NEWS

Skytex Myanmar နေ့စဉ် ညနက် အချိန်ပိုနှင့် စနေနေ့မှာ အော်လင်း ဆင်းခိုင်း

CoverLogo
741 Views
အားကိုးတကြီး အကူအညီတောင်းချင်ပါတယ် ရှင့်။
 
ကျွန်မက ပဲခူးကပါ ။ စက်ရုံနာမည်က Skytex Myanmar ပါ ။
 
အခုညီမတို့ မတရား ခိုင်းစေခံရပါတယ် ။
 
သက်ဆိုင်ရာကို အသိပေးချင်တာက စက်ရုံက အချိန်ပိုတွေ အရမ်းခေါ်ခိုင်းနေလို့ပါ။ နေ့တိုင်း အချိန်ပို အိုတီ ည၁၂နာရီ အထိဆင်းရပါတယ် ။ တချို့က ည ၇နာရီ မှာ ပြန်ရပါတယ် ။ နေ့တိုင်းည၁၂ နာရီထိဆင်းပြီး မနက်ကို အလုပ်ပြန်ဆင်းရပါတယ်။ ညီမတို့အတွက် အဆင်မပြေတော့ ပါဘူး။ စနေနေ့ဆို အောလင်းထပ် ဆင်းရသေးပါတယ်။
 
အခု အိုတီ နေ့တိုင်းမဆင်းနိုငိတော့တာကို အတင်းအကျပ်ဆင်း ခိုင်းပါတယ်။ မဆင်းရင် နောင်နေ့ အိုတီမပေးပါဘူး။ ပြန်ခိုင်းပါတယ်။ ညီမတို့ နေ့တိုင်း အချိန်ပို လုပ်ပေးတာပါ။ တရက်တလေ နားခွင့်မရဘူးလား ဆိုတာပါ။
 
စက်ရုံမှူးက မတရားခိုင်းပြီး အမြဲအော်ဟစ်ပြောဆိုနေပါတယ်။ အလုပ်ခွင်မှာ နေတိုင်း ငရဲကျသလို စိတ်ညစ်ရပါတယ်။ အခုလည်း အိုတီ မတရားခေါ်ပြီး ခိုင်းတာ အဆင်မပြေလို့ အကူအညီတောင်းပါတယ်။
 
အလုပ်မှာဆို စံချိန်တောင်းတဲ့ အပြင် သန့်ရှင်းရေးကို အချိန်တိုင်း လုပ်ခိုင်းပါတယ်။ အမွှေးပွတွေချုပ်ရတော့ အမြဲပွနေတာပါ။ ဒါကို စက်ရုံမှူးက အတင်းအကျပ် သန့်ရှင်းရေး လုပ်ခိုင်းပါတယ်။ စံချိန်ရဖို့ မထနိုင်အောင် ချုပ်ရပါတယ်။ ဒီလို လုပ်နေရတာကို သန့်ရှင်းရေး လုပ်ခိုင်းတာပါ။ မလုပ်ရင်လည်း ဝမ်တိန်ထိုးခိုင်းပါတယ်။ ကျွမ်းကျင်ကြေးလည်း ဖြတ်ပါတယ်။
 
စက်ရုံက၂နှစ်ကျော်တဲ့အထိ နှစ်ခွင့်မပေးခဲ့လို့ မန်နေဂျာ အသစ်ပြောင်းမှ ဝိုင်းတောင်းလို့ နှစ်ကြေးထုတ်ပေးခဲ့ တာပါ။ အခု အလုပ်သမားတွေကြုံရတာကို မြန်မာမန်နေဂျာက ပြောပေးပါတယ်၊ စက်ရုံမှူး ကလက်မခံလို့ အကူအညီတောင်းတာပါရှင်။
 
ဒီစက်ရုံသတင်းကို လေဘာရုံးတွေလဲ ဂရုစိုက်ဖတ်စေ ချင်ပါတယ်။
စက်ရုံက ကလိတပ်ကလေးကျေးရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့မှာပါ။
ကျေးဇူးတင်ပါတယ် ရှင့်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026