NEWS

Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
137 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ သာဒုကန်စက်မှုဇုန်ကပါ။ အကူအညီတောင်းပါတယ်။
 
Shwe Zarmani အထည်ချုပ်က အချိန်ပိုကို အလုပ်သမားဆန္ဒမမေးဘဲ ခေါ်ခိုင်းနေတာပါ။ အချိန်ပိုကို ည၇ နာရီခွဲ၊ တခါတလေ ည ၈နာရီကျော်အထိ ခေါ်ခိုင်းပါတယ်။
 
အချိန်ပိုခေါ်ခိုင်းမယ်ဆိုတာကို အလုပ်သမားဆန္ဒကို မေးမြန်းတာမရှိပါဘူး။ ဒီအချိန်ပိုဆင်းဖို့ သဘောတူတာကို လက်မှတ်လည်း မထိုးခိုင်းဘူး။
 
အချိန်ပို မဆင်းချင်တာကို ပြောရင် ဘာလိုလဲ မေးပါတယ်။ အဲ့ဒါကြောင့်လည်း ကြိတ်မှိတ်ပြီး ဆင်းရတယ်။ စက်ရုံက တချို့ အလုပ်သမားတွေက အဝေးကနေ လာပြီး အလုပ်လုပ်ကြတာပါ။ မှော်ဘီက လာလုပ်ရတဲ့ အလုပ်သမားတွေ ရှိတယ်။
 
အချိန်ပိုဆင်းရလို့ နောက်ကျရင် ယောက်ျားလေးအလုပ်သမားတွေဆို အရမ်း ဒုက္ခရောက်ကြတယ်။ သူတို့ကို ၇ နာရီခွဲ ပြန်ရရင် ည ၈နာရီခွဲကျော်မှ ရောက်ကြတယ်။ လမ်းမှာလည်း မကြာခဏ အစစ်ခံ ကြရတယ်။
 
ပြန်ရတာ မလုံခြုံတော့ အချိန်ပို နောက်ကျအောင် ဆင်းဖို့က လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်ကြတယ်။ စက်ရုံက လက်မှတ်လည်း မထိုးခိုင်းဘဲ အလုပ်သမားတွေကို အချိန်ပို ခေါ်ယူနေတယ်ဆိုတာကို သက်ဆိုင်ရာကို သိစေချင်တယ်။
စက်ရုံမှာ ဂျပန်ကုန်အမှတ်တံဆိပ် အထည်တွေချုပ်ပါတယ်။ ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား ပါ။
 
ကျေးဇူးပြုပြီး အကူအညီပေးစေချင်ပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026