NEWS

New Plus စက်ရုံ လုပ်ငန်းခွင်မှ အတင်းအကျပ် ခိုင်းစေမှု၊ ခွဲခြားဆက်ဆံမှု ၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများ

CoverLogo
447 Views
 
ကျွန်မတို့ New Plus စက်ရုံမှ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရတဲ့ ပြဿနာရပ်များနဲ့ ပတ်သက်ပြီး တင်ပြလိုပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တွေကို ထိခိုက်စေတဲ့အပြင်၊ အလုပ်အပေါ် စိတ်ပါဝင်စားမှုနဲ့ ကုန်ထုတ်စွမ်းအားကိုပါ ကျဆင်းစေပါတယ်။
 
ညီမတို့ နေ့စဉ် ည ၈ နာရီအထိ အချိန်ပို (OT) ဆင်းနေရပါတယ်။ OT မဆင်းနိုင်ရင် အပြောအဆိုခံရပြီး၊ မဖြစ်မနေ ဆင်းရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။တနင်္ဂနွေနေ့လို အလုပ်ပိတ်ရက်တွေမှာလည်း အမြဲတမ်း အလုပ်ဆင်းခိုင်းပါတယ်။ အနားယူခွင့် လုံးဝမရသလောက် ဖြစ်နေပါတယ်။
 
နေမကောင်းလို့ ခွင့်ယူရင် အပြောအဆိုခံရပြီး "အလုပ်မလာနဲ့တော့၊ နားချင်ရင် နားလိုက်တော့" ဆိုပြီး အလုပ်ထွက်ခိုင်းတဲ့ ပုံစံမျိုး ပြောဆိုခံရပါတယ်။
 
ညီမတို့ ခွင့်ရက်ကို အတိုင်းအတာတစ်ခုထက် ပိုမယူဘဲ၊ တစ်ရက်၊ နှစ်ရက်လောက်သာ ယူခဲ့တာပါ။ ဒါပေမဲ့ ရုံးချုပ်က အကြီးအကဲတွေအပါအဝင် supervisor တွေကအစ ကျွန်မတို့ရဲ့ ခွင့်ယူတာတွေကို လိုက်ပြီး ကဲ့ရဲ့ပြောဆိုနေကြပါတယ်။
နေမကောင်းလို့ အလုပ်မသွားနိုင်ရင်တောင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပါတယ်။ အခြေအနေ မသက်သာရင် ပြန်လွှတ်မယ်လို့ ပြောပေမယ့်၊ တကယ်တမ်း အလုပ် ဆင်းရတော့လည်း ပင်ပန်းဆင်းရဲမှုကို ညီမတို့ပဲ ခံစားရပါတယ်။
 
ညီမတို့ ခွင့်ယူတာကို လိုက်ပြီးစုံစမ်းတာ၊ တကယ်နေမကောင်းတာလား၊ ဟန်ဆောင်တာလား စသဖြင့် မလိုအပ်ဘဲ စွပ်စွဲ စုံစမ်းတာတွေဟာ ညီမတို့အတွက် စိတ်ဖိစီးမှုတွေ ပိုဖြစ်စေပါတယ်။ Supervisor တွေရဲ့ လုပ်ရပ်တွေဟာ လွန်လွန်ကျူးကျူး ဖြစ်နေပါတယ်။ အပေါ်ကို ဖားပြီး အောက်လက် ငယ်သားတွေကို ဖိနှိပ်ဆက်ဆံမှုတွေ လုပ်ဆောင်နေပါတယ်။
ညီမတို့နဲ့ အငြင်းပွားစကားများ ပြီဆိုရင် supervisor တွေဟာ ရုံးခန်းကို အရင်တိုင်ကြားပါတယ်။ ပြီးရင် ကျွန်မတို့ရဲ့ အလုပ်ပျက်ရက်တွေကို ထောက်ပြပြီး ခွင့်မပေးနိုင်တဲ့အကြောင်း၊ အခွင့်အရေး မပေးနိုင်တဲ့အကြောင်း တွေကို အကြောင်းပြနေပါတယ်။
 
Supervisor တစ်ဦးက အလုပ်သမားတစ်ဦးကို အလုပ်ပျက်ရက်ကြောင့် အလုပ်ကနေ ရပ်စဲကြောင်း ဖုန်းဆက်ပြောဆိုခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။ အလုပ်သမားတစ်ဦးကို အလုပ်ကနေ ထုတ်ပို င်ခွင့်ကို supervisor တွေက ပိုင်ဆိုင်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
 
အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ ခွင့်ရက်တွေ၊ အခွင့်အရေးတွေ ရှိပါတယ်။ နေမကောင်း တဲ့အခါ၊ မဖြစ်မနေ ကိစ္စရှိတဲ့အခါ ခွင့်ယူခွင့်ကို လေးစားပေးစေလိုပါတယ်။ အလုပ်ပျက်ရက်ကြောင့် ဆိုပြီး အလုပ်သမားတစ်ဦးရဲ့ အလုပ်နေရာ ရုတ်တရက် ပြောင်းပစ်တာမျိုးတွေ မလုပ်စေလိုပါ။
 
အလုပ်သမားတွေရဲ့ ခံစားချက်နဲ့ တောင်းဆိုချက်တွေကို နားထောင်ပေးပြီး၊ ဒီလိုအခြေအနေတွေ ဆက်မဖြစ်အောင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးစေလိုပါတယ်။ ဘယ်သူက တိုင်ကြားတယ်ဆိုတာကို ပြန်လည်မဖော်ပြဘဲ လျှို့ဝှက်ထိန်းသိမ်းပေးပြီး ထိရောက်တဲ့ ဖြေရှင်းမှုမျိုးတွေ လုပ်ပေးစေလိုပါတယ်။
 
ကျွန်မတို့ New Plus စက်ရုံမှ အလုပ်သမားတွေ အနေနဲ့ တရားမျှတမှုရှိပြီး စိတ်ဖိစီးမှုကင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာအောင် ကူညီဖြေရှင်းပေးပါဖို့ တောင်းဆိုပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026