NEWS

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း

CoverLogo
33 Views


#ပေးစာ

ညီမတို့ Tanjin fashion milestone အထည်ချုပ်မှာ အောစူပါ၊ စူပါတွေက ကလေးလုပ်သားတွေကို အလုပ် သွင်းပေးပါတယ်။  သူတို့ အမျိုးတွေနဲ့ သွေးသားတော်စပ်တွေပါပဲ ။ ဒါကို  HR ကလဲ သေချာမစစ်ဆေးဘဲ အလုပ်လူ ပြည့်ရင်ပြီးရောဆိုပြီး ဆွဲခန့်လိုက်တာပဲ။  


စက်လိုင်းတွေထဲမှာ အသက်မပြည့်တဲ့  ၁၄၊၁၅၊ ၁၆ နှစ် အရွယ် အလုပ်သားတွေက လူကြီး အလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်ရတာပါ ရှင့်။   လူမှုပြဿနာတွေလည်း ခဏခဏ ဖြစ်ပါတယ်။ တခါက Bရုံမှာ ကလေးလုပ်သား တစ်ယောက်ကို အောစူပါက  ပါးရိုက်လိုက်လို့ ပြသနာတွေ ဖြစ်သေးပါတယ်။  သားအမိချင်းလို့ ဘာမှ မဖြစ်လိုက်တာပါ။ 


နောက်တခု စက်ရုံမှာ အောစူပါ၊  စူပါတွေက အထည်မရတာနဲ့ အော်ဟစ်တာပဲ ။ နောက် ကျွမ်းကျင်ကြေးဆို ဘက်လိုက်ကြတယ်၊  အထည်စံချိန် မရရင် လူကြားထဲလဲ အော်ဟစ်ပြောဆိုပါတယ်။  သည့်အပြင် ခွဲခြားဆက်ဆံကြတယ်။ အောစူပါ၊ စူပါတွေနဲ့  အဆင်ပြေရင်တော့ ကျွမ်းကျင်ကြေးကို သိသိသာသာ ပိုပေးပါတယ် ရှင့် ။ 
စက်ရုံကတော့ ဥပဒေပါခံစားခွင့်များ ရရှိပါတယ်လို့ပြောနေပေမဲ့ ခွင့်တစ်ရက်လောက်ယူမိရင် စူပါတွေရဲ့ ဖိအားပေး အငြိုးထားခံရတယ်ရှင့် ။


ပြီးတော့ အလုပ်သမားတွေ နစ်နာတာက  ဂရိတ်အလျော့ခံရပါတယ်။ 
လစဥ်လုပ်သက် ဆုကြေးပေးပေမဲ့  အလုပ်ပျက်ရင် လုပ်သက်ဆုကြေးထဲက အဖြတ်ခံရပါတယ်။ ကိုယ့် ဌာနမ ဟုတ်ဘဲ တခြားဌာနကို သွားကူနေရတဲ့အခါမှာလဲ အလုပ်သမားရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ် သွားလုပ်ခိုင်းပါတယ် ရှင့် ။  


စက်ရုံ က ဥပဒေအကြံပေး ရှေ့နေကလဲ အလုပ်သမားတွေကို အလုပ်ထုတ်ဖို့လောက်ဘဲ အကြံပေးတယ်။   
စက်ရုံ အလုပ်ဆင်းချိန် ၅မိနစ်အလိုမှာ မတ်တပ်ရပ်နေလို့ဆိုပြီး  အလုပ်ကထုတ်ပါတယ်ရှင့်။
ဆေးပေးခန်းမှာလဲ ဆေးဝါးလုံလောက်မှုမရှိပါဘူး။ တောင်းတိုင်းလည်း မရှိဘူးဆိုတာပါဘဲ။ 


Tanjin fashion milestone Co.,Ltd စက်ရုံမှာ   အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေကြပါတယ်၊   တရုတ်နိုင်ငံသားပိုင်ပါ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်၃၉၂ မှာပါရှင့်  ။ ခုတော့ Sinsay, LC WAIKIKI, VERO MODA, LCW VISION တံဆိပ် အထည်တွေ ချုပ်နေပါတယ် ရှင့်။  
လုပ်သားတွေကို သနားငဲ့ညာရင် လာရောက်စစ်ဆေးပေးစေချင်ပါတယ် ရှင့်။ 


Related posts

Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026