NEWS

Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်

CoverLogo
443 Views
 
ညီမက Sudey အထည်ချုပ်စက်ရုံကပါ။
လုပ်ငန်းခွင်မှာ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မူတွေ ၊ ကိုယ်ပိုင်းဆိုင်ရာနှောင့်ယှက်မူတွေ များစွာ ခံနေရပါတယ်။
စက်ရုံမှာ WCC အလုပ်သမား အဖွဲအစည်းလည်း ရှိပါတယ်။ အဖွဲ့ရဲ့ အလုပ်သမားခေါင်းဆောင်လည်း ရှိပါတယ်။ ဒါပေမယ့် အလုပ်သမား အခက်ခဲတွေကို တင်ပြလို့ မရပါဘူး။ သူတို့တွေက ပုလင်းတူ ဗူးစို့ အတူတူပါပဲ။
 
ညီမတို့ဆိုရင် ပွိုင် တခုပဲ ချုပ်ရတာမဟုတ်ဘူး။ လိုင်း ၃လိုင်းလုံး လှည်ချုပ်ခိုင်းလို့ ချုပ်ရပါတယ်။ ညီမတို့ လိုင်းက ပွိုင့်လည်း စံချိန်ပေးရတယ်၊ တခြားလိုင်းအတွက်လည်း စံချိန်ပြည့်အောင် ပြေးချုပ်ပေးရတာ ။
 
ဒီလို ချုပ်နေရလို့လည်း ညီမတို့ကို ကျွမ်းကျင်ကြေး မပေးပါဘူး။ ခေါင်းဆောင်တွေနဲ့ အဆင်ပြေတဲ့သူ တစ်ပွိင့်တည်း ချုပ်တာတောင် A grade ရတယ်။ လိုင်းထဲမှာ -ာသည်မတွေလို့ ဆဲတယ်။
 
တရုံလုံးမှာ ငါက အမိုက်ရိုင်းဆုံး၊ ကြိုက်တဲ့နေရာသွားတိုင် ၊ ငါလုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ် ပြောပြီး meeting ခေါ်ပြီး အဆဲခံရတယ်။ အနိုမ်ခံရတယ် ။ လိုင်းစူပါထွက်သွားအောင် ဖိအားပေးတာလဲ all super ယုဝါထွေးပါပဲ။ လိုင်းသားအချင်းချင်း အမြင်လွဲအောင် gradeတွေ ဘက်လိုက် ပေးတာလဲ ဒီ all superပါပဲ။
 
ဒီအကြောင်းတွေကို လိုင်းသားတွေစုပြီး စက်ရုံ အကြုံပြု စာ ထည့်ပါတယ်။ ဘာမှမထူးပါဘူး။ WCC ခေါင်းဆောင်ကိုလည်း တင်ပြဖို့ အလုပ်သမားခေါင်းဆောင်ကိုယ်တိုင်က အောစူပါနဲ့အတူတူ 2D ,3D ထိုးဖော်၊ ထိုးဖက် မို့ ပြောမရပါဘူး။
ညီမတို့မှာ လုပ်သလောက် ခံစားခွင့်မရ ပါဘူး။
 
အလုပ်သမားက နည်းနည်းလေး ပြန်ရှင်းပြတာနဲ့ အောစူပါက သူ့ကိုပြန်ပြောပါတယ်ဆိုပြီး ဆဲတော့တာပဲ ။ ခေါင်းခေါက် ပါတယ်။ သူသဘောကျတဲ့သူဆို ပွိင့်သေးသေးလေး ချုပ်ရင်တောင် Grade A ပါ ။ ကျန်တဲ့ အလုပ်သမားကတော့ ပွိင့်ဘယ်လေက်ပဲပြေးချုပ်ချုပ် သူ့စကားနားမထောင်လိုဆိုတဲ့အကြောင်းပြချက်နဲ့ Grade မရပါဘူး။ ပင်ပင်ပန်းပန်းလုပ်ထားသမျှ အလကားပါ။
 
အလုပ်သမားတွေနဲ့ အစည်းအဝေးလုပ်တိုင်း အောစူပါ အမြဲပြောပါတယ်။ သူ့ကို ကြိုက်တဲ့နေရာသွားတိုင် ၊
သူ့အဆင့်အတန်းကို အလုပ်သမားတွေက မနာလို လို့ ခုန်ကိုက်လဲ မောမယ်” ဆိုပြီး ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။
ညီမတို့ အလုပ်သမားတွေမှာ စက်ရုံလည်း ပြောမရ ၊ WCC အလုပ်သမားခေါင်းဆောင် လည်း တိုင်မရနဲ့ ၊ အနှိမ်ခံတွေ ပါပဲ ရှင့် ။
 
လုပ်ငန်းခွင် ပြသနာ ဖြေရှင်းပုံအဆင့်ဆင့် ဆိုတာကို စက်ရုံကတော့ နေ့တိုင်း ဘောက်နဲ့ဖွင့်ပေးတယ် ။ ပြီးတော့ ဘာမှမထူးပါဘူး။ အုပ်ရေးချုပ်တွေ အချုင်းချင်း ပဲကာကွယ်နေတာပါ ။
 
Sudey အခည်ချုပ်စကရုံက အမှတ်(၆၄၉)၊ ဦးပိုင်ကွင်းအမှတ်(၁၀/၁+၁၁/၄) ကလိကျေးရွာ၊ ရှမ်းရွာကြီးလမ်းထိပ်မှာပါ။
ညီမတို့ ခံစားနေရတဲ့ အခက်ခဲကို ကူညီပေးနော်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026