NEWS

Qianshi အထည်ချုပ် စက်လိုင်းမန်နေဂျာ အမျိုးသမီးအလုပ်သမားများအား ဆဲဆို

CoverLogo
295 Views
 
Qianshi Industrial Limited အထည်ချုပ်စက်ရုံ က စက်လိုင်းမန်နေဂျာ အမျိုးသားက စက်ချုပ် အမျိုးသမီးလုပ်သားတွေကို ဆဲဆိုမှုတွေ ပြုလုပ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပါပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လိုင်းမန်နေဂျာက ယောက်ျားလေး၊ အလုပ်သမားမိန်းကလေး‌တွေကို အမျိုးမျိုးဆဲတယ်။ ပြောဖို့ ခက်တဲ့ အထိကို အဆဲခံရတယ်။ ဆဲတဲ့ အထဲမှာ နိမ်ချတဲ့ စကားလုံး(-ာ) ဆိုတာ အမြဲတမ်းကြားရတဲ့ စကားလုံး။ မိန်ကလေးတွေရဲ့ ခန္ဓာကိုယ်ကို ကိုင်တာပြုတာ တွေရှိတယ်။ ရှက်ပြီး အလုပ်ထွက်တဲ့သူလည်း မနည်းဘူး။ စက်လိုင်းမန်နေဂျာ ကျော်ဝဏ္ဏ ဆိုတဲ့လူကို အသံ ကြားတာနဲ့ မိန်းကလေးတွေက ကြောက်နေပြီ။ ကျော်ဝဏ္ဏ နာမယ်နဲ့ပဲ အလုပ်မလျှောက်ကြတော့ဘူး။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပြီး အထည်ချုပ်စက်ရုံဖြစ်လို့ အများစုက အမျိုးသမီး အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း စက်လိုင်း မန်နေဂျာရဲ့ ဆဲဆိုမှုတွေကို စက်ရုံမှူးကို တိုင်ကြားခဲ့ပေမဲ့ ဖြေရှင်းမပေးတဲ့ အပြင် ကိုယ်တိုင် အော်ဟစ်ဆဲဆို ခြိမ်းခြောက် တယ်လို့လည်း ပြောပါတယ်။
 
“တိုင်တော့လည်း ဖြေရှင်းမပေးဘူး။ စက်ရုံမှူးက တရုတ်အမျိုးသမီးကလည်း မြောက်ထားတဲ့သူ ။ စက်ရုံက စစ်တပ်နဲ့ အကုန်ပိုင်တယ်ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်တယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး လို့ပြောတယ်။ အဲ့ စက်ရုံမှူးက အထည်မပေးနိုင်ရင် အော်ဟစ်ပြီး ဆဲနေတာ။ “လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အထည်စံချိန်တောင်းရာမှာလည်း အလုပ်သမား ၃၀ ဝန်းကျင်ရှိတဲ့ စက်လိုင်းတစ်လိုင်းကို ဝယ်လွန် ဂျာကင် ၁၀၀ အထိ တောင်းတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်မပြည့်လို့ဆိုပြီး အချိန်ပိုတွေပါ လုပ်ကိုင်ပေးရတယ်လို့ ဆိုပါတယ်။
 
“လိုင်း ပေါက်အထည်ကို တစ်နာရီ ၁၀၀ကျော် ချုပ်ပေးရတယ်။ ဝယ်လွန်တွေ ချုပ်ရတာက လက်ဝင်တယ်၊ ခက်တယ်။ အထည်စံချိန်မပြည့်တာနဲ့ အောလင်း၊ အောနိုက် လုပ်ပေးရတယ်။ ဒီထက်မက တနင်္ဂနွေနေ့ပိတ်ရက်၊ အစိုးရရုံး ပိတ်ရက်တွေလည်း အချိန်ပိုတွေ ဆင်းရတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ခွင့်ရက်နဲ့ ခွင်အတွက် ခံစားခွင့်တွေမရဘဲ ရက်ပျက်သတ်မှတ်ပြီး စက်ရုံဘက်က လုပ်ခလစာနဲ့ ရပိုင်ခွင့်တချို့ကို ဖြတ်တောက်တဲ့ အပြင် လုပ်သက်နှစ်ကြေးနဲ့ ရှောင်တခင် ခွင့်အတွက်ပါ နစ်နာရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး၊ ရက်မှန်ကြေးဖြတ်တယ်။ အာလုံး ၂၂၀၀၀ အဖြတ်ခံရတယ်။ စက်ရုံကရှောင်တခင်ခွင့်ကို မယူရင် င် ၆ရက်စာကို နှစ်ကြေးဖြင့်ပေါင်းပြီး ပေးမယ်လည်း ပြောတယ်။ ဒါပေမဲ့ တစ်နှစ်ပြည့်တော့ နှစ်ကြေးနဲ့ ရှောင်တခင်ခွင့်ရက်အတွက် နှစ်မျိုး ပေါင်းပြီ ၁၀ရက်စာကို ၆၈၀၀ နဲ့ တွက်ပေးတယ်။ ရှောင်တခွင့် မယူတဲ့သူတွေ နစ်နာရတယ်။ နားခွင့်လည်း ပေးခဲ့တာမဟုတ်ဘူး။” လို့ပြောပါတယ်။
 
အလုပ်သမားဥပဒေ အရ တနှစ် လုပ်သက်ခွင့် (နှစ်ကြေး) ၁၀ ရက်၊ ရှောင်တခွင့်အတွက် ၆ ရက် ကို အလုပ်သမားတွေ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်တွက် ဒေးကြေး ၁၁၀၀၀ ကို အလုပ်သမား အားလုံး တန်းတူ ပေးတာမရှိဘဲ့ အလုပ်သမားတချို့မှာ ကျပ် ၁၀၀၀၀ ပဲ ရရှိနေတယ်လို့ ပြောဆိုပါတယ်။
 
လုပ်ငန်းခွင်အတွင်း သောက်ရေ အခက်အခဲ ရှိပြီး ၊ ပန်ကာတွေ တပ်ဆင် လည်ပတ်တာမရှိလို့ ပူလောင်ဒဏ်ကို ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Qianshi Tndustrial Limited စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ကနောင်(၃)လမ်း မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါလမှာ ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံအတွင်း အခက်အခဲတွေ တင်ပြဖို့ WCC အဖွဲ့ မရှိသလို သမဂ္ဂအဖွဲ့လည်း မရှိဘူးလို့ သိထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026