NEWS

Sinoproud TW Garments မှလုပ်သားတစ်ထောင်ကျော် အလုပ်သမားအခွင့်အရေးများဆုံးရှုံးနေတဲ့အပြင် အချိန်ပိုကြေးအပြည့်မရရှိဘဲ သတ်မှတ်အချိန်ပိုထက် ပိုဆင်းနေရ

CoverLogo
2K Views

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ  (၁၄၄)ရပ်ကွက်၊ ရွာသာကြီးအကြီးစားစက်မှုဇုန်၊ Sinoproud TW Garments စက်ရုံရှိ အလုပ်သမား ၁၃၀၀ ဟာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတဲ့အပြင်  အချိန်ပိုကြေးအပြည့်အ၀မရရှိဘဲ  သတ်မှတ်ထားတဲ့အချိန်ထက်မက အချိန်ပိုဆင်းပေးနေရတယ်လို့  Myanmar Labour News သို့ပြောပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ  ဥပေဒပါခံစားခွင့်များဖြစ်ကြသည့် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ခံစားခွင့် မ်ားအား မပေးခြင်း၊ (၂) လုပ်ငန်းခွင်တွင် အလုပ်ရှင်အနေဖြင့် အလုပ်သမားများ မချုပ်လုပ်နိုင်သည့် အထည်စံချိန်များကို ပိုမိုတောင်းခံခြင်းနှင့် အထည်စံချိန်များကို ပြည့်မှီအောင်မချုပ်လုပ်နိုင်ပါက အလုပ်သမားများကို လိုင်းရှိ အော်စူပါ၊ စူပါနှင့် Leader တို့မှ လုပ်ငန်း ခွင်တွင် အော်ဟစ်ဆဲဆို ကြိမ်းမောင်းပြောဆိုဆက်ဆံခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို စီစဉ်ဆောင်ရွက်မှု မပြုလုပ်ပေးခြင်း။ 

အလုပ်သမားများအတွက် သောက်သုံးရေကို လုံလောက်စွာ မစီစဉ်ပေးခြင်းနှင့် သောက်သုံးရေများအား သန့်ရှင်း စင်ကျယ်စွာ မဆောင်ရွက်ပေးခြင်း၊ ရေပူ၊ ရေအေးမထားပေးခြင်း။ - အရေးပေါ်ထွက်ပေါက်အား လုံလောက်စွာမထားပေးခြင်း (ပိတ်စို့နေခြင်း) - သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်နေ့တွင်သာ ဆေးခန်းနှင့် ဆေးရှိပြီ အခြားနေ့များတွင် ဆေးခန်း အမြဲပိတ်ထားပြီး လုံလောက်သော ဆေးမရှိခြင်း။ သူနာပြုဆရာမအား အခြားမသက်ဆိုင်သော ရုံးလုပ်ငန်းများ တွင်သာ ခိုင်းစေထားခြင်း။ - အလုပ်သမားများအတွက် လုံလောက်သော အိမ်သာများမရှိခြင်း။ - အလုပ်သမားများ ထမင်းစားနားနေဆောင်အား လုံလောက်စွာစီစဉ်ဆောင်ရွက်မှုများမလုပ်ပေးခြင်း၊ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် တနဂ်နွနေ့များတွင် အလုပ်သမားများ၏ သဘောဆန္ဒမပါပဲ အချိန်ပိုအား အတင်းအကျပ်ခိုင်းစေခြင်းနှင့် အချိန်ပိုဆင်းရသော်လည်း  အချိန်ပို ကြေးအား ဥပေဒမွ သတ်မှတ်သည့် အတိုင် အပြည့်မရရှိခြင်းတွေအပြင်  ဥပဒေပါသတ်မှတ်ထားသည့် အချိန်ပိုလုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ ညဘက် All လင်း၊ All night အလုပ်သမားများကို အတင်းအကြပ်ခိုင်းစေခြင်းများပြုလုပ်နေတယ်လို့ သိရပါတယ်။ 


