NEWS

Newell အထည်ချုပ်စက်ရုံ EC စာချုပ် မချုပ်ဘဲ အလုပ်ထွက်ဖို့ ဖိအားပေး

CoverLogo
579 Views
စက်တင်ဘာ ၂၄၊ ၂၀၂၄
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စက်မှုဇုန် ၊ ပြည်တော်သာလမ်းမှာ ဖွင့်ထားတဲ့ Newell ( Myanmar ) Co.Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို အလုပ်ထွက်အောင် ဖိအားပေးနေတာကို တိုင်ကြားချင်လို့ပါ။Newell အထည်ချုပ်စက်ရုံက အဓိက အော်ဒါ New way အမှတ်တံဆိပ် အထည်တွေကို ချုပ်နေတာပါ။
 
စက်ရုံက ဖွင့်ထားတာလည်း ခုနှစ်လနီးပါးလောက်ပဲ ရှိပါသေးတယ်။ စက်ရုံကတော့ တရုတ်သူဌေးပိုင်ပါတယ်။
အခု လုပ်ငန်းခွင်ထဲမှာ HR မန်နေဂျာ အလုပ်ထွက်ဖို့ ဖိအားပေးတာတွေ လုပ်နေလို့ပါ။အလုပ်သမားတွေ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း အလုပ်ထွက်ကြတာကို စူပါတွေ ခေါင်းဆာင် တွေ အုပ်ချုပ်မှု ညံ့တယ်ဆိုပြီး မတရားပြောဆိုပါတယ်။
 
စက်ရုံမှာ QC ဌာနမှာ နိုင်ငံခြားသားတရုတ်အမျိုးသမီးပါဝင် QC စူပါအပါအဝင် အလုပ်သမား ၂၆ ယောက် ရှိ ပါတယ်။
စက်ရုံပိုင် သူဌေးက အလုပ်သမားတွေကို ခေါင်းဆောင်သုံးယောက် အုပ်ချုပ်တာ သူ့အတွက် နစ်နာတယ် ဆိုပြီး ပြောတာကြောင့် HR မန်နေဂျာက QC စူပါကို အလုပ်ကနေ မထွက် ထွက်အောင်ဖိအားပေး ပြောဆို ပါတယ်။ ဒါအပြင့် ဌာနမှာ ခေါင်းဆောင် သုံးဦးရှိပေမဲ့ စက်ရုံထုတ်ကုန် အထည်တွေ ပြန်ကျလာတာက QC စူပါ ကြောင့် ဆိုပြီး တဦးတည်းကို ဦးတည်ပြီး စွပ်စွဲပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့လကလည်း အလုပ်ထွက်စာတင်တဲ့ အလုပ်သမားတစ်ဦးကို နောက်တစ်ပတ် အလုပ်ထပ်မဆင်းပေးရင် လုပ်ထားတဲ့ လုပ်အားခ မပေးနိုင်ဘူးဆိုလို့ အဲ့ဒီ အလုပ်သမားက အလုပ် ထပ်မဆင်းနိုင်ရင်တာကြောင့် ကိုယ်တိုင် လက်ရေးမူနဲ့ရေးကာ လက်ဗွေနှိပ်စေပြီး စက်ရုံဘက်က လစာမပေးခဲ့ပါဘူး။
 
စက်ရုံဘက် အလုပ်သမားတွေကို EC စာချုပ် ချုပ် မပေးပါဘူး။ဒါ့အပြင် စည်းမျဉ်း စည်းကမ်းနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို အသိမပေးဘဲ အလုပ်သမား အခွင့်အရေးတွေကို စက်ရုံဘက်က ချိုးဖောက်ပါတယ်။ချိုးဖောက်မှုတွေကို သက်ဆိုင်ရာအလုပ်သမားရုံးတွေမှာ တိုင်ကြားမှာပါ။ ကူညီပေးပါ ။
 
အလုပ်သမားများအနေနဲ့လည်း အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းပေးစေလိုပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026