NEWS

SAFETY CLOTHING (Myanmar) Co, LTD တွင် အလုပ်ခေါ်ယူစဉ်က ရရှိမည်ဟု ပြောဆိုထားသည့် လစာအတိုင်းမပေးဘဲ  တစ်ကဒ်ကြေးများ လျှော့ချနေ

CoverLogo
771 Views

တရုတ်နိုင်ငံသားပိုင် SAFETY CLOTHING (Myanmar) Co, LTD အထည်ချုပ်စက်ရုံမှာ အလုပ်ခေါ်ယူစဉ်က သတ်မှတ်အချိန်ပိုတွေ ဆင်းပါက လစာ (၄)သိန်းကနေ (၅)သိန်းအထိ ပေးမယ်လို့ ပြောဆိုထားပေမယ့် လစာတွက်ချိန်မှာ တစ်ကဒ်ကြေးတွေကို လျှော့ပြီးတွက်ချက်တာကြောင့် ပြောထားတဲ့ လုပ်ခလစာအတိုင်း မရတာကြောင့် အခက်အခဲဖြစ်နေတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ မြစိမ်းရောင် စက်မှုဇုန်၊ မြစံပယ်လမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

စက်ရုံစတင်ဖွင့်လှစ်စဉ်က လူဦးရေ (၆၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်ခဲ့တာဖြစ်ပေမယ့် လုပ်ငန်းလည်ပတ်ချိန် နှစ်လတာကြာမြင့်ပြီးနောက်မှာ အလုပ်သမား (၂၀၀) ကျော်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ စက်ရုံသမဂ္ဂ မရှိဘဲ ချိုးဖောက်မှုများစွာ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ အဲ့ဒီစက်ရုံမှာ  Vis Team, ROLYWRE စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။

အထည်ချုပ် အလုပ်သမားတွေကို ဒေးကြေး ၇၈၀၀ ကျပ် ရက်မှန်ကြေး ၇၀၀၀၀ ကျပ်နဲ့ တစ်ကတ်ကြေးသတ်မှတ်ပေးထားပြီး အခြားအလုပ်သမားတွေကိုတော့ ဒေးကြေး ၆၈၀၀ နဲ့ ရက်မှန်ကြေး ၄၀၀၀၀ ကျပ် ၊ ကျွမ်းကျင်ကြေး သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။

အထည်ချုပ် အလုပ်သမားတွေ အလုပ်တစ်ရက်ပျက်ပါက ရက်မှန်ကြေး (၃၀၀၀၀) ၊ ဒေးကြေး (၇၈၀၀) စုစုပေါင်း (၃၇၈၀၀) ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်သမားမဟုတ်ဘဲ တစ်ခြားအလုပ်သမားတွေ ရက်ပျက်ပါက ရက်မှန်ကြေး (၂၀၀၀၀) နှင့် ဒေးကြေး (၆၈၀၀) ဖြတ်ပြီး နှစ်ရက်ပျက်ရင်တော့ ရက်မှန်ကြေး အကုန်ဖြတ်တောက်တာလို့ ပြောပါတယ်။

"သူတို့အလုပ်ခေါ်တုန်းက ပေးထားတဲ့ သတ်မှတ်လစာအပြင် တစ်ရက်ကို အချိန်ပို (၂) နာရီဆင်းရင် တစ်လကို လေးသိန်းကနေ ၅သိန်းအထိ ပေးမယ်လို့ပြောပြီး ခေါ်ထားတာပါ။ သူတို့ပြောသလို ချုပ်ပေးနိုင်ပေမယ့် တစ်ကဒ်ကြေးကို တွက်ရင် လျှော့ပေးတော့ ပြောတဲ့လစာအတိုင်း မရပါဘူး။ အလုပ်သမားတွေက ပြောထားတဲ့အတိုင်း လစာ၊ တစ်ကဒ်ကြေးပြောရင် လုပ်ချင်လုပ်၊ မလုပ်ချင်လုပ် နောင်ဘာတစ်ကဒ်ကြေးမှ မပေးဘူးပြောတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

အထည်စံချိန်တွေကို ချုပ်လုပ်နိုင်တာထက် ပိုမိုတောင်းခံနေပြီး အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်မပြည့်ပါက အော်ဟစ်ပြောဆိုတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုစံချိန်မရတဲ့သူ၊ အထက်လူကြီးတွေ ပြောတာကို ပြန်ပြောတဲ့သူတွေကိုလည်း အလုပ်က အကြောင်းပြချက်မရှိ ထုတ်ပယ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

“ယောင်္ကျားလေးတွေကိုလည်း စက်ချုပ်ခေါ်ပါတယ်။ ခေါ်ပြီးသား စက်ချုပ်ယောင်္ကျားလေးတွေကိုလည်း လူလျှော့တယ်ဆိုပြီး အလုပ်ကထုတ်ချင်သလို ထုတ်ပါတယ်။ အလုပ်ကထုတ်ရင် နို့တစ်ပေးတာ၊ နစ်နာကြေး ပေးတာတွေ မရှိပါဘူး။  ဒီဇင်ဘာ (၉) ရက်နေ့ကလည်း အလုပ်သမားတွေကို အစည်းအဝေး ခေါ်ပါတယ်။ စူပါ၊ လီတာ၊ စာရေးမတွေ အလုပ်ထွက်ရက် စာရင်းဇယားတွေ အပြီးသတ်လုပ်ပေးဖို့၊ လုပ်လက်စ အလုပ်တွေပြီးဆုံး အောင် လုပ်ပေးဖို့နဲ့ မပြီးရင် လုပ်ခလစာ ဘယ်နှစ်ရက်စာဖြစ်ဖြစ် မထုတ်ပေးနိုင်ဘူးလို့ ပြောပါတယ်”လို့ အလုပ်သမားက ပြောပါတယ်။

လက်ရှိမှာ စက်ရုံအလုပ်သမားတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။ 

အလုပ်သမားတွေအနေနဲ့ အလုပ်ခေါ်စဉ်က ပြောဆိုထားတဲ့အတိုင်း အထည်ပြည့်မီပါက သတ်မှတ်လစာပေးဖို့၊ အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်မထုတ်ဖို့၊ အထက်လူကြီးတွေက အော်ဟစ်ပြောဆိုတာတွေ မလုပ်ဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026