NEWS

New Zhong Hui အထည်ချုပ် တစ်လလုံး နားရက်မပေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
847 Views

New Zhong Hui co.,ltd အထည်ချုပ်စက်ရုံမှာ တစ်လလုံး နားရက်မရဘဲ လုပ်ကိုင်ပေးနေရတယ်လို့   အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်ပြီး  ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ လုပ်သား ၆၀၀ ကျော်နဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 

“အလုပ်သမားတွေကို  လူတွေလို မမြင်ဘူး။ စက်ရုပ်တွေလို မြင်နေတယ်။ တစ်လလုံး နားရက်  မရှိခဲ့ဘူး။ ရုံးပိတ်ရက်တွေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ   ရက်စားတွေ၊ အချိန်ပိုတွေ ဆင်းပေးရတယ်။ ဆင်းရတာများတော့၊ ကျန်းမာရေးတွေ ထိခိုက်လာတယ်။ အချိန်ပို မဆင်းချင်းလည်း အလုပ်ရှင်က ဖိအားပေး ဆင်းခိုင်းတယ်။ မဆင်းဘူးဆိုလည်း နောက်နေ့ ဖိအား‌ပေးတယ်၊ အငြိုးအတေးထားတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

 

ဒီစက်ရုံရဲ့ အလုပ်ချိန်က မနက် ၈နာရီကနေ ညနေ ၄ နာရီအထိ ဖြစ်ပေမဲ့ ပုံမှန်အလုပ်ချိန်အပြင် နေ့စဉ် အချိန်ပိုကို ည ၇နာခွဲ ဒါမှမဟုတ် ၈ နာရီခွဲအထိ လုပ်ကိုင်ပေးရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောဆိုထားတာပါ ။ ဒါ့အပြင် တပတ်လုံး အောနိုက် လုပ်ကိုင်ခိုင်းပြီး အချိန်ပိုဆင်းတဲ့ ရက်တိုင်း  နားချိန်မပေးဘဲ ဆက်တိုက်လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“ အလုပ်ချိန်က မနက်၈နာရီ ကနေ နေ့လယ် ၁၁ခွဲတစ်ကြိမ်နဲ့  ၁၂ တစ်ကြိမ် နှစ်ကြိမခွဲ ထမင်းစားနားတယ်။ အဲဒီ ၁၂ခွဲကနေ အချိန်ပို ပြီးတဲ့ ည ၇  ခွဲ ၈ခွဲအထိ  အနားမရဘဲ ဆက်တိုက်လုပ်ရတယ်။စက်ရုံမှာ HR မန်နေဂျာ မရှိဘူး။ production manager က အမျိုးသမီး  ။ သူပဲ အုပ်ချုပ်ပြီး ဖိနှိပ်နေတာပဲ။ ဘယ်တိုင်တိုင် ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ သူက    အလုပ်သမား‌တွေ ပြောဆိုတယ်၊ ဆက်ဆံတယ်။ အိမ်သာသွားလဲပြော၊ ရေသောက်လဲပြော၊ စကားပြောလဲ ‌ေ-ာက်နဲ့ နှိုင်းပြီးပြောတယ်။ စက်ရုံမှာ အိမ်သာဆိုလဲ နံဆော်နေတာက ထမင်းစားဆောင်အထိ ။ ထမင်းချိန် အဲ့အနံတွေနဲ့ဆို မစားနိုင်‌တော့တဲ့ အထိပဲ။” လို့ ပြောပါတယ်။

 

sinsay တံဆိပ်တွေ ချုပ်လုပ်နေတဲ့ အဲဒီ စက်ရုံမှာ WCC အဖွဲ့ကို ဖွဲ့စည်းထားတာ မရှိသလို  နေ့စားအလုပ်သမားတွေကို ခေါ်ယူခိုင်း‌စေပြီး အုပ်ချုပ်သူတွေနဲ့ အဆင်မပြေပါက အလုပ်ထုတ်မယ်ဆိုတဲ့ အချက် ပြောဆိုပြီး  အလုပ်ခန့်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“နေ့စားအလုပ်သမားတွေကို ဒေးကြေး၊ ကျွမ်းကျင်ကြေး ၆၈၀၀ ၊ အချိန်ပိုကြေး ၁၇၀၀  ပဲပေးတယ်။ အကူတွေ(Helper) တွေဆို ဒေးကြေး၊ ကျွမ်းကျင်ကြေး ၆၆၀၀ ၊ အချိန်ပိုအိုတီကြေး ၁၅၀၀ ပဲ ရတယ်။ စနေနေ့ဆို အလုပ်ချိန် ၈နာရီပြည့်မှ ၆၈၀၀ ရတယ်။ တနင်္ဂနွေနေ့တွေဆို အိုတီကြေး မပေးဘူး။ နေ့စား၊ လခစား ခွဲထားတယ်။ Ec  စာချုပ်လည်း ချုပ်မပေဘူး ။ အလုပ်ထုတ်လည်း နေ့စား၊ လစားခွဲမနေဘူး။ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာပဲ” လို့ ပြောပါတယ်။

 

New Zhong Hui co.,ltd အထည်ချုပ်စက်ရုံ အလုပ်သမားတွေမှာ  ဥပဒေပါ ခွင့်တွေ မရသလို ရက်ပျက်ပါက ကျပ်၂၀၀၀၀ နဲ့ ရက်မှန်ကြေးတွေ အဖြတ်ခံရတယ်လို့ ဆိုပါတယ်။ အလုပ်နားချိန် အပြင်ထွက်ခွင့် ကန့်သတ်ခံရသလို  ဖူလုံရေးကြေး ပေးသွင်းနေပြီး ဖူလုံရေးကဒ် မရတဲ့ စက်ရုံ အလုပ်သမားက တဝက်လောက် ရှိနေတယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင်  အသက်မပြည့်တဲ့ လူရွယ်လုပ်သားတွေကို  ဆေးထောက်ခံချက်မပါပဲ လူကြီး အလုပ်သမားတွေနဲ့  တန်းတူခိုင်းစေနေတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026