NEWS

Tainjin Fashion Milestone စက်ရုံတွင် ဖူလုံရေးကြေး လစဉ်ထည့်သွင်းရပေမဲ့ အကျိုးခံစားခွင့်များ ဆုံးရှုံးနေရ

CoverLogo
888 Views

Tainjin Fashion Milestone Co.,Ltd. (အထည်ချုပ်စက်ရုံ)က အလုပ်သမား တွေကို စက်ရုံက ဖူလုံရေးကဒ်တွေ ထုတ်မပေးလို့ ဖူလုံရေးဆေးခန်းတွေမှာ ကုသခွင့်မရဘဲ အပြင်ဆေးခန်းတွေမှာပဲ ငွေကုန်ကြေးကျ များစွာနဲ့ ကုသနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ကျွန်မတို့ ဖူလုံရေးကြေးတွေကို လစဉ်ထည့်သွင်းနေတယ်။ အကျိုးခံစားခွင့်တော့ မရပါဘူး။ စက်ရုံဘက်ကို ဖူလုံရေးကဒ် ပေးဖို့ တောင်းပြန်ရင်လည်း မအားသေးလို့ မလုပ်ပေးတာဆိုပြီး ပြောပါတယ်” လို့ ဖူလုံရေးကဒ်မရတဲ့ အလုပ်သမားတစ်ဦးကပြောပါသည်။

လက်ရှိ စက်ရုံလုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး လုပ်သားတွေ ရှိနေပြီး ဖူလုံရေးကဒ်မရှိလို့ ကိုယ်ဝန်ဆောင် ဆေးကုသခွင့်အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီးတဦးမှာ လစဉ် ဖူလုံရေးကြေး ပေးသွင်းနေပေမဲ့ စက်ရုံဘက်က ဖူလုံရေးကဒ် လုပ်မပေးတာကြောင့် ဖူလုံရေးအကျိုးခံစားခွင့် မရခဲ့တဲ့အပြင် နားရက် (၃)ရက်သာ ရရှိခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ ဖူလုံရေးဥပဒေအရ ကိုယ်ဝန်ပျက်ကျမှုအတွက် ရက်သတ္တပတ် (၆)ပတ် နားရမယ်လို့ ပြဌာန်းထားပေမဲ့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အလုပ်သမားမှာ အနားယူခွင့်မရဘဲ့ သွေးနု၊သားနုနဲ့ အလုပ်ဆင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် ကြိုပို့ယာဉ်ပေါ်မှာလည်း ကိုယ်ဝန်ဆောင် အလုပ်သမားတွေမှာ မတ်တက်ရပ် လိုက်ပါ စီးနင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ ခေါင်းခန်းမှာ စက်ရုံကလည်း မဟုတ်တဲ့သူတွေကို ခေါ်တင်တယ်၊ ကိုယ်ဝန်သည်တွေက ကားနောက်က မတ်တပ်ကြီး။ တံတားဖြူကားဆိုလည်း အောစူပါက ရှေ့က ထိုင်လိုက်တယ်။ ကိုယ်ဝန်ဆောင်ကတော့ နောက်က လိုက်စီးရတာတွေပေါ့။ ဘယ်လိုမှ မြင်မကောင်းဘူး။” လို့ ပြောပါသည်။

စက်ရုံအတွင်း လုပ်သက်တစ်နှစ်ကျော် အလုပ်သမားတွေကို EC စာချုပ် ချုပ်ပေးတာတွေ မရှိတဲ့အပြင် လုပ်ငန်းခွင်ချိုးဖောက်မှုတွေအတွက် စက်ရုံ WCC အဖွဲ့ကို အကူညီတောင်းမရ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“WCC ကို စာတင်ပြီး အကူအညီတောင်းထားတာတွေ အများကြီးရှိတယ်။ မရပါဘူး WCC နဲ့ ညှိနှိုင်းရေးလုပ်ထားတာတွေကိုလည်း အကောင်အထည်မဖော်ဘူး။ ဒါတွေကို ဖြစ်စေချင်တာ။ “ အမျိုးသမီး အလုပ်သမားတဦးက ပြောပါသည်။

WCC အဖွဲ့ကို ပြန်လည်ရွေးချယ်စေလိုပြီး ညှိနှိုင်းထားတဲ့ ရလဒ်တွေအတိုင်း အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Tainjin Fashion Milestone စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းနှင့် ကမ်းနားလမ်းထောင့် မှာ ရှိပြီး အလုပ်သမားဦးရေ ၁၄၀၀ ဝန်းကျင်နဲ့ Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026