NEWS

New Plus အထည်ချုပ် နေ့စဉ် ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း၊ တနင်္ဂနွေနေ့ပါ အနားမရ၊ ဝန်ထမ်းတချို့ အလုပ်သမားများအား ဆဲဆို

CoverLogo
611 Views
 
ကျွန်မ New Plus အထည်ချုပ်စက်ရုံတွင်စက်ချုပ်ရာထူးနဲ့ အလုပ်လုပ်တာ(-)နစ်ကျော်ရှိပါပြီ။
ကိုဗစ်ကာလ ကနေ စပြီး ညနေ ၄ နာရီခွဲ မုန့်စားအနားမပေးတာ အခုအချိန်ထိပါပဲ။ မုန့်မစားတဲ့အတွက် မိနစ်( ၃၀)အတွက် ၉၀၀ တော့ပေးပါတယ်၊ ဗိုက်ဆာရင် မုန့်ထွက်စားခွင့်မပေးဘူး။ ထွက်စားရင် ရုံးခန်းသန့်ရှင်းရေး အမျိုးသမီးက “ေ-ာက်ဟာမတွေ မုန့်မစားရတာ နားမလည်ဘူးလား”ဟု ဆဲဆိုပါတယ်။
ည ၈နာရီ အချိန်ပိုပြီးချိန် ဆိုလည်း တံခါးပေါက်ကနေပြီး “နင်တို့က သေတော့မဲ့လူမို့ လောနေတာလား ၊ ကားတိုက်သေမဲ့ဟာမတွေ” လို့ ဖယ်ရီကားနဲ့ ပြန်ရမဲ့ အလုပ်သမားကို ကျိန်ဆဲပါတယ်။
နောက်တခုက စက်ရုံ ဘက်က ၆ လပိုင်း အကုန်မှာ စူပါတွေကို ခေါ်ပြီး မီတင်( meeting) လုပ်ပါတယ် ။ည၈ နာရီထိ တစက်ရုံလုံး အချိန်ပို ဆင်းရင် စက်ရုံဘက်က မုန့်ဖိုး ၁ထောင် ပေးပါမယ်၊ ညှိပေးပါလို့ ပြောပါတယ်။
အခုဆို ကျွန်မတို့ ည၈ နာရီထိ မုန့်စားအနားမပေးဘဲ ချုပ်ပေးရပါတယ်။
တနင်္ဂနွေနေ့ Sunday လည်း မနားရတာ အတော်ကြာပါပြီ ။ ည၈နာရီ အလုပ်ဆင်း နေရတာက နေ့တိုင်းပါပဲ။ စူပါတွေကဘယ်တော့မှ အဲ့အချိန်အထိ အလုပ်မဆင်းပါဘူး။နိုင်ငံရေးမကောင်းလို့ မဆင်းနိုင်ဘူး ပြောတယ်။ ကျွန်မတို့လို့ အလုပ်သမားတွေကတော့ မုန့်မစားရ ၊ မနားရဘဲ ည၈နာရီထိ အလုပ် လုပ်ပေးနေရပါတယ်။ Sunday အမြဲဆင်းရနေရတာ ကိုယ်ချင်းမစာကြပါဘူး။ စက်ရုံကလည်း ခိုင်းတယ်၊ စူပါတွေကလည်း အတင်းအကြပ် ဆင်းခိုင်းပါတယ်။
အချိန် O tကနေ့တိုင်း ည၈နာရီထိ ဆင်းရတော့ ၊ အိမ်ပြန်နောက်ကျရတယ်။ အိမ်ရောက်တော့ လျှစ်စစ်မီး ကလည်း အမြဲလိုလိုပျက်တော့၊ ပြန်ရောက်မှ ချက်ပြုတ်စားသောက်ဖို့ လုပ်ရတာမို့ အတော် အဆင်မပြေဖြစ်ရပါတယ်။
ပိတ်ရက်လဲမနားရ၊ ညတိုင်းလည်း နောက်ကျမှ အလုပ်ဆင်းရတော့ ကြာတော့ ကျန်းမာရေးပါ အားနည်းလာ သလို ခံစားရပါတယ်။
တခါတလေ လိုအပ်လို့ အချိန်ပိုဆင်းခိုင်းတာ တော်ပါသေးတယ်။ ခုက နေ့တိုင်း၊ ညတိုင်း ဆိုတော့ ကြာရင် ကျွန်မတို့အလုပ်သမားတွေ မလုပ်နိုင်မကိုင်နိုင်တဲ့ အထိ ဖြစ်လာတော့မယ်။
ကျွန်မတို့ New Plus စက်ရုံကို မြန်မာလေဘာနယူး(Myanmar Labour News) မှာ တနေ့က သတင်း ဖော်ပြခဲ့တာတောင် အဲ့ညမှာ ၈နာရီတွေ ရော ၉နာရီတွေရော အိုတီအခေါ် မပျက်ပါဘူး။
