NEWS

New  Plus အထည်ချုပ်စက်ရုံ လချီ အချိန်ပိုခေါ်ယူမှု အလုပ်သမားများ လုံခြုံရေး စိုးရိမ်လာ

CoverLogo
642 Views

New  Plus အထည်ချုပ်စက်ရုံကပါ ဗျ။ 

ပေါ်တာဆွဲတဲ့  သတင်းတွေ ကြားရတာ ရက်ဆက်နေပါပြီ။ 

စက်ရုံကလည်း ည ၈ နာရီအထိ အချိန်ပိုလုပ်ခိုင်းတော့ ကျွန်တော်တို့မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ စက်ရုံဘက်လည်း အချိန်ပိုကို မဖြစ်မနေ လုပ်ခိုင်းပါတယ်။ ည ၈ နာရီမှ အလုပ်ပြီးတော့လည်း အိမ်ထဲရောက်မှ စိတ်ချနိုင်ပါတယ်။ အိမ်အပြန်လမ်း တလျှောက်လုံး လုံခြုံရေးအဖွဲ့အစည်းတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရ ပါတယ်။  အိမ်ပြန်တိုင်း မလုံခြုံတော့ဘူး။  

အဲဒီ အဖွဲ့အစည်းတွေက မနက်ရော ညရော ရှိနေတာပါ။ အခုက ညမပြောနဲ့ နေ့ဘက်တောင် ပေါ်တာဆွဲချင်  ဆွဲနေတာ ၊ ည ၈ နာရီ အထိကို စက်ရုံက အချိန်ပို လုပ်ခိုင်းနေတာကလည်း နိုဝင်ဘာလ ကတည်းကဆိုတော့ နှစ်လတောင် ရှိနေပြီ ။ ခုထိလည်း အချိန်ပိုကို ဆက်လုပ်ခိုင်းတုန်းပါပဲ။ အလုပ်သမားတွေ ပေါ်တာပဲ ဖြစ်ဖြစ် စစ်တပ်ထဲပဲ ခေါ်သွားသွား ၊ နောက်က မိသားစုကလည်း လွှတ်ပေးဖို့ သိန်းနဲ့ချီ မပေးပြီး နိုင်ကြဘူး။ ကျွန်တော်တို့ လုပ်အားနဲ့ ရပ်တည်နေတဲ့ ဒီမိသားစုတွေပဲ စားဝတ်နေရေး ခက်ခဲသွားမှာ ။ 

အချိန်ပိုတွေ ခေါ်ခိုင်းပြီး စက်ရုံဘက် ထောက်ခံစာကို အလိုက်တသိနဲ့ ပေးထားစေချင်တာပါ။ 

ဝန်ထမ်းကတ်က တော့ အလုပ်သမားတိုင်းရှိပေမဲ့ ထောက်ခံစာလိုလေး လုပ်ပေးစေချင်တယ်။ အခုက အမျိုးသားအမျိုးသမီး ခွဲခြားနေမှာ  မဟုတ်ဘူး၊ အကုန် ဆွဲခေါ်နေတယ်လို့လည်း ကြားနေလို့ပါ။ အဲ့လို ဆွဲသွားခဲ့ရင်တောင် စက်ရုံ ဘက်က လိုက်ဖြေရှင်းပေးမှာ မဟုတ်တာတော့ သေချာပါတယ်။
ခေတ်အခြေနေအရ ည ၈နာရီ အထိ အလုပ်ဆင်းရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ 

အရင်က အလုပ်ချိန်က မနက် ၈  နာရီကနေ အချိန်ပိုအပါ  ည ၇ နာရီ အထိပါ။ အခုတော့ ည ၈နာရီ လုပ်နေရတာပါ။ တနင်္ဂနွေနေ့မှာလည်း အလုပ်သမား အနည်းစု အလုပ်ဆင်းရပါတယ်။ တနင်္ဂနွေနေ့တိုင်းပါ။ 

