NEWS

SDI Manufacturing Co.,Ltd အထည်ချုပ် ခြိမ်းခြောက် ရက်အစား လုပ်ကိုင်ခိုင်း

CoverLogo
673 Views
SDI အထည်ချုပ် စက်ရုံ အကြောင်းပြောပြချင်ပါတယ်။ အလုပ်သမားတွေ နစ်နာရတာတွေက ဆိုးရွားလွန်းလို့ပါ။
 
သင်္ကြန်မှာ ရက်အစား ဆင်းရပါတယ်။ သင်္ကြန်ပိတ်ရက် ၁၃ရက်၊ ၁၄ရက်အတွေအတွက် ရက်အစားဆင်း ပေးရပါတယ်။ အဲလို ဆင်းပေးတယ်ဆိုမှ ပိတ်ရက် ၁၀ရက်အတွက် လစာပေးမယ်ဆိုပြီးခြိမ်းခြောက်ပါတယ်။
 
အလုပ်သမားတွေအနေနဲ့ မဆင်းပေးရင် ပိတ်ရက် ၁၀ ရက်အတွက် မရမှာ စိုးတာနဲ့ ရက်အစားနှစ်ရက် ဆင်းပေးခဲ့ရပါတယ်။ ဒါတင်မဟုတ်ပါဘူး။ ၃လပိုင်း၅ရက်နေ့ လစာထုပ်ရက် စနေ့နေ့မှာဆို နေ့လည် ၁၂နာရီပြန်လွတ်ပေးမှာပါ၊ ဒါကို ၄နာရီခွဲအထိ အလုပ်ဆင်းခိုင်းပါတယ်။ အဲဒီအတွက် အချိန်ပိုကြေး လုံးဝမပေးပါဘူး။ အဲဒီ အလုပ်ချိန်ကို သင်္ကြန် ရက်အစားထဲ ထည့်ရမယ်ဆိုပြီး အလုပ်ရှင်ဘက်က လက်မှတ်အတင်းထိုးခိုင်းလို့ အလုပ်သမားတွေ ထိုးပေးလိုက်ရပါတယ်။ ခြိမ်းခြောက်တာတွေက အလွန်ပါပဲ။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေတောင်းပါတယ်။ လူ ၃၀ လောက်ရှိတဲ့ စက်လိုင်းကို တနာရီ အတည် ၅၀ ကျော် တောင်းပါတယ်။ ချုပ်ရတဲ့အထည်က ဘောင်းဘီ ၊ ဂျင်းသားတွေပါ။ စံချိန်မပြည့်တာနဲ အော်စူပါ၊ စူပါတွေ ဆဲဆို ပြောပြီးတော့တာပါ။ အလုပ်လုပ်ရတာ အတူတူ အောစူပါ၊ စူပါတွေ သဘောကျတဲ့ အလုပ်သမားဆို လစာပိုရတယ်။ ခွဲခြားဆက်ဆံခံရပါတယ်။
 
စက်ရုံ အလုပ်သမားတွေ ခွင့်ဆိုတာ ဘာမှန်းမသိရပါဘူး။ အလုပ်သမား နေထိုင်မကောင်းလို့ ခွင့်ယူမယ်ဆိုရင် HRမန်နေဂျာက ငါစက်ရုံမှာ ဘာခွင့်မှ မပေးဘူးလို့ပြောထားပါတယ်။
 
အလုပ်သမားတွေမှာ ခွင့်ယူ မရတော့ အလုပ်ပျက်ခံပြီး နားရပါတယ်။ ရက်ပျက်ဆိုတာနဲ့ ဒေးကြေးထောက်ပံ့ကြေး ၇၈၀၀ ၊ ရက်မှန် ကြေး၃၀၀၀၀ အဖြတ်ခံရတာပါ။ ကျွမ်းကျင်ကြေးလည်း ထပ်ဖြတ်တော့ အလုပ်သမားတယောက် ခွင့်မရတာနဲ့ ငွေ ၄၀၀၀၀ လောက် အထိ ဖြတ်တောက်ခံရတာပါ။
 
စက်ရုံထဲမှ နေ့စား လုပ်နေတဲ့ အသက်မပြည့်တဲ့ ကလေးတွေကို တွေ့ရပါတယ်။ အယောက် ၃၀ ကျော်လောက် တွေ့ရပါတယ်။ သူတို့မေးကြည့်တော့ ဆရာဝန်ရဲ့ ကျန်းမာရေး ထောက်ခံ ချက်လည်းမပါဘဲ အလုပ်လုပ်နေတယ်ဆိုတာ သိရပါတယ်။ စက်ရုံက အဲဒီကလေးတွေကို လူကြီးအလုပ်သမားတွေလို တန်းတူ လုပ်ခိုင်းပါတယ်။ အဲကလေးတွေ အလုပ်လုပ်တာ ၃လပြည့်လည်း အတည်ပြုဝန်ထမ်းကို စက်ရုံက ခန့်မပေးပါဘူး။
 
ရန်ကုန်မှာ မိုးတွေ စရွာနေတော့ အလုပ်သမားတွေ စိုးရိမ်ကြပါတယ်။ စက်ရုံ အိမ်သာက မိုးလည်း မလုံ၊ အိမ်သာသုံးရေပါ ပိတ်ထားတော့ မိုးရွာထဲမှာ ညစ်ညစ်ပတ်ပတ် အိမ်သာ သုံးရမှာ၊ အဲ့ဒါကို စိုးရိမ်ကြတာပါ။ စက်ရုံအကြောင်း သတင်းရေးထားလို့ အခုလို့ စက်ရုံအကြောင်းထပ်ပြောရတာပါ ရှင့်။
 
(#အချက်အလက်- SDI Manufacturing Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်းမှာရှိပြီး အလုပ်သမား ၁၀၀၀ကျော်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။)

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026