NEWS

New Plus စက်ရုံအား အလုပ်သမားအရာရှိများ စစ်ဆေးပြီးနောက် ည ၉ နာရီအထိ အချိန်ပို လုပ်ခိုင်း

CoverLogo
509 Views

အချိန်ပို အလွန်အကျွံခေါ်ယူမှုတွေကြောင့် အလုပ်သမားအရာရှိတွေ မကြာခဏ ဝင်ရောက်စစ်ဆေးနေတဲ့က New Plus အထည်ချုပ်စက်ရုံမှာ နေ့စဉ် အချိန်ပို ည ၉ နာရီအထိ လုပ်ကိုင်ခိုင်းသလို အလုပ်သမားတွေရဲ့ နားရက် ဖြစ်တဲ့ တနင်္ဂနွေနေ့တွေပါ လုပ်ကိုင်ပေးနေရတယ်လို့ ပြောပါတယ်။


“ကျွန်မတို့ အရမ်းပင်ပန်းနေပြီ။ နားချိန်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တနင်္လာကနေ သောကြာက မနက် ၈ နာရီကနေ ည ၉ နာရီအထိ၊ စနေနဲ့ တနင်္ဂနွေက ၄ခွဲ ဆင်းရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

 
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်မှာ မြို့နယ် အလုပ်သမားအရာရှိတွေ စက်ရုံကို လာရောက်စစ်ဆေးပြီး ၂ ရက်အကြာမှာ အခုလို အချိန်ပို ည ၉ နာရီအထိ ခေါ်ယူနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နေ့လယ်စာ စားချိန်အပြီး ကတည်းက အချိန်ပိုဆင်းပြီးအထိ တဆက်တည်း အလုပ်ချိန် ၆ နာရီခွဲကနေ ၈ နာရီခွဲကြာ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။ 


“နေ့တိုင်း တနေ့ကို အလုပ်ချိန် ၁၃ နာရီ လုပ်ပေးနေရတယ်။ ထမင်းနားချိန် နာရီဝတ် ။ ည ၇ နာရီမှာ နားလည်မှုနဲ့ မုန့်ထွက်စားလို့ရတယ်ဆိုလည်း တရားဝင်အနားပေးတာ  မဟုတ်ဘူး။ ကြားမှာ အနားရတာမဟုတ်ဘူး ၉ နာရီအထိ ဆက်ဆင်းရင် တစ်ထောင်တော့ ပေးတယ်၊ ဒါပေမဲ့ ပင်ပန်းတာကို ဘာနဲ့မှ လဲလို့မရတာ။  ” လို့ အလုပ်သမား တဦးက ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တနင်္ဂနွေနေ့တိုင်း နားရက်မရခဲ့အပြင် အခု ဩဂုတ်လအတွင်းမှာလည်း နားရက်မရှိ ဆက်တိုက် လုပ်ကိုင်ပေးနေရတယ်လို့ သိရပါတယ်။ အချိန်ပိုမဆင်းတာကြောင့် စက်ရုံအတွင်းက ခေါင်းဆောင်ဆို သူတွေက အလုပ်သမားတွေကို ပြောဆိုတာတွေ ရှိလို့ ငြင်းဆန်လို့ မရဘူးလို့လည်း  အလုပ်သမားတွေက ပြောပါတယ်။ 


“စက်ရုံက အရေးကြီးတယ်ဆို ပြန်လို့က မရတော့ဘူး၊ ပြန်ရင်လည်း ခေါင်းဆောင်တွေ ပြောဆိုနေတာ။ အဆောင် မှာ နေရသူက ပြန်မှ ချက်ရပြုတ်ရ၊ မီးကလည်း မလာ၊ ညနက်တော့ ဝယ်ရခြမ်းရလည်း အဆင်မပြေနဲ့မို့ ညနက် အလုပ်ဆင်း ရတာတွေက အဆင်မပြေဘူး။ အခုဟာက စက်ရုံအခက်အခဲက အရင် ၊ ကိုယ့်ဒုက္ခက နောက်မှ ဖြစ် နေတယ်။ အရမ်းလည်း ပင်ပန်းနေတယ်။ ” လို့ ပြောပါတယ်။  


New Plus စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က ကျောက်စိမ်းလမ်းမှာ ရှိပါတယ်။ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ Feel Sky ၊ WOOLLYTEC၊ စတဲ့ အထည်တွေ၊ တခြား ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။  Myanmar Labour News က နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေ အရ LKM ၊ Global Work ၊ HEAR လို တံဆိပ် အထည်တွေလည်း ချုပ်လုပ်နေပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026