NEWS

Sunday ကော်ဖီစက်ရုံအလုပ်သမားတွေ အလုပ်ရှင်ပေးရမဲ့ လူမှုဖူလုံရေးပါ ပေးဆောင်နေရတယ်လို့ ဆို

CoverLogo
1.2K Views

( Sunday ,Rich ,Grand Palace, Shalala  )စတဲ့ အမှတ်တံဆိပ်ကော်ဖီတွေ ထုတ်လုပ်တဲ့ EVER SUNNY INDUSTRIAL COMPANY LTD စက်မှု လုပ်ငန်းဆိုင်ရာ ရုံခွဲ Guiding Star Group Company Limited စားသောက်ကုန်စက်ရုံမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးခံစားခွင့်အတွက် ပေးချေရတဲ့ ထည့်ဝင်ကြေးတွေကို အလုပ်ရှင်ဘက်က ပေးချေမှုမရှိဘဲ အလုပ်သမားတွေထံက ဖြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ချင်းတွင်းလမ်းမှာရှိတဲ့ အဆိုပါစက်ရုံမှာအလုပ်သမား ၃၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အခုလို လူမှုဖူလုံရေးကြေးတွေဖြတ်တောက်ခံနေရတာလို့ FGWM အဖွဲ့က ဖော်ပြထားပါတယ်။

ပုဂ္ဂလိက အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေအတွက် အလုပ်သမားက ၂ ရာခိုင်နှုန်း အလုပ်ရှင်က ၃ ရာခိုင်နှုန်း ထည့်ဝင်ပေးရမယ်လို့ လူမှုဖူလုံရေး ဥပဒေမှာဖော်ပြထားပါတယ်။

“ဖူလုံရေးကြေးဖြတ်တာက အလုပ်သမားပေးရမဲ့  ပိုက်ဆံရော အလုပ်ရှင်ကပေးရမယ် ပိုက်ဆံကို ကျွန်မ အလုပ်သမားတွေက သွင်းပေးနေရပါတယ် လစာထဲမှ အလုပ်သမား (၂) ရာခိုင်နှုန်း ၂၈၈၀ ကျပ်နဲ့ အလုပ်ရှင် (၃)ရာခိုင်နှုန်း ၄၃၂၀ ကျပ် ကျွန်မတို့ အဖြတ်ခံနေရပါတယ်”လို့ ဖော်ပြချက်မှာပါရှိပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ရက်စွဲနဲ့ စက်ရုံဘက်က ဖြေရှင်းချက်မှာတော့ စက်ရုံမှာအလုပ်သမား ၁၈၀ သာရှိပြီး အလုပ်ရှင်ပေးရမဲ့ လူမှုဖူလုံရေးကြေးရော အလုပ်သမားပေးချေရမဲ့လူမှုဖူလုံရေးကြေးပါ စက်ရုံဘက်က ပေးချေထားတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ စက်ရုံဘက်က ဖော်ပြထားတဲ့ လုပ်သမား အင်အားက ၁၈၀ သာရှိပြီး အဲ့ဒီအလုပ်သမားတွေကတော့ လုပ်အားခ တစ်ရက်ကို ၄၈၀၀ နှုန်းထားတဲ့ တစ်လကို ၂ သိန်းကျော် ရရှိနေတယ်လို့ လည်းဖော်ပြထားတာတွေ့ရပါတယ်။

FGWM ကို တိုင်ကြားထားတဲ့ အလုပ်သမားတွေရဲ့ ပြောဆိုချက်တွေအရ လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို ခွင့်မပေးတာ လုပ်ငန်းခွင်အတွင်းထိခိုက်မှုဖြစ်ပွားပါကလည်း တာဝန်ယူမှုမရှိတာ အလုပ်သမားတွေကို နေ့စား လရှင်း ခေါင်းစဉ်တပ်ခိုင်းစေပြီး အလုပ်သမားခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့် ဆေးခွင့် မီးဖွားခွင့် ရက်မှန်ကြေး ကျွမ်းကျင်ကြေး စတဲ့ခံစားခွင့်တွေလည်း မရရှိဘူးလို့ အလုပ်သမားတွေထံက သိရတယ်လို့ ဆိုပါတယ်။

စက်ရုံတွင်း အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထဲက အချို့မှာ အေဂျင်စီကနေ တဆင့်ခံအလုပ်လုပ်နေရတာဖြစ်ပြီး လုပ်ခလစာအပြည့်အဝမရရှိသလို လစဉ်အလုပ်သွင်းပေးတဲ့ အေဂျင်စီကို ပေးဖို့အတွက် လည်းဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

အဆိုပါ အေဂျင်စီကတဆင့် အလုပ်လုပ်ကိုင်ရတဲ့အလုပ်သမားက အလုပ်သမားအခွင့်အရေး များခံစားခွင့်မရှိဘဲ အေဂျင်စီထံက အလုပ်ရှင်က လုပ်သားငှားရမ်းတဲ့ပုံစံနဲ့ အလုပ်လုပ်ကိုင်နေရတာလို့ သိရပါတယ်။

အခုလို ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးခံစားခွင့်များဆုံးရှုံးနေရသလို အခကြေးတွေမတန်တဆဖြတ်တောက်ခံရတာတွေကို တာဝန်ရှိသူတွေဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026