NEWS

New plus စက်ရုံ အလုပ်သမားများ ပေးစာ

CoverLogo
408 Views
New plus စက်ရုံကပါ
 
ညီမလေးတို့ နှစ်လကျော်လောက်ရှိပြီ ည ၈ နာရီအိုတီတွေ ဆင်းရပါတယ်။ တနင်္ဂနွေနားရက် မနားဘဲ အိုတီဆင်းရတာ တစ် လရှိပြီ။
 
အခု ပိတ်ရက်တွေ အစားထိုးပိတ်ပေးဖို့ တောင်းဆိုးတာကို စက်ရုံမပိတ်ပေးပါဘူး။ လိုင်း ၇ က အော်စူပါက မပိတ်ချင်တော့ စက်ရုကမပိတ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် အလုပ်သမားတွေက ပိတ်ပေးဖို ရုံးခန်းက မန်နေဂျာဆီ တောင်းဆိုကြပါတယ်။ မရပါဘူး။
 
ပိတ်ရက်တောင်းဆိုတာက မမီလို့ အလုပ်သမားတွေက ရက်စားပိတ်ပေးဖို့ တောင်းဆိုတာပါ။ ဇန်နဝါရီ ၁၊ ၂၊ ၃၊ ၄ ရက် ဆက်တိုက်ပိတ်ပေးတောင်းဆိုပါတယ်။
 
အပတ်စဉ် ဆုကြေးတွေကို အခု နောက်ကျမှ ပေးပါတော့တယ်။ ခါတိုင်းဆို တနလာနေ့ လက်မှတ်ထိုးခိုင်းပြီး အဂါနေ့ဆိုပေးတယ်။ အခုဆို ကြာသပတေးနေမှ ပေးတယ် ။ တခါတလေ သောကြာနေ့မှပေးတယ်။
 
လပတ် ဆုကြေးဆိုလဲ ခါတိုင်း ၁၅၊ ၁၆ရက် ဆိုပေးတယ်။ အခုဆို ရက်၂၀ လောက်မှ ပေးတယ်။ အလုပ်သမားတွေ အတွက် အရမ်းကို ခက်ခဲဖြစ်ရတာပါ။
 
အိုတီဆင်းဖို့ကို စက်ရုံကခိုင်းတဲ့အတိုင်း အလုပ်သမားတွေက ဆင်းပေးရတယ်။ မငြူးငြူခဲ့ပါဘူး။ အခုတော့ ရက်အစားလေး ပိတ်ပေးဖို့ တောင်းဆိုတာပါ။
 
စက်ရုံမှာ အကြံပြုစာ ထည့်လည်း ထိထိရောက်ရောက် ဖြေရှင်းမပေးလို့ပါ။
အကူအညီတောင်းပါတယ် ရှင့် ။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026