ညနေ ၄ခွဲ ဆိုရင် နာရီဝက် နားချိန်ပေးပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေက တမင်မယူကြတာပါ။ အများစုက hourly  အတွက် အမီလိုက်ဖိုအတွက် မုန့်ထွက်မစားနိုင်တော့မဲ့ အတူတူ   အဲ့နာရီဝက်ကို  မနားဘဲ  အချိန်ပိုခ ယူလိုက်တာပါ။  

အဓိက က ၈နာရီအထိ မဆင်းချင်တာပါ။ နောက်တခုက စက် ဆေးခန်းမှာ ဆေးလုံလောက်စွာ ထားစေချင်တာပါ။ လက်ရှိ စက်ရုံဆေးခန်းက ပါရာစီတမောတို့ ခေါင်းမူးပျောက်ဆေးလောက်ပဲ ရှိပါတယ်။ ဓာတ်ဆားလည်း လိုတိုင်း မရပါဘူး။ 

ကျန်းမာရေး ကော်မတီလို့ ဖွဲ့တယ်လို့တော့ ကျွန်တော်တို့ ကြားရပါတယ်။ ဒါပေမဲ့ ဘယ်လို လှုပ်ရှားမှု ရှိလည်း တော့ မသိဘူး။ စာရွက်ပေါ်က အဖွဲ့အစည်း ပဲ ဖြစ်မှာပါ။ စက်ရုံ ဆေးခန်းမှာ  နစ်(စ) တယောက်ခန့် ထားတယ်။ ဆေးခန်းက ဆေးမရပေမဲ့ ကြုံတဲ့သူ ဝင်အိပ်၊ ဖုန်းသုံးပြီး ၊ TikTok ဆော့တဲ့ အခန်းဖြစ်နေတာ။ ဟေးလားဝါးလား  အခန်းဖြစ်နေတာ ။

ကျွန်တော်ဌာနထဲက မိန်းကလေးတွေဆို တအားငြီးကြတယ်။ သူတို့ မိန်းကလေး လိုချင်တဲ့ဆေးက ဗိုက်အောင့် ပျောက်ဆေးတို့  ၊ အကိုက်အခဲပျောက်ဆေး dofenal  တို့လို ဆေးမျိုးတွေ ၊ ဓာတ်ဆား ဆေးထုပ်တွေ ၊ ခေါင်းကပ် ပလာစာတာ အဲလိုဆေးတွေက စက်ရုံမှာ တောင်းတိုင်းမရှိဘူး ။ ဓါတ်ဆားအသုံးများတာက စက်ရုံက တအားပူ တယ်။ အလုပ်သမားတွေ ချွေးတွေထွက်ကြတော့ ဓါတ်ဆားတွေက လိုအပ်တာပါ။ 

စက်ရုံမှာက ရုံးကားက တစီးတည်း ရှိတယ်။ မိန်းကလေး အလုပ်သမားတွေ မူးလဲတယ်ဆိုရင် အဲ့ရုံးကားများ မရှိလို့ကတော့ ကိုယ့်စာရိတ်နဲ့ကို ဆေးခန်း သွားပြရတာပါ။ ကားငှားလည်း ကိုယ့်စာရိတ်၊ ဆေးခန်းခလည်း ကိုယ့်စာရိတ်နဲ့ ကိုယ်ပါ။ ဒါကြောင့် ဆေးခန်းမှာ ဆေး အပြည့်အစုံ ရှိစေချင်တာ။  
အကိုတို့အနေနဲ့ လာကြည့်လို့ရပါတယ်။ ဒါတွေက တကယ် ဖြစ်နေတာပါ။ ဒါကြောင့်လည်း အသိပေးရတာပါ ဗျ။ 

(#အချက်အလက်- New Plus အထည်ချုပ်က သာဓုကန် စက်မှုဇုန် ၄၊ ကျောက်စိမ်းလမ်း၊ နွားခြံမှတ်တိုင် မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ Myanmar Labour News က သိရှိထား ပါတယ်။ လုပ်သား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်ပြီး၊ ပြီးခဲ့တဲ ဇူလိုင်လတုန်းကတာ့  LKM တံဆိပ် အထည်တွေ ချုပ်လုပ်နေ တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။)

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026