NEWS

Sudey အထည်ချုပ် လုပ်ခလစာ အပေါ် အကျိုးအမြတ်ယူ၊ HR ဌာနက မောက်မာစွာ ခွဲခြားဆက်ဆံ

CoverLogo
514 Views
 
ပဲခူးမြို့၊ Sudey စက်ရုံမှာ လစာ ထုတ်ရတဲ့ အခက်အခဲတွေကို အသိပေးတာပါ။
 
သမီးတို့ အလုပ်သမားတွေ အလုပ်ထွက်ပြီး လစာထုတ်ရင် အဆင်မပြေ ပါဘူး။ သမီးတဦးတည်း ခက်ခဲတာမဟုတ်ပါဘူး။ ၁၀ ရက်နေ့မှာ လစာမထုတ်နိုင်တဲ့သူတွေတိုင်း အခုလိုခက်ခဲတာပါ။ သမီးကအကြောင်းတစ်ခုကြောင့် suday စက်ရုံကနေ အလုပ်ထွက်ရပါတယ်။
 
လစာထုတ်တဲ့ အလုပ်သမားတွေ ကိုယ်တိုင် မထုတ်နိုင်ရင် မိသားစုအိမ်ထောင်စု ဇယား၊ မှတ်ပုံတင်နဲ့ ရက်ကွက် လူကြီးထောက်ခံယူသွားရပါတယ်။
 
အိမ်ထောင်စုဇယားထဲမှာမပါတဲ့ ညီအစ်ကိုမောင်နှမတွေဆိုရင် နောက်ထပ် ထောက်ခံစာကို တစ်ယောက်တစ်ခုစီ လုပ်ပေးရတယ်။
 
ညီမ အခု ၁၀ရက်မှာ အိမ်တောင်စုဝင် တယောက်ကို ကိုယ်စား ထုတ်ဖို့ လွှတ်လိုက်တာပါ။ အဲ့မှာ ထုတ်မရခဲ့ပါဘူး။
ထွတ်စာမတင်ခဲ့လို ၊ လွှဲစာ မပါ လို့ ဆိုပြီး မပေးခဲ့ပါဘူး။
 
အရင်က ကိုယ်စားထုတ်လိုရှိရင် အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ထုတ်ပေးသူရဲ့မှတ်ပုံတင် ထောက်ခံစာနဲ့ ရပါတယ်။
တခြား စက်ရုံတွေမှာ ကိုယ်စားထုတ်လို့ ရပါတယ်။ လွှဲစာလည်း မတောင်းပါဘူး၊ ဘာမှ မလိုတာပါ။ အကြောင်းမကြားဘဲ အလုပ်ထွတ်လည်း အဲ့လို မခက်ခဲပါဘူး။
 
သမီးတို့မှာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နဲ့ ထောက်ခံစာပါ အကုန်ပါပါတယ်။ လွှဲစာမပါလို့ ထုတ်မပေးပါဘူးတဲ့။
စက်ရုံမှာ ဖိအားပေးခိုင်းပြီး ဆဲလို့ တလတလ အလုပ်ထွက်တဲ့သူ ရာနဲ့ ချီပါတယ်။ လစာဆို သိန်းထောင် ဂဏန်းတောင် ရှိနေမှာပါ။
 
တချို အလုပ်သမားတွေကြတော့ စကားတွေမပြောချင်လို့ လစာမထုတ်ကြတော့ပါဘူး။ လစာ မထုတ်တာ ၃ လ ကျော်ရင်လည်း အဲ့လစာ မပေးတော့ပါဘူး။ စက်ရုံက အလုပ်သမား လုပ်ခလစာကို အကျိုးအမြတ်ရအောင် ယူနေတာနဲ့ တာပါ။
 
HR ဌာနကို ကြိုပို့ကားကိစ္စ လစာထုတ်တာ ခက်ခဲတာတွေကို တင်ပြဖူးပါတယ်။ ဘာမှ လုပ်ပေး ဖြေရှင်းတာ မရှိခဲ့တာပါ။
HR ဌာနက အလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ အကြောင်းပြောပြပါ့မယ်။ ကြိုပို့ယာဉ်တွေမှာ ပုံသေထိုင်ခုံနေရာမယူရဘူးလို စည်းကမ်းထုတ်ထားပါတယ်။
 
