NEWS

Prettex Myanmar စက်ရုံ အောလင်းအချိန်ပို အတင်းအကြပ်ခေါ်ဆိုမှု အလရဦးစီးမှူးလာရောက်စစ်ဆေး​ပေမယ့် မိုးလင်းမှ နေအိမ်ပြန်ရ

CoverLogo
576 Views

Prettex Myanmar စက်ရုံမှာ အချိန်ပိုတွေ ဆက်တိုင်ဆင်းနေရပြီး  အနားမရတဲ့အပြင် နိုင်ဝင်ဘာ ၁၄ ရက်မှာ အောလင်းအိုတီ ပါ ဆက်လုပ်ခိုင်းလို့ အလုပ်သမားတွေက အလရ ဦးစီးမှူးဆီ ဖုန်းဆက်အကြောင်းကြားခဲ့ပေမဲ့ မိုးအလင်းအထိ အချိန်ပို လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

" ပြီးခဲ့ တနင်္ဂနွေ ကလဲ ဆင်းရတယ်။ အခုလဲ အောလင်းဆင်း ပေးရတယ်။ အရမ်းပင်ပန်းနေပြီ ။အိုတီ ခေါ်ရင်လဲ ဆင်းချင်လဲ သဘောတူ လား မမေးဘူး။ နာမည်ရေးတင်ပြီးမှ လက်မှတ်ထိုး ဆိုပြီး လာပေးတာ။ ကလေးအမေတွေတောင် ပါတယ်။ မဆင်းချင်ဘူး ပြောခွင့်မရှိဘူး ။ အလရ ဦးစီးမှူးကို နေ့လည် ၁၂နာရီ ခွဲထဲက ဆက်ပြီး တိုင်ထားတာ ။ပြောပေးမယ်နဲ့ ၊ ည ရောက်တော့လဲ လာစစ်ပေးမယ်နဲ့ ၊ နောက်ဆုံး ည၁၀နာရီ မှ ရောက်လာတယ်။ မနက်ထဲက တိုင်ထားတာ အဲ့ချိန်မှ လာစစ်တော့ ဘာလုပ်လို့ရမလဲ။ လာစစ်တော့လဲ ဘာမှ မထူးဘူး ။ အောလင်း ဆင်းရတာပဲ။ အရင်က အောလင်း အောနိုက်ဆင်းရတယ်။ အဲ့ဒါ ကို တိုင်လို့ ဆိုပြီး ၊ အောလင်း အောနိုက် ကိုမခေါ်တော့ဘူး ။ ည ၆နာရီ ကနေ ည၇နာရီ ပြောင်းခေါ်မယ် ၊ ည ၇နာရီ ပြောင်းခေါ်တာကလဲ ခဏပဲ။ ခေါ်မှာ ပြီးရင် ပုံမှန် ည၆နာရီ ပြန်ခေါ်မယ် ပြောခဲ့တာ ၊ အခုက  ၂လ ရှိနေပြီ ။ ပြီးတော့ အောလင်း အောနိုက် ထပ်ဆင်းရသေးတယ် ။တနင်္ဂနွေ လဲ အိုတီ ဆင်းရတယ်။ သီတင်းကျွတ် ပိတ်ရက်ပြီးထဲက နားရတဲ့ရက်ဆိုတာ မရှိသေးဘူး ။ မဆင်းချင်လို့ပြောရင် ခေါင်းဆောင်တွေက ထွက်စာတင်ဆိုပြီး ပြောတာက ရှိသေးတယ် ။ အခုလဲ အလရ ဦးစီးမှူး ဆီ အားကိုးပြီး လှမ်းတိုင်တာ ၊လာစစ်ပြီး ဒီတိုင်းပြီးသွားတယ် ။ဝန်ထမ်းတွေက အောလင်း ဆက်ဆင်းရတယ် ။ " လို့ စက်ရုံ အလုပ်သမား တဦးက ပြောပါတယ်။ 

အောလင်း အချိန်ပို လုပ်ကိုင်ခိုင်းမှာကို အဲဒီနေ့နေ့လယ်ကတည်းက ကြိုသိနေတဲ့အပြင် စက်ရုံကို လာရောက်စစ်ဆေးပြီး အောနိုက် အချိန်ပို လုပ်ကိုင်နေတာလည်း မျက်မြင်တွေ့ရှိခဲ့ပေမဲ့ ရွှေပြည်သာမြို့နယ် အလရ ဦးစီးမှူးက အရေးယူဆောင်ရွက်မှု မရှိခဲ့တာကြောင့် အလုပ်သမားတွေ နစ်နာခဲ့ရာလို့ ပြောပါတယါ။ 

စက်ရုံရဲ့ အလုပ်ချိန်  ပုံမှန် မနက် ၇ နာရီခွဲကနေ ညနေ ၇ နာရီ  ထိ ၊ စနေနေ့ ဆိုရင် မနက်၇နာရီခွဲ ကနေ ညနေ ၅ နာရီ ထိက ပုံမှန်  ဆင်းရတယ်လို့ ဝန်ထမ်း တွေက ပြောပါတယ်။ 

၂၀၂၂ ခုနှစ်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားလွှာ မှာ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားတဲ့ အပြင် အချိန်ပို ခိုင်းစေပါက တပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက်ရယူဖို့ ပါရှိပါတယ်။ ဒါ့အပြင် အချိန်ပို ခေါ်ယူခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောတူ လက်မှတ်ရယူဖို့လည်း ညွှန်ကြားထားပါတယ်။ 

Prettex Myanmar စက်ရုံက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၁၀၀၀  ဝန်းကျင်လုပ်ကိုင်နေတဲ့ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု စက်ရုံဖြစ်ပါတယ်။  

တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Have a wonderful day , Chinese National Geography , reserved စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို့  အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026