NEWS

Smooth World  အထည်ချုပ် မန်နေဂျာအပါအဝင် ကြီးကြပ်ရေးမှူးများ ဆဲဆို ခိုင်းစေနေ

CoverLogo
723 Views

#ပေးစာ

ညီမက ပဲခူးတိုင်းထဲက စက်ရုံကပါ ။ အကူအညီပေးလို့ရ မလား၊ တောင်းဆိုပါတယ်ရှင့် ။ 

တောင်သုံးလုံးက Smooth World (Smooth World International (Myanmar) Limited ) အထည်ချုပ် စက်ရုံမှာ ညီမတို့ အလုပ်လုပ်ပါတယ် ။ စက်ရုံက ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ၊ သာယာကုန်း၊ တောင်သုံးလုံးလမ်းမှာပါ  ။   တရုတ်နိုင်ငံသား ပိုင်ပါတယ်။ လုပ်သားက ၃၀၀ ဝန်းကျင် ရှိတယ်။  ချုပ်နေတဲ့ အထည်တွေက အတွင်းခံတွေ၊ ရေကူးဘောင်းဘီတွေ ပါ။ 

ညီမတို့ စက်ရုံမှာ အချိန်ပိုတွေ လုပ်ခမပေးဘဲ အလကားခေါ်ခိုင်း လို့ပါ ။ ည ၈ ခွဲထိလုပ်တဲ့ အချိန်ပိုလုပ်ခပဲ ရတယ်။ ကျန်တဲ့ အချိန်ကို စက်ရုံက ပဲပြင်ဖို့ဆိုပြီး နေခဲ့ရပါတယ်။ အဲဒီလို ဆက်ဆင်းရလို့ လုပ်ခမပေးပါဘူး။ ပိတ်ရက်ဆို အထည်မနိုင်တဲ့ ဌာနတွေက အလုပ်ဆင်းပေးရပြီး အချိန်ပိုခမရဘဲ ချုပ်ပေးရတယ်။

ညီမတို့ စက်ရုံမှာ A ရုံ နဲ့ B  ရုံ  ဆိုပြီး နှစ်ရုံ ရှိတယ်။ Aရုံမှာ အောစူပါ တယောက် ၊ B ရုံမှာအောစူပါ တယောက်။

တလိုင်းကို လီတာ တယောက် ၊ လေးလိုင်းကို စူပါ တယောက်  ခန့်ထားပါ။  A ရုံမှာ စက်တန်း ကိုးတန်း၊ B ရုံမှာ စက်တန်း ခုနှစ်တန်းပါ ။  

စက်ရုံက ၂ထပ် အသေးလေးပါ။ အောက်ထပ်မှာတော့ ကပ်တင်းနဲ့ ဂိုဒေါင်ပါ။ အပေါ်ကမှ  စက်တန်းတွေပါ ။ 

စက်ရုံက မန်နေဂျာနဲ့ အောစူပါတွေက  အရမ်းဆဲပါတယ်။ စူပါလည်း ဆဲပါတယ်။

အမျိုးသမီး မန်နေဂျာကတော့ အဆိုးဆုံးပါ ။ ေ-တွေ ၊ -ာတွေ ၊ သူ့ ခန္ဓာကိုယ်နဲ့  နှိုင်းဆဲတာပါ။ ထပ်နေအောင် ပြော ဆဲတာပါ။ 

WCC လည်း ရှိပါတယ် ။ အလုပ်သမားကိုယ်စားလှယ်က စက်တန်း လီတာပါ ။ အလုပ်သမားတွေက သူကို့ ဘာမှာ ပြောပြလို့ မရပါဘူး။ သူကိုလည်း စက်ရုံဘက်က ပြန်ခန့်ထားတာပါ ။ သူလည်း အရမ်း ဆဲပါတယ် ။ 

အောစူပါတွေနဲ့ မန်နေဂျာက နေ့စားတွေရဲ့ လုပ်ခလစာကို ဖြတ်ယူပါတယ်။ 
 
စက်ရုံက ၆၈၀၀ ပေးထားလည်း သူတို့က ၅၈၀၀ နဲ့ပဲ ရှင်းပေးပါတယ်။ 

သူတို့ကိုပြောရင် အစည်းအဝေး လုပ်ပြီး ဆဲပါတယ်။ စံချိန်မရရင်လည်း ဆဲတယ် ။ပဲထည် ကျရင်လည်း ဆဲပါတယ်။  

အလုပ်သမားတွေကို နေ့စားတွေပဲ ခေါ်ပါတယ်။ လူသစ်တွေဆိုတော့ မမြဲကြဘူး ။ ပဲထည်တွေ အကျ များ ပါတယ်။ နေ့စားတွေလည်း ဝင်လိုက်ထွက်လိုက်နဲ့ မမြဲပါဘူး ။

အောစူပါတွေနဲ့ မန်နေဂျာက လူစာရင်းတွေ ပိုတင်တယ်လို့ ပြောကြပါတယ်။ သူတို့ ပြောတဲ့အတိုင်း လူဦးရေအတိုင်းတရုတ်ပိုင်ရှင်တွေက စံချိန်တွေ တောင်းပါတယ်။ အလုပ်သမား ရှိတယ်ထင်ပြီး အထည်တွေ တောင်းတာပါ။ 

အော်ဒါတွေ အရေးကြီးတယ်ဆိုပြီး အထည်မပြီးမချင်း  လုပ်ခိုင်းတော့တယ်။  

ညီမတို့ကို ကောင်းကောင်းမွန်မွန် ပြောပြီး ခိုင်းရင်တောင် လုပ်ပေးပါတယ်။ အခုက မတရားဆဲနေတာက တရားလွန် လို့ပါ  ။ 

ညီမတို့ နေ့တိုင်း ခံစားနေရလို့ အကူအညီပေးပါ နော်။ 

Photo - Google Map 

 #MyanmarLabourNews


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026