HR ဌာနက ကားစီစဉ်တဲ့ တယောက်ကတော့ သူပုံမှန် ထိုင်လိုက်တဲ့ နေရာဆိုပြီး ဖယ်ခိုင်းပါတယ်။ မနက်ပိုင်း ကြိုတဲ့ အချိန်မှာ ကောင်မလေးတစ်ယောက်က သူမလာဘူးထင်လို့ သူထိုင်နေကျနေရာမှာ ထိုင်လိုက်ပါတယ်။
အဲ့တာကို သူက ဖယ်ခိုင်းပါတယ်။
 
ထိုင်နေတဲ့ အလုပ်သမားကလည်း နေရာဦးထားတာ မဟုတ်လို့ မဖယ်ပါဘူး။ သူလည်း အလုပ်သမား၊ ကိုယ်လည်း အလုပ်သမားပါ။
 
HR ဌာနက အလုပ်သမားက ကားသမားကို ပြောပါတယ်။ “ဒါသူ့နေရာ၊ ဘယ်သူ့မှပေးမထိုင်နဲ့။ သူစီးနေတဲ့ ဂိတ်ကနေလည်း လာမစီးကြနဲ့လို့” ပြောခဲ့ပါတယ်။
 
ကားစီးတဲ့အခါ HR ဌာနက အလုပ်သမားတွေကို နေရာပေးရမယ်၊ ညီမတို့ ထိုင်နေရင်တောင် အသိစိတ်နဲ့ နေရာဖယ်ပေးမယ်လို့ ပြောပါတယ်။ တရားဝင်မကြေညာထားတော့ မသိလို့ လို့ ပြောရင်တောင် မကျေနပ်ရင် ကြိုက်တဲ့သူခေါ်လာခဲ့၊ ဂရုမစိုက်ဘူး။ တစ်ရုံလုံးတတ်ပြီး လာပြောလည်း ဂရုမစိုက်ဘူးလို့ HR မန်နေဂျာ အကြီးဆုံးက ပြောလိုက်ပါတယ်။ အဲ့လောက် မောက်မာတာပါ။
 
B ရုံလိုင်း ၁၉ က အလုပ်သမား အမျိုးသမီး မနက်ကတည်းက ဗိုက်အောင့်လို့ ဂိတ်ပတ်တောင်းပါတယ်။ ညန ၃ နာရီအထိ မပေးခဲ့ပါဘူး။ ညနေ ၃ နာရီ အထိ မရခဲ့ပါဘူး။ သူ့အိမ်က လာခေါ်မှ ပေးပြန်ပါတယ်။ အဲဒီအတွက် အဲ အလုပ်သမားမှာ ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်ရတဲ့ အလုပ်သမားက လုပ်သက် ၂ လ ပဲ ရှိလို့ အလုပ်ထုတ်ပါတယ်။
 
အိမ်သာမှာ အလုပ်သမား အမျိုးသမီးတယောက် ချော်လဲလို့ ခြေထောက် ၈ချက် ချုပ်ရပါတယ်။ အဲအလုပ်သမားကို အနားမပေးပါဘူး။ ဆင်းလိုရရင် ဆင်းဆို ပြီး ဖိအား ဆင်းခိုင်းပါတယ်။
 
Bရုံက QC အလုပ်သမား လုပ်ငန်းခွင်ထဲမှာပဲ ခြေထောက်ထိမိပါတယ်။ ဆေးခန်းလိုက်ပြပေးပါတယ်။ ယာဉ်မောင်းနဲ့ HRကတာဝန်ရှိသူကတော့ “နင်တို့ ဖြစ်တာအရေးမကြီးဘူး၊ ငါတို့ အလုပ်ရှုပ်တယ်၊ ပိုက်ဆံကုန်တယ်လို့” ပြောခဲ့ပါတယ်။
အစာအိမ်ပေါက်လို့ သေဆုံးခဲ့တဲ့ အလုပ်သမားကိုလည်း အလုပ်ဝင်တာ မကြာသေးတဲ့ လူသစ်ဆိုပြီး ဘာမှတာဝန်ယူ မပေးပါဘူး။
 
ခေါင်းဆောင်တွေကပဲ လိုင်းထဲက အလုပ်သမားတွေဆီက စေတနာရှိသလောက် လိုက်ကောက်ပြီး ကူညီခဲ့ရပါတယ်။
ဒါတွေက စက်ရုံမှာ ဖြစ်နေတဲ့ ကိစ္စတွေပါ။ ကျေးဇူးပြုပြီး သက်ဆိုင်ရာကို အကြောင်းကြားပေး စေချင်ပါတယ်။
 
လေးစားစွာဖြင့်
အလုပ်သမားများ

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026