NEWS

Sudey Industrial Myanmar CO, LTD  မှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.2K Views

ပဲခူးတိုင်း ကလေးကျေးရွာ ကလိကွင်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Sudey Industrial Myanmar CO,LTD   အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်မရှိဘဲ ရက်ပျက်ပါက ဂရိတ်များလျော့ချသတ်မှတ်ခံရပြီး ရှောင်တခင်ခွင့်ဆေးခွင့်စတာတွေရရှိခြင်းမရှိဘဲ နေမကောင်းရက်ပျက်ပါက ကျွမ်းကျင်ကြေးလျှော့ချခံရပြီး  ရက်မှန်ကြေး နှင့်ဒေးကြေး ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုဖြစ်ပေါ်နေတယ်လို့ အလုပ်သမားက ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ ကိုရီးယားအထည်များ ဘောင်ဘီ၊ အင်္ကျီ၊ ကလေးဝတ်၊ လူကြီဝတ်များ ချုပ်လုပ်တာဖြစ်ပြီး အလုပ်သမားအင်အား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ လည်း အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်ချိန်ကို နံနက် ၇ နာရီ ၁၅ မိနစ်မှ ည ၇ နာရီထိသတ်မှတ်ထားပြီး နံနက် ၇ နာရီကတည်းက စတင်လုပ်ကိုင်နေရတာလို့ အလုပ်သမားကပြောပါတယ်။ 

ဒါ့အပြင် ထမင်းစားနားချိန် မိနစ်က ၃၀ သတ်မှတ်ထားပေမဲ့ မနားရဘဲ ထမင်းမစားရတဲ့ ရက်တွေရှိတယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်တောင်းခံထားပြီး စံချိန်မပြည့်မီပါက ထမင်းမစားရဘဲ ပြည့်မီအောင်ချုပ်လုပ်ပေးနေရတာလို့ အလုပ်သမားတွေကပြောပါတယ်၊ အလုပ်သမားတွေကို တစ်နာရီလျင် အထည် ၅၀ ထိတောင်းတာမျိုးတွေလည်းရှိပြီး ခွဲခြားဆက်ဆံတာတွေလည်းရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

" လူ(၅)ဦးပွိုင့်ချင်း အတူတူချုပ်နေ ပေမဲ့ စူပါ၊ အောစူပါနဲ့ အဆင်ပြေတဲ့လူဆို စံချိန်လျော့ပြီးတောင်းတယ် အဆင်မပြေတဲ့ အလုပ်သမားဆိုရင်တော့ စံချိန်ကို ၅၀အထိတောင်းတယ် အဲ့လိုတောင်းတဲ့အတွက်ကြောင့်လည်း ထမင်းမစားဘဲ ချုပ်ရလို့ ထမင်းငတ်တဲ့နေ့တွေလည်းရှိတယ် ခွဲခြားဆက်ဆံတာလည်း ခံရတယ်"လို့ လုပ်ငန်းခွင်ထဲက အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေ ခန့်ထားပြီး  တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ နံနက် (၇း၁၅)မိနစ်မှ နောက်နေ့ နံနက် (၄)နာရီအထိ အချိန်ပိုအိုတီခေါ်ကာ ခိုင်းစေပြီး နောက်နေ့တွင်လည်း  အလုပ်ပြန်ဝင်ခိုင်ပြီး အလုပ်ဆင်းခိုင်းခြင်း၊နံနက် (၄)နာရီအထိ မနားမနေဆင်းခိုင်းခြင်း တို့ကြောင့် ၊ တစ်ချို့အလုပ်သမားများမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် နောက်နေ့မဆင်းနိုင်ပါက "အလုပ်ကိုမလာနဲ့တော့"ဟု ပြောပြီး အလုပ်မှထုတ်ပယ်လိုက်တာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ 

ထို့သို့ထုတ်ပယ်လိုက်သော အလုပ်သမားများကို အလုပ်ဆင်းထားသော လုပ်အားခလည်း မရှင်းပေးဘဲ  ဥပဒေမဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

အလုပ်သမားတွေချုပ်လုပ်တဲ့ စက်ခုံမှာ ပေါ်တဲ့  စံချိန်သတ်မှတ်ချက်တွေကိုကြည့်ပြီး ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ အောစူပါတွေ ဆဲဆိုတာ ရိုင်းစိုင်းစွာပြောဆိုတာတွေ လုပ်ပြီး ဂုဏ်သိက္ခာမဲ့ပြီး  အရှက်ရအောင် ပြုလုပ်နေတာတွေလည်း ခံစားနေရတယ်လို့ အလုပ်သမားကပြောပါတယ်။  

အလုပ်သမားများကို ဂရိတ်ကြေးအနေနဲ့  A (၃၀၀၀၀)၊ B (၂၀၀၀၀)၊ C (၁၈၀၀၀) ကျပ်ကို ကျွမ်းကျင်ကြေးပေးထားပြီး  စက်လိုင်းတစ်လိုင်းလျင်  ကျွမ်းကျင်ကြေးကို နှစ်ယောက်လောက်သာ ရရှိကာ ၎င်းကျွမ်းကျင်ကြေးကို တကယ်ကျွမ်းကျင်သော အလုပ်သမားများကမရရှိဘဲ ကြီးကြပ်သူတွေနဲ့  အဆင်ပြေသော အလုပ်သမားကရရှိနေတာတွေလည်း ရှိနေပြီး  အခုလို ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026