NEWS

Sincere Season အထည်ချုပ်စက်ရုံရှိ ကလေးလုပ်သားများအား အလုပ်ထုတ်ရာတွင် အလုပ်သမားအရာရှိပါ၀င်​နေ

CoverLogo
610 Views

Sincere Season အထည်ချုပ်စက်ရုံက အသက်မပြည့်လို့ဆိုပြီး လုပ်သား ၄၀ ကျော်ကို  အလုပ်ထုတ်ခဲ့ရာမှာ အလုပ်သမား အရာရှိ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)  ၊ မြစိမ်းရောင်စက်မှုဇုန်မှာ ရှိပြီး လုပ်သား ၂၀၀၀ ဝန်းကျင်ထဲက အလုပ်သမား ၄၀ ကျော် ကိုအလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ 


“ ဦစီးမှူး (အလုပ်သမားအရာရှိ)က ညနေ ၅ နာရီလောက်မှာ စက်ရုံကို ရောက်လာတယ်။ သူက (ဦးစီးမှူး) ပြောတယ်၊ “ ဒီစက်ရုံမှာ မရရင်၊ အခြားစက်ရုံမှာ ရတယ် ။ ဘာမှမဖြစ်ဘူး ။ မရရင်သူကို လာပြော”  ” ဆိုပြီး ပြောခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


အလုပ်ထုတ်ခဲ့ရာမှာ ဆန္ဒအလျှောက် အလုပ်ထွက်တယ်လို့ လက်မှတ်တိုးခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 
ဩဂုတ် ၇ ရက် ညနေအလုပ်ဆင်းချိန်မှာ အလုပ်ထုတ်ခဲ့တာဖြစ်ပြီး ရှေ့နေလို့ယူဆရတဲ့ အမျိုးသမီး တယောက်လည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“ အဲ့နေ့က ဦးစီးမှူးကိုယ်တိုင်လာတယ်၊ ရှေ့နေလိုလို အမတစ်ယောက်လည်း ရှိတယ်။ စက်ရုံက ​လျော်ကြေးပေး ပြီးတော့ ဖယ်ရီကားနဲ့ အိမ်အထိ ပြန်လိုက်ပို့တယ်။ အိမ်ပြန်နောက်ကျလို့ဆိုပြီး တစ်ယောက်ကို ငါးသောင်းထပ် ပေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ညနေပိုင်းမှ အလုပ်ထုတ်တာက လူသူမသိ ဖြစ်အောင် ဆိုပြီး စက်ရုံက ညနေဝန်ထမ်းတွေ အလုပ်ပြန်မှ လျှော်ကြေး ပေး ထုတ်ပယ်ခဲ့တာလို့ ဆက်ပြောပါတယ်။ 


အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက လုပ်သက် အများဆုံး ၂ နှစ်ကျော်ကနေ အနည်းဆုံး ၃  လ ရှိသူတွေလို့ သိရပါတယ်။ ဒီအလုပ်သမားတွေက စက်ရုံရဲ့ HR မန်နေဂျာ ကိုယ်တိုင် အင်တာဗျူးပြီး အလုပ်ခန့်ထားတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“စက်ရုံရဲ့HR မန်နေဂျာက  မတရားတွေ လုပ်နေတယ်။ သူကိုယ်တိုင် အင်တာဗျုးပြီးခန့်ထားတာ။ အခုတော့ မှတ်ပုံတင်အတု၊ အသက်မပြည့်ဘူးဆိုပြီး အလုပ်ထုတ်လိုက်တယ်။ အစတည်းက အသက် မပြည့်မှန်း  သိသိကြီးနဲ့  မန်နေဂျာက ခန့်ထားပြီးတော့၊ အခုသတင်း အတင်ခံရမှ ဝန်ထမ်းတွေကို အလုပ် ထုတ်တာက ဥပဒေနဲ့ကိုက်ညီမှု မရှိဘူး” စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။ 


လက်ရှိ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေမှာတော့ အသက်မပြည့်တဲ့ အလုပ်သမားတွေကို ခိုင်းစေပါက ဆေးစစ်ချက်နဲ့ အလုပ်ခန့်နိုင်တာမို့ ဒီအလုပ်သမား ၄၀ ကျော်ကို ဘာကြောင့် အလုပ်ထုတ်တယ်ဆိုတာကို မေးခွန်းထုတ်လိုတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။  


“အသက်မပြည့်တာရယ်၊ ဆေးစစ်ချက်မရှိတာရယ် သက်ဆိုင်တယ်။ ဆေးစစ်ချက်ရှိတယ်၊ လူကြီးကဲ့သို့ အလုပ်လုပ်နိုင်တဲ့ ခန္ဓာကိုယ်ရှိတဲ့၊ ကျန်းမာရေးရှိတဲ့ အလုပ်သမားဆိုရင်တော့ ဥပဒေပါ အချက်တွေအရ အလုပ်ခန့်လို့ရတယ်” လို့ ပြောပါတယ်။ 
ဩဂုတ်လ ၇ ရက်မှာ လုပ်သားတချို့ကို စက်ရုံက အလုပ်ထုတ်ပြီးနောက် ဩဂုတ် ၉ ရက် စက်ရုံကို အလုပ်သမားအရာရှိတွေက အချိန်ပို တိုင်ကြားမှုကို လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 


ဒါပေမဲ့ မည်သူ့ကိုမှ မေးမြန်း စစ်ဆေးမှု မရှိခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။ 


Sincere season (Myanmar) Co.,Ltd စက်ရုံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး  DICA အချက်အလက်မှာ တိတိကျကျ ဖော်ပြထားတာမရှိပါဘူး။ 


စက်ရုံဘက်ကတော့ လုပ်သား ၂၀၀၀ ဝန်းကျင်နဲ့ PULL&BEAR , Sinsay , Amisu , Vero Moda စတဲ့ တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။ 


စက်ရုံအတွင်း အချိန်ပို အလွန်အကျွံ လုပ်ကိုင်ရတာ၊ EC စာချုပ် ချုပ်မပေးတာနဲ့ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေ နစ်နာနေမှုတွေကို Myanmar Labour News မှာ  ဩဂုတ်လ ၃ ရက်က သတင်းဖော်ပြခဲ့ပါတယ်။ 


ပေးစာမှာ ဖော်ပြတဲ့ Bestsellers အမှတ်တံဆိပ် ကတော့ ပြီးခဲ့တဲ့လထဲမှာ ရက်အနည်းငယ် ချုပ်လုပ်ပေးခဲ့ရတဲ့ အမှတ်တံဆိပ်ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026