NEWS

Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
36 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ သာဒုကန်စက်မှုဇုန်ကပါ။ အကူအညီတောင်းပါတယ်။
 
Shwe Zarmani အထည်ချုပ်က အချိန်ပိုကို အလုပ်သမားဆန္ဒမမေးဘဲ ခေါ်ခိုင်းနေတာပါ။ အချိန်ပိုကို ည၇ နာရီခွဲ၊ တခါတလေ ည ၈နာရီကျော်အထိ ခေါ်ခိုင်းပါတယ်။
 
အချိန်ပိုခေါ်ခိုင်းမယ်ဆိုတာကို အလုပ်သမားဆန္ဒကို မေးမြန်းတာမရှိပါဘူး။ ဒီအချိန်ပိုဆင်းဖို့ သဘောတူတာကို လက်မှတ်လည်း မထိုးခိုင်းဘူး။
 
အချိန်ပို မဆင်းချင်တာကို ပြောရင် ဘာလိုလဲ မေးပါတယ်။ အဲ့ဒါကြောင့်လည်း ကြိတ်မှိတ်ပြီး ဆင်းရတယ်။ စက်ရုံက တချို့ အလုပ်သမားတွေက အဝေးကနေ လာပြီး အလုပ်လုပ်ကြတာပါ။ မှော်ဘီက လာလုပ်ရတဲ့ အလုပ်သမားတွေ ရှိတယ်။
 
အချိန်ပိုဆင်းရလို့ နောက်ကျရင် ယောက်ျားလေးအလုပ်သမားတွေဆို အရမ်း ဒုက္ခရောက်ကြတယ်။ သူတို့ကို ၇ နာရီခွဲ ပြန်ရရင် ည ၈နာရီခွဲကျော်မှ ရောက်ကြတယ်။ လမ်းမှာလည်း မကြာခဏ အစစ်ခံ ကြရတယ်။
 
ပြန်ရတာ မလုံခြုံတော့ အချိန်ပို နောက်ကျအောင် ဆင်းဖို့က လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်ကြတယ်။ စက်ရုံက လက်မှတ်လည်း မထိုးခိုင်းဘဲ အလုပ်သမားတွေကို အချိန်ပို ခေါ်ယူနေတယ်ဆိုတာကို သက်ဆိုင်ရာကို သိစေချင်တယ်။
စက်ရုံမှာ ဂျပန်ကုန်အမှတ်တံဆိပ် အထည်တွေချုပ်ပါတယ်။ ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား ပါ။
 
ကျေးဇူးပြုပြီး အကူအညီပေးစေချင်ပါတယ်။

Related posts

Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026