NEWS

Peak Outdoor (Yangon) အထည်ချုပ် ကိုယ်ဝန်ဆောင်များအား အောလင်းအချိန်ပို ဆင်းခိုင်း

CoverLogo
489 Views
 
Peak Outdoor (Yangon) Co.,Ltd စက်ရုံကပါ။
ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို ဖိနှိပ်နေလို့ပါ။
 
စက်ရုံက ပြီးခဲ့တဲ့ (ဇူလိုင် ၁၈) သောကြာနေ့က အောလင်း အချိန်ပိုဆင်းရပါတယ်။ ကိုယ်ဝန်ဆောင်သည် တွေ အချိန်ပို မဆင်းနိုင်ဘူးပြောတာကို အတင်း ဆင်းခိုင်းလို့ပါ။
 
အောလင်းမဆင်းနိုင်ရင် အိမ်ကထဲက မလာနဲ့လို့ ပြောခဲ့ပါတယ် ။ အလုပ်သမားတွေ ရက်မှန်ကြေး ပြုတ်မှာ မရမှာ စိုးပါတယ်။ အမ တယောက်က ပြောလို့ရမယ် ထင်ပြီး သွားပြော ပြန်မလွှတ်လို့ အောလင်းထိ ဆင်းခဲ့ရပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြသရဖီလမ်းမှာ ရှိတယ်။
 
WCC ရှိပါတယ်၊ သမဂ္ဂလည်း ရှိပါတယ်။ စက်ရုံမှာ လုပ်သား ၆၀၀ လောက် ရှိတယ်။ အောလင်း အောနိုက်က တခြားဌာနတွေ ဆင်းရတာများပါတယ်။ စက်လိုင်းကတော့ သောကြာနေ့က အောလင်းခေါ်တာပါ။
 
(အထည်ဖြတ်)Cutting ဌာနကတော့ တပတ်လုံး ဆင်းရတဲ့ အပတ်တွေလည်း ရှိပါတယ်။ နေ့တိုင်း ည ၇ နာရီခွဲအထိ အလုပ်ဆင်းရပါတယ်။ စနေနေ့က ၆ နာရီခွဲအထိ လုပ်ရတာပါ။
 
ည ၈ ခွဲအထိ အချိန်ပိုဆင်းရတာကို တိုင်ကြလို့ နောက်ပိုင်း ည ၇နာရီခွဲအထိ ဆင်းရပါတယ်။ အခုတော့ အတင်းအကျပ်တွေ ဖြစ်လာလို့ပါ။
 
ကူညီပါရှင့်
(ပြီးခဲ့တဲ့ မတ်လအတွင်း Peak Outdoor (Yangon) Co.,Ltd စက်ရုံမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေအပေါ် စက်ရုံကြီးကြပ်သူတွေက ခွဲခြားဆက်ဆံမှု ပြုလုပ်ခဲ့တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အချိန်ပို မဆင်းလိုတဲ့ အလုပ်သမားတွေကို သတိပေး ဝိမ်တိန်ထိုးခိုင်းတာတွေကို နိုင်ငံခြားသား ကျွမ်းကျင်သူတွေက ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီအချိန်က ဂျပန်အော်ဒါ INAREM အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ )

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026