လုပ်ငန်းခွင် အထည်စံချိန်တောင်းရာမှာလည်း  စက်ပျက်ချိန်၊ အပေါ့အပါးသွားချိန်နဲ့ ရေသောက်ချိန်တွေကို ထည့်မတွက်ပဲ အလုပ်ချိန်(၈)နာရီကို တွက်ချက်တောင်းပြီး  စံချိန်မပြည့်ရင် အလုပ်သမားတွေကို အချိန်ပိုမဆင်းခိုင်းပဲ အလုပ်ဆင်းခိုင်းတယ်လို့သိရပါတယ်။  

အဲ့ဒီလိုအလုပ်ဆင်းရတဲ့အခါမှာလည်း  ဖယ်ရီကားစီးစဉ်ပေးခြင်းမရှိပဲ မိမိတို့အစီအစဉ်ဖြင့်သာ  ပြန်ရတယ်လို့သိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားအနည်းငယ်သာ လူမှုဖူလုံရေးအာမခံပြုလုပ်ပေးပြီး၊ အလုပ်သမားအများစုဟာ လူမှုဖူလုံရေးအာမခံထည့်ပေးတာကြောင့် အလုပ်သမားတွေ နေထိုင်မကောင်းခြင်းနဲ့ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိပါက အလုပ်သမားအစီအစဉ်ဖြင့်သာ ကုသရပြီး လစာမဲ့ခွင့်သာ ရရှိပါတယ်လို့လည်းသိရပါတယ်။ 

စက်ရုံ၌ နေ့စားဝန်ထမ်းများအား အစမ်းခန့်ကာလ(၃)လပြည့်ပါက အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းမရှိဘဲ  လုပ်သက်(၆)လ ပြည့်အထိ ခိုင်းစေခြင်း၊ - နေ့စားဝန်ထမ်းများအား အလုပ်စတင်ဝင်ရောက်သည့်အခါတွင် ရက်မှန်ကြေးပေးသော်လည်း  လုပ်သက်(၆)လ ပြည့်သည့်အခါ ရက်မှန်ကြေးမပေးခြင်း၊ စက်လိုင်းရှိ စက်ချုပ်သမားများအား ကျွမ်းကျင်ကြေးနှင့် ရက်မှန်ကြေးပေးသော်လည်း  အခြားလိုင်းများဖြစ်သည့် Cutting, Q.C, Finishing ဌာနမ်ားကို ကျွင်းကျင်ကြေးနှင့် ရက်မှန်ကြေးတွေ ပေးဆောင်ခြင်းမရှိဘူုးလို့လည်း သိရပါတယ်။ 

ဒါ့အပြင် အလုပ်တရက်ပျက်ပါက ရန်မှန်ကြေး၊ ကျွမ်းကျင်ကြေးများအား ဖြတ်တောက်သော်လည်း စက်ချုပ်၀န်ထမ်းမှလွဲ၍ အခြားလုပ်သက်(၆)လမပြည့်သေးတဲ့ဝန်ထမ်းတွေကို  နေ့စဉ် တနလ်ာနေ့မှ သောကြာနေ့အထိ နေ့စားခ(၃၆၀၀)ကျပ်နှင့် အချိန်ပိုကြေး (၉၀၀)ကျပ်သာပေးပြီး စနေနေ့များကို အလုပ်ချိန်ပြီးသည့်အခါ အချိန်ပိုဆင်းခိုင်ပြီး အချိန်ပိုကြေးပေးဆောင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။  

အဆိုပါစက်ရုံဟာ ZARA, ONLY, JDY, CLIQUE, JENNYFER,စတဲ့ Brand တွေချုပ်တဲ့ CMPလုပ်ငန်း ဖြစ်ပြီး  တရုတ်နိုင်ငံသားပိုင်အလုပ်ရှင်ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ကာ လုပ်ငန်းခွင်အတွင်း ဆဲဆိုကြိမ်းမောင်းခိုင်းစေနေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

