NEWS

Str‌aightex Co.Ltd စက်ရုံ တနင်္ဂနွေနေ့ ရက်အစား ခြိမ်းခြောက် ဆင်းခိုင်း

CoverLogo
500 Views

Str‌aightex Co.Ltd စက်ရုံမှာ ရက်သတ္တပတ် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ကို ရက်အစားအနေနဲ့ ခေါ်ယူ ခိုင်းစေနေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီလို ရက်သတ္တပတ် အလုပ်ပိတ်ရက်ခိုင်းစေတာက အလုပ်သမားတွေရဲ့ ဆန္ဒ မပါဘဲ ခြိမ်းခြောက် ခိုင်းစေတာလို့လည်း ပြောပါတယ်။ 

 

"အခု ၃လပိုင်း(မတ်လ) ၂ရက်နက တနင်္ဂနွေပိတ်ရက်။အဲ့ဒါ မပိတ်ဘဲ စနေ တနင်္ဂနွေ ၂ရက်ဆက်တိုက် ပိတ်မှာမို့၊ အခုတနင်္ဂနွေ ၂၃(ဖေဖေါ်ဝါရီ) ရက်နေ့ ကို ရက်စားဆင်းပေးရမယ် ဆိုပြီး ပြောတယ်။  အလုပ်သမားတွေ သဘော တူလား မမေးဘူး။ သူတိုဆင်းခိုင်းတဲ့ အတိုင်းဆင်းရမယ်၊ မဆင်းချင် ရက်မှန်ကြေး ဖြတ်မယ် ဆိုပြီး ပြောတယ်။  ငြင်းပိုင်ခွင့် မရှိဘူး၊ ညှိနှိင်း မှုလည်း မရှိဘူး။ သူတိုခိုင်းတဲ့အတိုင်း လုပ်ရမယ်ဆိုပြီး ဖိအားပေးတယ် ။  "လို စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။  

 

စက်ရုံက ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းမှာ ရှိပြီး လုပ်သား ၈၀၀ ဝန်းကျင် လုပ်ကိုင် နေတယ်လို့ သိရပါတယ်။ အချိန်ပို အောလင်းအောနိုက် အလွန်အကျွံ ခိုင်းစေတာတွေကြောင့် စက်ရုံကို မြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူတွေ လာရောက်စစ်ဆေးထား ပြီးနောက် အခုလို တနင်္ဂနွေနေ့တွေမှာ လုပ်ကိုင် ခိုင်းတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ကြိုပို့ယာဉ်တွေ အချိန်မမှန်တာကြောင့် အလုပ်သမားတွေ နောက်ကျရတာကို စက်ရုံကြီးကြပ်ရေမှူးတွေက ခြိမ်းခြောက်ပြောဆိုတယ်လို့ ပြောပါတယ်။

 

"မနက်ပိုင်း ခေါင်းဆောင်တွေက မီတင် (meeting)လုပ်တယ်။ မီတင်ကို အမီလာ၊ မလာနိုင်ရင် ပြောဆိုတယ်။ ဖယ်ရီ ကားကြောင့်နောက်ကျရင် မနက်စာ မစားရဘူး။ မီတင် မီအောင်လာရတယ်။ အလုပ်ချိန်က ၈နာရီ၊ မီတင် လုပ်တာက ၈နာရီ ထိုးဖို ၁၀မိနစ်အလိုမှာ လုပ်တာ။ ဖယ်ရီက လာကြိုချင်တဲ့ ချိန် ကြိုတာ။ မနက်စာကို အိမ်က စားလာဖို့က ဘယ်လိုမှ အဆင်မပြေဘူး။ စက်ရုံရောက်မှ စားရတာ။ ဒါကို မီတင် အမီတက်ရမယ်ဆိုပြီး ပြောတယ် ။ ပြန်ချိန် ဖယ်ရီ ရောက်မလာရင်လည်း မန်နေဂျာက လှည့် မကြည့်ဘူး။ သူနဲ့ မဆိုင်သလို ပြန်သွားတယ် ။ အလုပ်သမားတွေ စက်ရုံ ရှေ့ထားခဲ့တာ။ အလုပ်ပြန်ချိန် ည ၆နာရီ ခွဲ၊ ဖယ်ရီ နောက်ကျရင် ည ၇နာရီမှ ပြန်ရ တယ်။ ဖယ်ရီ နောက်ကျတာက စက်ရုံပစ္စည်းတွေ သယ်နေလို့၊ နောက်တစီး စီစဥ် မပေးဘူး။”လို့ အလုပ်သမားတွေက  ပြောပါတယ်။ 

 

လုပ်ငန်းခွင်အတွင်း အထည်ချုပ်စက် အပ်ကျိုးခဲ့ရင် လုပ်ခလစာ ဖြတ်မယ်ဆိုပြီး ကြီးကြပ်ရေးမှူးတွေက ပြောဆို သလို အထည်စံချိန်မပြည့်လည်း အော်ဟစ်ဆဲဆိုတယ်လို့ ပြောပါတယ်။ 

 

အလုပ်သမားတွေရဲ့လစာ အစွန်းထွက်ကို လိုင်းခေါင်းဆောင်တွေက ဖြတ်ယူပြီး ဆေးဝယ်မယ်လို့ ပြောဆိုပေမဲ့ ဝယ်ယူပေးမျိုးမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။စက်ရုံမှာ ဆေးပေးခန်းမရှိသလို ဆေးအမျိုးအစား စုံစုံလင်လင် ထားမပေးလို့ ပြင်ပကနေ ဆေးတချို့ ကိုယ်တိုင် ဝယ်ယူရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

Str‌aightex  Co.Ltd စက်ရုံကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ဖွင့်လှစ်ထားပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်(EC) ချုပ်ဆိုပေးတာ မရှိဘူးလို့ သိရပါတယ်။  စက်ရုံကတော့ Everlast, Slazenger ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ် ။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026