Rong Da စက်ရုံမှာ အချိန်ပိုခိုင်းတဲ့ ပြသာနာနဲ့ ပက်သက်ပြီး တင်ပြချင်လို့ပါ။
စက်ရုံအလုပ်သမား တဦး ပါ။ တရက်ကို အလုပ်ချိ န်၁၁နာရီအပြင် ညဘက် ၁၂နာရီ (အောနိုက်) ၊ မနက် ၅ နာရီ (အောလင်း)တွေကို အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမမေးဘဲ ခေါ်ယူနေလို့ပါ ။ ၁လပိုင်း (ဇန်နဝါရီ) ၆ ရက်နေ့ ညကဆိုရင် တရုံလုံး အော်လင်း ဆင်းခိုင်းပါတယ် ။
အခုလည်း လာမဲ့စနေနေ့ မနက်ဖြန် ဇန်နဝါရီ (၂၀) ရက်ကို အောလင်း ခေါ်မယ်ဆိုပြီး စီစဉ်နေလို့ အခုလို ပြောရတာပါတယ်။
စက်ရုံက မနက် ၇ နာရီခွဲ ကနေ ည ခုနှစ်နာရီ နေ့စဉ် အလုပ်ဆင်းနေရတာ တနှစ်အထိရှိလာပြီ ။ တမင်းစား နားပြီး ချိန်ကစပြီး အိုတီကို ၇ နာရီ နားချိန်မရှိ ဆက်တိုက်ဆင်းရပါတယ်။ အောလင်း အောနိုက်တွေမှာလည်း ည ၈ နာရီ ထမင်းစား နားပြီး တဆက်တည်း လုပ်ကိုင်ရပါတယ်။
စက်ရုံက ရက်မှန်ကြေး နှစ်ဆတိုးပေး (၃၀၀၀၀ကျပ်ကနေ ၆၀၀၀၀)တိုးပေးပြီး အိုတီမဆင်းရင် ရက်မှန်ကြေး ပြုတ်မယ်ဆိုတဲ့ စကားတခုနဲ့ အလုပ်သမားတွေကို ထိန်းချုပ်ထားပါတယ်။
လက်ရှိ နိုင်ငံရေးစီးပွားရေးအခြေအနေအရ ကျပ်တည်းနေတဲ့ကာလမှာ အချိန်ပိုဆင်းရတာ ကျေးဇူးတင်ကြလို့ဆိုပြီးလည်း အလုပ်သမားတွေကို ထုတ်လုပ်ရေး မန်နေဂျာ ပြောပါတယ်။
စက်ရုံဘက်က ချိုးဖောက်မှုတွေကို တိုင်ကြားမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို အလုပ်သမားရုံးက တာဝန်ရှိသူတွေ မကြာခဏ လာရောက်စစ်ဆေးကြပါတယ်။ ဒါပေမဲ့ စက်ရုံထဲမှာ ဘာမှ မပြောင်းလဲပါဘူး ။ အလုပ်သမားရုံး တာဝန်ရှိသူတွေက စက်ရုံဘက်ကို အရေးယူတာမရှိသလို လုပ်ငန်းအခြေအနေကလည်း ပြောင်းလဲတာ မရှိပါဘူး။
နောက်ဆုံးကုန်အမှတ်တံဆိပ်ကိုယ်စားလှယ် လာစစ်တော့မယ်လို့ သိရတော့လည်း ထုတ်လုပ်ရေး မန်နေဂျာက WCC အစည်းအဝေးခေါ်ပြီး ဖြေးကြားဖို့ အလုပ်သမားတချို့ကို ရွေးချယ်ခိုင်းပါတယ်။ ရွေးထားတဲ့အလုပ်သမားတွေလည်း ကို မန်နေဂျာ အမျိုးသမီးက “အလုပ်သမား ၁၈၀၀ ရဲ့ ထမင်းလုပ်တွေ နင်တို့လက်ထဲမှာ” ဆိုပြီး လိမ်လည် ထွက်ဆိုခိုင်းပါတယ်။
အလုပ်သမားတွေမှာ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်စားပြီး စက်ရုံနဲ့ ထုတ်လုပ်ရေ းမန်နေဂျာအတွက် လိမ်ပေးနေ ရပါတယ်။ အလုပ်သမားတွေရဲ့ အခက်အခဲ သဘောကို မမေးဘဲ တရုတ်သူဌေး စိတ်တိုင်းကျ မြန်မာလူမျိုး အချင်းချင်း မတရားခိုင်းစေနေတာကို တရားမျှတမှု ရအောင် ဘယ်လုပ်ရမလဲ။
ကူညီ ပါ ။
( RONG DA Garment စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တယ်လို့ Myanmar Labour News ကသိရှိထားပါတယ်။ စက်ရုံ အလုပ်သမားတွေအပေါ် ချိုးဖောက်တာကြောင့် မကြာခဏ တိုင်ကြားခံရတဲ့ စက်ရုံဖြစ်ပါတယ်။ RONG DA စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မင်းဗန္ဓုဘုရားလမ်းမှာရှိပြီး လုပ်သား ၁၈၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ စက်ရုံကတော့ Logos Park ၊ Beloved ၊ Bekkin စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရှိထားပါတယ်။)
#MyanmarLabourNews
NEWS
Rong Da စက်ရုံမှာ နေ့စဉ် အလုပ်ချိန် ၁၁ နာရီဆက် လုပ်ကိုင်ရပြီး အောလင်းခိုင်းစေဖို့ စီစဉ်

1K Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026