NEWS

Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ

CoverLogo
478 Views
 
စက်ရုံပိုင်ရှင်ကို အသိပေးတာပါရှင့်
ကျွန်မတို့ဟာ လှိုင်သာယာစက်မှုဇုန် ၂၊ Sioen Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ QC အလုပ်သမားတွေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်မတို့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးထားတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်းပါ။
 
ဒီစက်ရုံမှာ အလုပ်လုပ်ရတာကို ကျွန်မတို့ တကယ်ကျေနပ်ပါတယ်။ လစာနဲ့ အခြားအကျိုးခံစားခွင့်တွေကို အချိန်မှန်ပေးတာ၊ စက်ရုံက စည်းကမ်းရှိပြီး အဆင့်အတန်းမြင့်တာတွေကြောင့် ကျွန်မတို့ ဒီမှာ ရေရှည် ဆက်လုပ် သွားချင်ပါတယ်။ အလုပ်ချိန်ကလည်း မနက် ၈ နာရီကနေ ညနေ ၆ ခွဲ အထိပဲ၊ စနေနေ့ဆို ၄ နာရီခွဲ အထိပဲ ဆိုတော့ မိသားစုအတွက်လည်း အချိန်ပိုရတယ်။
 
ဒါပေမဲ့ ကျွန်မတို့မှာ အဆင်မပြေမှုတချို့ရှိနေပါတယ်။ အဲဒါကတော့ QC မန်နေဂျာနဲ့ QC စူပါတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်နေပါတယ်။
 
QC စူပါ ဟာ ကျွန်မတို့ကို အနိုင်ကျင့်ပြီး ခိုင်းပါတယ်။ အပေါ်စီးကနေ ဖိနှိပ်ပြောဆိုတတ်လို့ ကျွန်မတို့ စိတ်ဒဏ်ရာရ ရပါတယ်။ သူက "ငါပြောရင် နင်တို့ကို နှိမ်တယ်ဖြစ်အုံးမယ်" ဒါမှမဟုတ် "နင်တို့တွေက သင်ပေးလည်း တတ်မှာမဟုတ်ဘူး" လိုမျိုး စကားတွေ ပြောတတ်ပါတယ်။
 
ပြီးတော့ ကျွန်မတို့ဟာ B Grade အလုပ်သမားတွေ ဖြစ်ပေမယ့် A Grade အလုပ်သမားတွေ လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တွေကို ခိုင်းစေပါတယ်။ နားလည်အောင်လည်း မသင်ပေးဘဲ "ဒီဟာကို ရအောင်လုပ်၊ မရရအောင်လုပ်" လို့ပဲ ပြောပါတယ်။
 
စက်ရုံစည်းကမ်းနဲ့ မသက်ဆိုင်တဲ့ အင်္ဂလိပ်စာတွေ၊ စာတွေ အများကြီးကို ကျက်ခိုင်းပါတယ်။ ကျွန်မတို့က စက်ရုံကို အထည်လာစစ်တာပါ၊ ကျောင်းလာတက်တာမဟုတ်ပါဘူး။
 
QC စူပါ ဟာ QC မန်နေဂျာ ကို ဟုတ်တာတွေရော၊ မဟုတ်တာတွေရော အကုန်တိုင်ပါတယ်။ မန်နေဂျာကလည်း သူ့စကားတွေကို အကုန်ယုံပြီး ကျွန်မတို့ကို ခဏခဏ ခေါ်ဆူတာ၊ Warning တွေ ပေးတာ လက်မှတ် ထိုးခိုင်းတာမျိုးတွေ လုပ်ရပါတယ်။
 
အပြစ်ပေးတာတွေအပြင် Grade တွေ လျှော့ချတာမျိုးတွေ လုပ်ပါတယ်။ ကျွန်မတို့က B Grade ပဲရတာမို့ အဲဒီ ထက် ထပ်လျှော့ချခံရရင် အရမ်းနစ်နာပါတယ်။
 
ဒီကိစ္စတွေကြောင့် စက်ရုံရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင် မကောင်းမွန်တော့ပါဘူး။ ကျွန်မတို့ ဒီစက်ရုံမှာ ရေရှည် လုပ်ချင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို စက်ရုံပိုင်ရှင် သိပြီး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်၊
 
Sioen Myanmar စက်ရုံမှ QC အလုပ်သမားများ
(Sioen Myanmar အထည်ချုပ်စက်ရုံမှာ လုပ်သား ၁၀၀၀ ဝန်းကျင်ရှိပြီး ရေကာအထည်တွေ ချုပ်နေတာလို့သိရပါတယ်။)

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026