တလောကလဲ အချိန်ပိုတွေ အရမ်းခေါ်လို့ တိုင်ကြတာပဲ။ အလုပ်သမားရုံးက လူကြီးတွေလဲရောက်လာပြီး ဝန်ထမ်းတွေကို ခေါ်တွေ့မေးတယ်၊ စာရွက်ထဲဖြေခိုင်းတာပဲ ။ အလုပ်သမားရုံးက လူကြီးတွေလာတဲ့ရက်မှာလည်း အချိန်ပို ညနက်တဲ့ အထိလုပ်ရတာပဲ၊ အဲဒီလူကြီးတွေ စစ်သွားပြီးလည်း အချိန်ပိုက ခေါ်တာပါပဲ။ ဘာမှမထူး ပါဘူး။ စက်ရုံက ဘယ်လို တိုင်တိုင် ဘယ်သူလာစစ် အရေးမလုပ်ပါဘူး။ လူကြီးတွေကလာစစ်ပြီးလည်း စစ်တဲ့သူက ဘာမှ မလုပ်တော့ ဘာမှမထူးခြားတော့ပါ။ တိုင်တဲ့သူသာ မောသွားပါတယ် ။
လူကြီးတွေကလည်း တကယ်ဆင်းနေရလား၊ မဆင်းရလား ဆိုတာ အိုတီဆင်းချိန် လာစစ်တာမျိုး မရှိကြဘူး။ စက်ရုံနဲ့ အလုပ်သမားရုံးက လူကြီးတွေက အတူတူတွေပဲလား မသိပါဘူး။
အလုပ်သမားတွေက မနက်၊ ညနေ အလုပ်ချိန် ၊ အချိန်ပိုတွေကို ဥပဒေ အတိုင်း စက်ရုံဘက်ကနေ လုပ်ခိုင်း စေချင်တယ် ။ ကျွန်မတို့ကတော့ ည ၇ နာရီထိပဲ OT ဆင်းနိုင်ပါတယ်။
ကျွန်မတို့လို အလုပ်သမားတွေ သေအောင် လုပ်လို့ ကောင်းစားတာက စူပါ နဲ့ စက်ရုံပဲ ရှိတယ်။ ကျွန်မတို့ကတော့ စားလည်း အဆဲခံရ၊ အိမ်ပြန်ချိန်လည်း အဆဲခံရ နဲ့အဆင်မပြေပါဘူး ။
မုန့်စားနားချင်းလား ၊ ၈နာရီအိုတီ ဆင်းချင်လားမမေးနဲ့ ဥပဒေအတိုင်းလုပ်ကိုင်ခိုင်းရင် အားလုံးအတွက် အဆင်ပြေတယ်။
ကူညီပေးပါ ၊ တောင်းဆိုပါတယ်ရှင့် ။
အချက်အလက်- (New Plus စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်က ကျောက်စိမ်းလမ်းမှာ ရှိပါတယ်။ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ Feel Sky ၊ WOOLLYTEC၊ စတဲ့ အထည်တွေ၊ တခြား ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
Myanmar Labour News က နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ LKM ၊ Global Work ၊ HEAR လို တံဆိပ် အထည်တွေလည်း ချုပ်လုပ်နေပါတယ်။
ဇွန်လ ၂၀ ရက်မှာ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူ အမျိုးသား ငါးဦးက စက်ရုံကို ဝင်ရောက်စစ်ဆေးပေခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်တာ မရှိခဲ့လို့၊ စက်ရုံဘက် အချိန်ပို အလွန်အကျွံ ခေါ်ယူတာနဲ့ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ဆဲဆိုမှုတွေ ဆက်ရှိနေတာလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။)
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026