NEWS

SHAN DOIVG HUAYI (MYANMAR INDUSTRY CO.LTD) တွင် စကားပြန်က ဥပဒေမဲ့ အုပ်ချုပ်သည့်အပြင် အထည်စံချိန်များကိုလည်း လုပ်နိုင်စွမ်းထက် ပိုမိုတောင်းခံနေ

CoverLogo
569 Views

တရုတ်နိုင်ငံသားပိုင် SHAN DOIVG HUAYI (MYANMAR INDUSTRY CO.LTD) မှာ စက်ရုံမန်နေဂျာမရှိဘဲ စကားပြန်အမျိုးသမီးက ဥပဒေမဲ့ အုပ်ချုပ်နေတဲ့အပြင် အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ထက်  ပိုမိုတောင်းခံနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၆၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

အလုပ်သမားတွေက ဂျပန်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ ဘောင်းဘီနဲ့အင်္ကျီတစ်ဆက်တည်းတွေကို ချုပ်လုပ်ရတာဖြစ်ပါတယ်။

“လိုင်းတစ်လိုင်းမှာ လူဦးရေ (၄၀) ရှိပါတယ်။ အဲဒါကို သူတို့က တစ်နာရီကို အထည်(၅၀)ကျော် တောင်းပါတယ်။ အလုပ်သမားတစ်ယောက်ကို ချုပ်ရတဲ့ပွိုင့်က ၂ပွိုင့်၊၃ပွိုင့်လောက်ထိ ရှိပါတယ်။ ချုပ်ရတာက ဘောင်းဘီနဲ့အင်္ကျီ တွဲရက်တွေပါ။ နောက်ဂျပန်ထည်တွေဆိုတော့ လက်လည်းဝင်ပါတယ်။ သူတို့တောင်းတဲ့စံချိန်က ပြည့်ဖို့ခက်ခဲပါ တယ်။ သူတို့တောင်းတဲ့စံချိန်မပြည့်ရင် ည(၁၂)နာရီထိ အချိန်ပိုတွေ အလကားဆင်းပေးရပါတယ်။ အလုပ်သမား တွေက အချိန်ပိုမဆင်းနိုင်ရင် စကားပြန်ကောင်မလေးကခေါ်ပြီး ပြောဆိုပါတယ်။ သူခိုင်းတာ မလုပ်ရင် အလုပ် ထုတ်မယ်လည်း ပြောပါတယ်။ စက်ရုံမှာ မန်နေဂျာကော၊HRကော မရှိပါဘူး”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒီစက်ရုံမှာ ဥပဒေပါခံစားခွင့်တွေကို မပေးတာကြောင့် အလုပ်တစ်ရက်ပျက်ကွက်ပါက ကျပ်(၄၀၀၀၀) လောက် အဖြတ်ခံနေရတယ်လို့ ပြောပါတယ်။

။ဒါ့အပြင် အသက်မပြည့်သေးတဲ့ကလေးနေ့စားလုပ်သား (၄၀)ကျော်ကို ခိုင်းစေ နေသလို ဝန်ထမ်းတွေကို သုံးလပြည့်ရင် အလုပ်ခန့်အပ်မယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ အလုပ်က ထုတ်ပယ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

“လုပ်ခလစာကို ဒေးကြေးနဲ့ ထောက်ပံ့ကြေးအပါ (၈၀၀၀)ကျပ် ပေးပါတယ်။ ပိတ်ရက်တွေကိုတော့ (၆၈၀၀) ကျပ်ပဲ ပေးပါတယ်။ အချိန်ပိုနာရီကိုလည်း တစ်နာရီကို (၁၇၀၀) ကျပ်နဲ့ပေးပြီး ပွိုင့်စုံချုပ်နိုင်သူတွေကို လစာအပြင် ကျပ်(၂၀၀၀၀)ထည့်ပေးတာ၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ် ပေးတာတော့ ရှိပါတယ်။ ဒါပေမယ့် စက်ရုံမှာ အော်ဒါမရှိတဲ့ရက်ဆို တနင်္ဂနွေ၊ တနင်္လာပိတ်တယ်။ နောက်အော်ဒါပြန်တက်ရင် သူတို့ခေါ်ချင်သလို ပြန်ခေါ်ပါ တယ်။ ပိတ်ရက်တွေကို အလုပ်သမားတွေ သဘောဆန္ဒမပေးဘဲ သူတို့လုပ်ချင်သလို လုပ်နေပါတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်မှာလည်း လေပန်ကာအလုံအလောက် မရှိတာကြောင့် လေဝင်လေထွက် မကောင်းသလို သောက်သုံးရေပြတ်လပ်တာ၊ ဆေးပေးခန်းမှာ ဆေးမရှိတာ၊ အိမ်သာတွေ သန့်ရှင်းမှု မရှိတာ၊ အိမ်သာသွားလမ်းမှာ မီးအလင်းရောင်မရှိတာ၊ ဖယ်ရီအရေအတွက်နဲ့ စီးနင်းသူမမျှတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်း အခြေအနေတွေကို  မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။
 
စက်ရုံက အလုပ်သမားတွေက အိမ်သာသုံးစွဲဖို့ အခက်အခဲဖြစ်နေတာတွေကို ပြင်ဆင်ပေးရေး၊ အော်ဒါအကြောင်းပြချက် အလုပ်ပိတ်ရက်တွေကို အလုပ်ရှင်သဘောကျ မလုပ်ရေး၊ ဖယ်ရီကားအခက်အခဲကို ဖြေရှင်းပေးရေး၊ အစမ်းခန့် သုံးလပြည့်ပြီးတဲ့ အလုပ်သမားများကို အကြောင်းမဲ့ အလုပ်မထုတ်ရေးနဲ့ ဉပဒေပါခွင့်ရက်များကို ခံစားခွင့်ပေးရေး၊ အထည်စံချိန်ကို ချုပ်လုပ်နိုင်တဲ့ပမာဏသာ တောင်းခံရေးနဲ့ စကားပြန်အမျိုးသမီးရဲ့ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံ တာနဲ့ အုပ်ချုပ်ရေးပိုင်းလုပ်ဆောင်နေတာတွေကို တားမြစ်ပေးရေး လိုလားနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026