NEWS

RONG DA Garment စက်ရုံ  ညွှန်ကြားချက်အား ဖောက်ဖျက်ပြီး အချိန်ပို နာရီ ၃၀ ကျော် လုပ်ကိုင်ခိုင်း

CoverLogo
795 Views

RONG DA Garment စက်ရုံက နေ့စဉ် အချိန်ပို ၃ နာရီခေါ်ယူပြီး တနင်္ဂနွေနေ့ တွေပါ လုပ်ကိုင်ခိုင်းနေတယ်လို့ အထည်ချုပ်လုပ်သားတွေကပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက် မှာတော့ အချိန်ပို အလုပ်လုပ်ချိန် နာရီ  ၂၀ ထက် မပိုဖို့ ဖော်ပြထားပါတယ်။

“စက်ရုံမှာ တနင်္လာကနေ သောကြာနေ့အထိ အချိန်ပိုက နေ့စဉ် ၃ နာရီ၊ စနေနေ့မှာလည်း ည ၇ နာရီအထိဆို တော့ အချိန်ပိုက ၇ နာရီ လုပ်ရတယ်။ အခု ၁၁ လပိုင်း (နိုဝင်ဘာ)မှာ တနင်္ဂနွေပိတ်ရက် ၄ ရက်မှာ ၃ ရက် အလုပ် ဆင်းထားရတယ်။ ၁၂ လပိုင်း(ဒီဇင်ဘာ) မှာ တရက်တည်းနားရတယ်။ ခရစ်စမတ်နေ့အတွက်လည်း တနင်္ဂနွေနေ့ ရက်စား ဆင်းဖို့ ပြောနေတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်မှာတော့ တနင်္ဂလာနေ့ကနေ သောကြာနေ့အထိ နေ့စဉ် အချိန်ပို ၃ နာရီ နဲ့ စနေနေ့မှာ အချိန်ပို ၅ နာရီ ခေါ်ယူနိုင်လို့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အချိန်ပို ခေါ်ယူမှုတွေကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို အချိန်ပို လုပ်ကိုင်မည့် အလုပ်သမား၏ သဘောတူ မှတ်တမ်းနဲ့ တင်ပြရ မယ်လို့ လမ်းညွှန်ထားပါတယ်။ 

“စက်ရုံမှာ အချိန်ပို ခေါ်မယ်လို့ ကြိုပြောတာလည်းမရှိဘူး။ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘူး ။ မဆင်းလို့လည်း မရဘူး။ စက်ရုံထဲက တချို့ဌာနတွေမှာ ဆို ညနက် ၁၂ အထိ လုပ်ကိုင်ရတာတွေရှိတယ်။ စက်ရုံမှာပဲ ဖြစ်သလို အိပ်ရတာ။ ညနေ အလုပ်ဆင်းချိန်မှာ အချိန်ပိုဆက်ဆင်းရမယ်ဆိုလည်း အနားလုံးဝ မပေးဘူး ။ ည ၇ နာရီအထိ ဆက်လုပ်ရတယ်။ ဘာမှလည်း မစားရဘူး၊ အနားလည်း မရဘူး။” အလုပ်သမား တဦးက ပြောပါတယ်။

RONG DA Garment စက်ရုံရဲ့ ပုံမှန်အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီအထိဖြစ်ပြီး ၊ နေ့လယ် နားချိန်အပြီး ၁၂ နာရီကနေ ည ၇ နာရီအထိ နားချိန်မရှိဘဲ ဆက်တိုက် အလုပ်လုပ်နေရတာလို့ စက်ရုံ အလုပ်သမားတဦးက ရှင်းပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အလုပ်ရုံများဥပဒေမှာတော့ အလုပ်ချိန်အပိုင်းအခြားတခုက ၅ နာရီထက် မပိုဖို့နဲ့ အနားပေးဖို့ကို သတ်မှတ်ပြဌာန်းထားတာ ဖြစ်ပါတယ်။

“ခွင့်လည်း မရဘူး၊ ခွဲခြားပေးတာမျိုးပေါ့။ ခေါင်းဆောင်တွေနဲ့ အဆင်ပြေရင်တော့ ရတယ် မပြေရင်တော့ မရဘူး။ ဘာခွင့်မှ မရတာပါ။ အဲလို အချိန်ပို ဆင်းရတာ တနှစ်ရှိနေပြီ၊ တနင်္ဂနွေနေ့ ဆင်းပေးရတာက ၂ လ နီးပါးရှိနေပြီ ။ အလုပ်ကို မဆင်းချင်လောက်အောင် ပင်ပန်းနေပြီ ။ ဖြစ်စေချင်တာက တနင်္ဂနွေလိုနေ့တွေကို ပိတ်ပေး ၊ ခရစ်စမတ်လို့ နေ့တွေလည်း ပိတ်ပေးဖို့ပဲ၊ ခွင့်တွေရဖို့ပါပဲ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

RONG DA Garment စက်ရုံဘက် ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေအတွက် နေ့လည်နားချိန်အပြီး ဂိတ်ပက်နဲ့ ခွင့်ပြုပေမဲ့ အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကိုတော့ ကြီးကြပ်ရေးမှူးတွေက အငြိုးထားတာတွေရှိတယ်လို့ ပြောပါတယ်။ 

“အချိန်ပိုမဆင်းတဲ့သူတွေကို ရုံးက စာရင်းမှတ်တယ်၊ ခေါင်းဆောင်တွေကလည်း လုပ်ငန်းခွင်ထဲ မဲတာတော့ ရှိတယ်။ ဆဲဆိုတာတော့ မရှိဘူး ။ ဒါပေမဲ့ အချိန်ပိုတွေ အလွန်အကျွံဆင်းခိုင်းတာကတော့ ဝေးတဲ့သူတွေဆို ညလည်း နောက်ကျ၊ မနက်လည်း အစောထဆိုတော့ မလန်းဆန်းဘူး ၊ ကြာတော့လည်း မလုပ်ချင်တော့ဘူး။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။

RONG DA Garment စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။  

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မင်းဗန္ဓုဘုရားလမ်းမှာရှိပြီး လုပ်သား ၃၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ 

စက်ရုံအတွင်း အလုပ်သမားသမဂ္ဂတွေ မရှိသလို WCC အဖွဲ့လည်း ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ RONG DA Garment စက်ရုံကတော့ Logos Park ၊ Beloved ၊ Bekkin စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံလို့  သိထားပါတယ်။

#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026