NEWS

SDI MANUFACTURING CO,LTD စက်ရုံပိတ်သိမ်းမည့်အပေါ် အကူအညီတောင်းခံ

CoverLogo
523 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်း၊ အမှတ် (၄၀)မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် SDI MANUFACTURING CO, LTD အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ Fieldcore အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM မှတဆင့်အကူအညီတောင်းခံအပ်ပါတယ်ရှင့်။
အဓိက တိုင်ကြားလိုတာကတော့ အခု ကျမတို့ စက်ရုံမှာ စက်ရုံပိတ်သိမ်းကိစ္စဖြစ်ပါတယ်။ စက်ရုံဘက်မှ တာဝန်ရှိသူများမှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ (၉) ရက်နေ့တွင် စက်ရုံရှိ လိုင်းအလိုက် အော်စူပါ၊ စူပါများနှင့် လုပ်ငန်းခွင်ညှိနှိုင်းရေး WCC များကို အစည်းအဝေးခေါ်လုပ်ပါတယ်။
 
စက်ရုံအော်ဒါအခြေအနေကြောင့် စက်ရုံရှိအလုပ်သမားများကို လျှော့ချမည်ဖြစ်ကြောင်းနှင့် ၆ လအောက် ဝန်ထမ်းများကို နစ်နာကြေးအနေဖြင့် ရာခိုင်းနှုန်းဖြင့် တွက်ချက်၍ နစ်နာကြေးကို ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုနောက် စက်ရုံဘက်မှ နို့တစ်စာကို ကပ်ခဲ့ပါတယ်။
 
နို့တစ်စာတွင် SDI MANUFACTURING CO, LTD သည် ယခုအချိန်တွင် အော်ဒါဆက်လက်၍ မရရှိတော့သဖြင့် လုပ်ငန်းအခြေအနေအရ ဝန်ထမ်းများကို အင်းအားလျော့ချသွားမည်ဖြစ်ကြောင်း အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီး (၁၀ ရက်၊ ၉လ၊ ၂၀၂၅ ရက်နေ့မှ (၁၀ ရက်၊ ၁၀ လ၊ ၂၀၂၅) ရက်နေ့အထိ နို့တစ် (၁) လသတ်မှတ်ကာ နို့တစ်ကုန်ဆုံးသည်နေ့တွင် သတ်မှတ်ထားသော နစ်နာကြေးများဖြစ်သော လုပ်ခလစာကျန်ငွေ၊ လုုပ်သက်ခွင့်လက်ကျန်အတွက် ငွေကြေးခံစားခွင့်များနှင့် လုပ်သက်အလိုက်နစ်နာကြေးများကို အပြည့်အဝ ရှင်းလင်းပေးချေမည် ဖြစ်ကြောင်း ဒေါ်မေဇင်ဦး HR လက်မှတ်ဖြင့် ထုတ်ထားပါတယ်။
၎င်းကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများမှ ၁၅ ရက်၊ ၉ လ၊ ၂၀၂၅ ရက်နေ့တွင် အလုပ်ရုံစစ်ဆေးရေးအရာ ရှိထံ ဖုန်းဆက်မေးသည့်အခါ SDI MANUFACTURING CO,LTD သတ်မှတ်ရက်အတွင်း အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောပါတယ်။
 
ထို့တွက်ကြောင့် အလုပ်သမားများမှ အလုပ်ရှင်ထံ ၁၇ ရက်၊ ၉လ၊ ၂၀၂၅ ရက်နေ့တွင် စက်ရုံတာဝန်ရှိသူထံ တက်ရောက်မေးသည်အခါ စက်ရုံမှ ကြေညာထားသည် အတိုင်း အလုပ်သမားများအား ပေးမည်ဖြစ်ပြီး ပထမ ဆွေးနွေးထားသလို့ ၆ လအောက် အလုပ်သမားများအား ရာခိုင်းနှုန်းဖြင့် မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
 
စက်ရုံတာဝန်ရှိသူများအနေဖြင့် စကားကို အမျိုးမျိုးပြောနေပါတယ်။ SDI MANUFACTURING COL,LDT သည် သူဌေးပြောင်းလိုက် စက်ရုံပိတ်လိုက်၊ ပြန်ဖွင့်လိုက်နှင့် လုပ်နေတာ ၄ ကြိမ်ရှိပါပြီ။ အလုပ်သမားများ အနေဖြင့် ပထမ ဆွေးနွေးထားသည့်အတိုင်း သဘောထားခဲ့ ကြတာြဖစ်ပါတယ်။
 
အခုမှ ကြေညာစာကပ်ထားသည့်အတိုင်းပြောသည်အတွက် အလုပ်သမားများအနေဖြင့် ကျေနပ်မှုမရှိပါဘူး။ အလုပ်က ဒီချိန်မှာ ရှာရတာလည်းခက်ပါတယ်။ စက်ရုံက တစ်နှစ်မပြည့်ခင် အမျိုးမျိုးအကြောင်းပြလိုက် ပိတ်လိုက် ၊ မကြာဘူး ပြန်ဖွင့်လိုက် လုပ်နေတာသည် အကြိမ်ကြိမ်ဖြစ်နေပါပြီ။
 
အလုပ်သမားများအနေဖြင့် လစဥ်လူမှုဖူလုံရေး ဆောင်ရတယ်။ တခါ စက်ရုံကပိတ်လိုက် ပြန်ဖွင့်လိုက်မို့ လက်သက်တွေလည်း မဆက်၊ အခြားမှာလည်းအလုပ်ရှာရတာလက်ရှိမှာခက်ခဲပါတယ်။
 
ထိုအတွက်ကြောင့် တာဝန်ရှိသူများအနေဖြင့် အကူအညီပေးပါရန် တိုင်ကြားအပ်ပါတယ်။
အလုပ်သမားများ၏တောင်းဆိုချက်များမှာ-
၁။ စက်ရုံဘက်မှ မူလသဘောတူထားသည့်အတိုင်း လုပ်သားလျော့မည်ဟုပြောခဲ့သည်အတွက် သဘောတူညီထားသည်အတိုင်း ၆ လအောက်အလုပ်သမားများကို ရာခိုင်းနှုန်းအလိုက်နစ်နာကြေး၊ လုပ်သက်ကြေး၊ လုပ်ခလစာများကို ပေးမည်ဆိုတာကို ပေးရန်။
၂။ သဘောတူထားသည်အတိုင်းမပေးနိုင်ပါက ၆ လအောက်အလုပ်သမားများနှင့် ၆ လကျော် အလုပ်သမားများကို နို့တစ်တလစာထည့်တွက်ချက်ပေးရန်။
လေးစားစွာဖြင့်
အကူအညီတောင်းခံသူ
SDI MANUFACTURING COL,LDT အထည်ချုပ်အလုပ်သမားများ
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026