NEWS

North Shore အထည်ချုပ် အာဏာပြ ဖိအားပေးမှု အလုပ်သမားများအား ထိခိုက်နေ

CoverLogo
738 Views

North Shore (NorthShore Group) အထည်ချုပ်စက်ရုံ HR ဝန်ထမ်းတဦးက အာဏာပြ ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 


လုပ်သားအင်အား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ အဲဒီ စက်ရုံ HR စာရေးမက သက်ကြီးဝန်ထမ်းတွေအပါအဝင် အလုပ်သမားတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးစွဲပြီး ဖိအားပေး ပြောဆိုနေတာလို ပြောပါတယ်။


“အမျိုးသား ၊ အမျိုးသမီး သက်ကြီးဝန်ထမ်းတွေကို အာဏာသံနဲ့ ပြောတာ။ ထိုင်ရင် ထိုင်လို့၊ ထရင် ထလို့၊ အစားအသောက်တွေ ယူလာတာ ၊ မျက်လုံးတွေက ဘာကြည့်နေတာလဲ ဆိုပြီး ဖိအားပေး ပြောနေတာ” လို ပြောပါတယ်။


သက်ကြီးအလုပ်သမားအပေါ် HR ဝန်ထမ်းရဲ့ အာဏာသံနဲ့ ပြောဆိုမှုတွေက ရိုင်းစိုင်းပြီး ကြမ်းတမ်းတာကြောင့် ပြောဆိုခံရသူအတွက် စိတ်မကောင်း ဖြစ်ရတယ်လို အလုပ်သမားတွေက ပြောပါတယ်။ 


အသက် ၂၅ နှစ်အရွယ် အဲဒီ ဝန်ထမ်းက HR ဌာနကို ပြောင်းရွှေ့ခဲ့တာ ၃ လ ဝန်းကျင်သာရှိပြီး စက်ရုံဌာန အားလုံးက အလုပ်သမားတွေ ပြောဆို ခံနေရတာလို အလုပ်သမားတွေက ပြောပါတယ်။


“စက်ရုံမှာ မန်နေဂျာ၊ စက်ရုံမှူး၊ HR တာဝန်ခံကတောင် အလုပ်သမားတွေကို သူ့လို မပြောခဲ့ဘူး။ သူ က မိန်းလေးတွေရော၊ ယောက်ျားလေးတွေကို ပါ ပြောတာ။ အပြောခံရသူတွေက ဘာမှ ကြီးကြီးမားမား မလုပ်ဘဲ ပြောဆိုခံရတော့ ၊ အရှက်ရကြရတယ်” လို ပြောပါတယ်။ 


ဒါ့အပြင် စက်ရုံအတွင်း လာရောက်လုပ်ကိုင်တဲ့ အထွေထွေ လုပ်သားတွေကိုပါ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ ခံနေရတာလို စက်ရုံ လုပ်သား တဦးက ပြောပါတယ်။ 


စက်ရုံအတွင်း သန့်ရှင်းရေး၊ လုံခြုံရေး၊  သိုလှောင်၊ ထုတ်ပိုး ၊ စက်ပြင် စတဲ့  ဌာနက ဝန်ထမ်းတွေမှာ အဲ့ဒီ HR ဝန်ထမ်းရဲ့ ပြောဆိုမှု အများဆုံးခံစားနေရတာလို ပြောပါတယ်။


“ရုံးပေါ်က လူဆိုတော့ အလုပ်သမားတွေက အလုပ်အကိုင်အတွက် စိုးရိမ်ကြတယ်။ သည်းခံနေရတာပါ။ အခုဟာ အမျိုးသား ဝန်ထမ်းတွေကို လူရှေ့မှာ ပြောဆိုတာဆိုတော့ ရှက်ကြတယ်။ ဒါက အာဏာရှိသူရဲ့ ခွဲခြား ဆက်ဆံ တာ။ အလုပ်လုပ်နေသူကို မလေးစားဘူး ဖြစ်နေတယ်” လို အမျိုးသမားဝန်ထမ်းတ ဦးက ပြောပါတယ်။ 


စက်ရုံအတွင်း တိုင်ကြားနိုင်တဲ့ အကြံပြုစာထည့်ဖို စာတိုက်ပုံး တခု ရှိပေမဲ့၊ HR ကို တိုင်ကြားတဲ့ ကိစ္စတွေကို ဖြေရှင်းပေးတာ မရှိဘူးလို  အလုပ်သမားတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။


North Shore Group ပိုင် အထည်ချုပ် စက်ရုံက ပုသိမ်မြို ၊ ကင်မလင်ကျွန်း၊ ပုသိမ်သီးသန့်စက်မှုဇုန်  မှာရှိပြီး ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ 


စက်ရုံက VAUDE, Schoffel , BERGAN စတဲ့ ကုန်အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို Myanmar Labour News ကို ပြောပါတယ်။


စက်ရုံအတွင်း အောစူပါ တချို့ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာ၊ အထည်တွေနဲ့ပစ်ပေါက်ပြီး ကိုယ်ထိ လက်ရောက် ပြုမှုတာ၊ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ၊ စက်ချုပ်ဝန်ထမ်းတွေကို တစ်နာရီတစ်ခါ သန့်ရှင်းရေး လုပ်ခိုင်းတာ၊ အထည်စံချိန် မရပါက ဆဲဆိုတာ၊ အမျိုးသမီးဝန်ထမ်းတွေကို စက်ခုံတွေ ရွှေ့ခိုင်းတာ၊ အချိန်ပို အတင်းအကျပ်ဆင်းခိုင်းတာ၊ အချိန်ပို မဆင်းခိုင်းပဲ အပြစ်ပေးတာတွေ ပြုလုပ်တာကြောင့် Myanmar Labour News မှာ သတင်းဖော်ပြခံထားရတဲ့  စက်ရုံဖြစ်ပါတယ်။  


ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၉ ရက်မှာ လုပ်ငန်းခွင်အတွင်း အမျိုးသမီးငယ် ကို ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်ခံရပြီး အရှက်ရလို အဲ့ဒီ အမျိုးသမီးငယ် အလုပ်ထွက်ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။


တိုင်ကြားမှုတွေကြောင့် အလုပ်သမားအရာရှိတချို လာရောက် စစ်ဆေးခဲ့ပေမဲ့ အရေးယူတာမရှိခဲ့ဘူးလို အလုပ်သမားတွေက ပြောကြားထားပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026