NEWS

Sunkid Myanmar လက်ချုပ်ဌာန လုပ်သားများ၏ စိတ်ရင်းမှန် ရင်ဖွင့်တိုင်ကြားစာ

CoverLogo
559 Views
 
သို့
 
လေးစားရပါသော Sunkid Myanmar အရုပ် စက်ရုံ ပိုင်ရှင် ကိုရီးယားသူဌေး (Boss)၊ မန်နေဂျာ ဆရာတို့ရှင့်
ကျွန်မတို့ဟာ လက်ချုပ်ဌာနက အလုပ်သမား ၆၀-၇၀ ဦးပါ။ စိတ်ထဲက ခံစားရတာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြချင်လို့ ဒီစာကို ရေးလိုက်ရပါတယ်။ စက်ရုံက ကျွန်မတို့ မိသားစုပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ စူပါဗိုက်ဆာ ဒေါ်သက်သက်ခိုင် ကတော့ ကျွန်မတို့ကို လူလို သူလို မဆက်ဆံဘဲ၊ အမြဲတမ်း ညှဉ်းပန်းနှိပ်စက်နေပါတယ်။
 
ကျွန်မတို့ရဲ့လစာကို အတင်းဖြတ်နေပါတယ်။
 
ပြီးခဲ့တဲ့ ၉ လပိုင်း လစာထုတ်တော့ လေးသောင်းနီးပါး ကို ဘာမှန်းမသိတဲ့ ကန်တော့ကြေး၊ မဂ်လာဆောင်ကြေး ဆိုပြီး တစ်ခါတည်း ဖြတ်ယူသွားပါတယ်။ မင်္ဂလာဆောင်အတွက်ဆိုပြီး အင်္ကျီတွေ၊ ထဘီတွေကိုလည်း အတင်းရောင်းချပြီး လစာထဲကပဲ ဖြတ်ပါတယ်။ ဒါ ကျွန်မတို့ ချွေးနည်းစာပါ။ မပေးချင်ပေမယ့် အလုပ်ပြုတ်မှာကြောက်လို့ ခေါင်းငုံ့ခံနေရတာပါ။
 
နောက် စူပါက ကျွန်မတို့ နာမည်တွေနဲ့ နှစ်သိန်း၊ သုံးသိန်း ကို လစဉ် ချေးငွေတွေ ထုတ်ခိုင်း၊ ကြိုထုတ်ခိုင်းပါတယ်။ လကုန်တော့ ကျွန်မတို့ လစာထဲက အဖြတ်ခံရတာပေါ့။ သူဌေးတို့ ဆရာတို့က ကူညီတာကို စူပါက သူ့အတွက် အသုံးချပြီး ကျွန်မတို့ကို ပိုက်ဆံရှာခိုင်းနေတာပါ။
 
သူဌေးနဲ့ဆရာက ကျွန်မတို့ အကြွေးပတ်နေတာကို သိလို့ စိတ်ကောင်းနဲ့ ကူညီပေးခဲ့တာကို ကျွန်မတို့ တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကူညီမှန်းသိတော့ စူပါက ဒီစေတနာကို အသုံးချပြီး ကျွန်မတို့ကို ဒုက္ခပေးနေပါတယ်။
 
စူပါက ငွေဖြတ်တာတင်မကပါဘူး။ အလုပ်ထဲမှာ အမြဲတမ်း အလုပ်နဲ့ ခြိမ်းခြောက်၊ မဲပြီး ဆဲဆိုကြိမ်းမောင်းပါတယ်။
သူက ကျွန်မတို့ကို "‌ေ- -ိုး မ၊ -ာသည်မ" ဆိုပြီး အရမ်းရိုင်းတဲ့ စကားတွေနဲ့ ဆဲပါတယ်။ ကျွန်မတို့ ရွှာကနေ အလုပ်လာလုပ်တဲ့သူတွေပါ။ ဒီလို စကားတွေနဲ့ အဆဲခံရတော့ တချို့ဆို အသက် မရှင်ချင်လောက်အောင်ကို ရှက်ရပါတယ်။ ကျွန်မတို့ဟာ စက်ရုံရဲ့ အလုပ်သမားတွေပါ။ ဘယ်သူ့ရဲ့ ကျွန်မ၊ ဘယ်သူ့ရဲ့ ခိုင်းဖတ်မဟုတ်ပါဘူး။
 
စက်ရုံမှာ ပုံမှန် ၄ နာရီခွဲဆင်းရမှာကို ညတိုင်း ည ၈ နာရီခွဲ အထိ ဆင်းနေရပါတယ်။ စနေနေ့ဆိုလည်း ၆ နာရီခွဲအထိပါ။
အချိန်ပို OT ကြေး တစ်ပြားမှ မရပါဘူး! သူတို့က OT စာရွက်ပေါ်မှာ ကျွန်မတို့ လက်မှတ်မပါဘဲ သူတို့ဘာသာ ထိုးပါတယ်။ အထည်တွေ "ပဲကျလို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ အလကား အတင်း ဆင်းခိုင်းတာပါ။ ထမင်းစားချိန် ၁ နာရီကိုတောင် အပြည့်အဝ မနားရဘဲ အလုပ်မပြီးလို့ဆိုပြီး လုပ်ခိုင်းပါတယ်။
 
ကျွန်မတို့ တောင်းဆိုချင်တာက...
သူဌေးတို့၊ ဆရာတို့က စိတ်ကောင်းရှိသူတွေမှန်း သိလို့ WCCနဲ့ စကားပြန်ကို တိုင်ကြားပါတယ်။ ဘာမှ ထိရောက်မှုမရှိလို့ အခုလို တိုက်ရိုက် ရင်ဖွင့်ရတာပါ။
 
၁။ စူပါ ဒေါ်သက်သက်ခိုင် မတရား ဖြတ်တောက်၊ ကောက်ခံ၊ ချေးခိုင်းထားတဲ့ လစာငွေအားလုံး ကို အပြည့်အဝ ပြန်လည်ရရှိဖို့ ကူညီပေးပါ။
၂။ လူသားဆန်မှု မရှိတဲ့၊ ကျွန်မတို့ အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီး ဆဲဆို ခြိမ်းခြောက်နေတဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူပေးပါ။
၃။ OT အလကား ဆင်းခိုင်းတာ၊ ထမင်းစားချိန် အပြည့်အဝ မနားရတာတွေကို ချက်ချင်း ရပ်တန့်ပြီး ဥပဒေနဲ့အညီ OT ကြေးကို မှန်မှန်ကန်ကန် ပေးချေပေးပါရန်။
 
ကျွန်မတို့မှာ အလုပ်လက်မဲ့ ဖြစ်မှာကို ကြောက်လို့ ရွာမပြန်ရဲဘဲ ဒီစူပါကို နှစ်နဲ့ချီပြီး ခံနေရတာပါ။ ဒီလို မတရားမှုတွေကနေ ကယ်တင်ပေးပါလို့ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်။
လေးစားစွာဖြင့်
 
လက်ချုပ်ဌာန အလုပ်သမားများ
Sunkid Myanmar အရုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၁၊ စက်မှုလမ်းသွယ် ၁၀ လမ်း မှာ ရှိပြီး အလုပ်သမား ၄၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ အရုပ်စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026