ယခုလိုအလုပ်သမားအခွင့်ရေးများချိုးဖောက်ခံရပြီး အချိန်ပိုကြေးမရရှိခြင်းတွေအပါအ၀င် များစွာသောချိုး ဖောက်ခံရမှုများကြောင့် အလုပ်သမားတွေဟာ တောင်းဆိုချက်၁၃ချက်က်ိုတောင်းဆိုထားပါတယ်။  
တောင်းဆိုချက်တွေဟာ  (၁) ဥပဒေပါခံစားခွင့်များဖြစ်သည့် ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ မီးဖွားခွင့်၊ လုပ်သက်ခွင့်နှင့် လုပ်ငန်းခွင်ကြောင့် ထိခိုက်ဒဏ်ရာရရှိပါက ဥပဒေပါအတိုင်အပြည့်အဝ ခံစားခွင့်ရရှိရန်။ (၂) အခြားရသင့်ရထိုက်သည့် ဥပဒေပါခံစားခွင့်တို့အား အပြည့်အဝရရှိရန်။ (၃) အလုပ်သမားများအား အထည်စံချိန်တောင်းရာတွင် အလုပ်သမားများချုပ်လုပ်နိုင်သည့် အထည်စံချိန်အား တောင်းရန်။ (၄) တရုတ်နိုင်ငံသားများ လုပ်ငန်းခွင်တွင် တိုက်ရိုက်အုပ်ချုပ်မှုမလုပ်ရန်နှင့် အလုပ်သမားများအား မကြားဝံ့ မနာသာ စကားလုံးများနှင့် အမြဲကြမ်းတမ်းစွာ အော်ဆဲမှုများမပြုလုပ်ရန်။ (၅) အော်စူပါ၊ စူပါ၊ လီတာမ်ားမွ အလုပ်သမားများအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများ မပြုလုပ်ရန်။ (၆) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုများကို ဆောင်ရွက်ပေးရန်။ (၇) အလုပ်ပိတ်ရက်များနှင့် အချိန်ပိုခေါ်ယူလိုပါက အလုပ်သမားများ၏ သဘောဆန္ဒများကောက်ယူရန်နှင့် အချိန်ပိုဆင်းရပါက ဥပဒေကသတ်မှတ်ထားသည့်အတိုင်း အချိန်ပိုကြေးပေးရန်။ (၈) ဥပေဒက သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်းသာ အချိန်ပိုခေါ်ယူရန်နှင့် All လင်း၊ All night မ်ား မခေါ်ရန်။ (၉) နေ့စားဝန်ထမ်းများအား (၃) လပြည့်ပါ အမြဲတမ်းဝန်ထမ်းခန့်ရန်နှင့် ဥပေဒမွ သတ်မှတ်ထားသည့် လုပ်အားခနှင့် အခြားခံစားခွင့်များပေးရန်။ (ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးနှင့် နှစ်ပြည့်ကြေးများအားပေးရန်) (၁၀) ဝန်ထမ်းအားလုံးအား တပြေညီ ရက်မှန်ကြေး၊ လုပ်သက်ကြေးပေးရန်။ (၁၁) နေ့စားဝန်ထမ်းများအား စနေနေ့အလုပ်ချိန်ပြီး၍ ဆင်းရသော အလုပ်ချိန်အား အချိန်ပိုကြေးပေးရန် (၁၁ ခွဲနောက်ပိုင်းလုပ်ရသော အလုပ်ချိန်) (၁၂) လုံလောက်သော ထမင်းစားဆောင်နှင့် ထိုင်ခုံ စားပွဲတို့အား ပြင်ဆင်ပေးရန်။ (၁၃) ကျန်ရှိသော လုပ်သက်ခွင့်အားပြန်ပေးရန်တို့အား ရရှိရန် တို့ဖြစ်တယ်လို့သိရပါတယ်။ 

MyanmarLabourNews
LabourRight


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026