည်စံချိန်ကို ဆဲဆိုတောင်းဆိုနေဆဲ ဖြစ်တယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ 

လက်ရှိ အချိန်ပိုကို ည ၇ နာရီခွဲအထိ ခေါ်ယူနေပြီး နေ့လည် ၁၂ နာရီခွဲ ကတည်းက နားချိန် မရဘဲ အလုပ်ချိန် ၇ နာရီဆက် လုပ်ကိုင်ခိုင်းနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်သမားရုံးက တာဝန်ရှိသူတွေ လာစစ်ပြီးတော့လည်း စက်ရုံဘက်က ဘာမှ ပြုပြင်ပေးတာဘူး ။ စက်ရုံ ဘက်က ဘာမှ ပြုပြင်ပေးတာမရှိတော့ အလုပ်သမားတွေ လုပ်ငန်းခွင်မကောင်းတဲ့ ဆိုးကျိုး ခံနေရတယ်။ စစ်တယ်ဆိုတာလည်း ဘာစစ်မှန်းမသိဘူး။ အရေးယူတာ မရှိဘူး။ လောလောဆယ်က စားသောက်ဆောင် ကျပ် နေတယ်။ တံခါးလည်း ပိတ်ဆဲပဲ။ မီးချောင်းနဲ့ ချုပ်စက်တွေရဲ့ အပူကြောင့် နောက်ဘက်က ချုပ်သမားတွေ တအား ပူကြတယ်။  ရုံပိုင်း (စက်ရုံတာဝန်ရှိသူ)ကတော့ အဲကွမ်း ရုံးခန်းမှာ စားသောက်ပြီး၊ အလုပ်သမားတွေခိုင်းနေတာ"လို့ပြောပါတယ်။ 

Tha Shu (Myanmar) Fashion Co, Ltd အထည်ချုပ် စက်ရုံက စက်လိုင်း ၁၄ လိုင်း၊ Cutting ၊ QC နဲ့ Finishing ဌာနတွေမှာ အလုပ်သမား ၁၂၀၀ ကျော်လုပ်ကိုင်နေတယ်လို သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး သံလွင်လမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြိုနယ်မှာ လည်ပတ် လုပ်ကိုင်နေတယ်လို သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026