NEWS

New Plus စက်ရုံ တွင်အနားမရဘဲ ချုပ်လုပ်နေရ

CoverLogo
559 Views

New Plus အထည်ချုပ်စက်ရုံမှာ အထည်စံချိန်ပြည့်မီဖို့  နားချိန်မှာ အပြည့်အဝ အနားမရဘဲ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  အထည်ချိန် စံချိန်မပြည့်ပါက ကြီးကြပ်ရေး ခေါင်းဆောင်တွေရဲ့ ဖိအားပေး ပြောဆိုတာကြောင့် နားချိန်တွေမှာ မနားနိုင်ဘဲ ချုပ်လုပ်နေရတာလို့ ပြောပါတယ်။ 

 

"ထမင်းစားနားချိန်က နာရီဝက်၊ ဒါပေမဲ့ ထမင်း ကိုအမြန်စားပြီး လိုင်းထဲ ပြန်ဝင်ချုပ်ရတယ်။ တချိုတွေဆို ထွက် မစား နိုင်တော့ဘူး။ မနားဘဲ ဆက်ပြီး ချုပ်ကြတာတွေလည်း ရှိတယ်။  အထည်မပေးနိုင်ရင် အပြောခံရမှာ စိုးရိမ် ကြတယ်။  တချိုခေါင်းဆောင်တွေဆို နင်တို မြန်မြန်စားပြီး ပြန်ဝင်ချုပ် ဆိုပြီး တောင်ပြောတယ်။ စက်ရုံက စံချိန်မတရားတောင်းတယ်။ ခေါင်းဆောင်တွေကလည်း မပေးနိုင်ဘူးလို့ မငြင်းဘူး။ ပေးနိုင်တယ် ပြောပြီး စက်သမားတွေကို ဖိခိုင်းတယ် ။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

အချိန်ပိုလုပ်ကိုင်ရလို့ မုန့်စားနားချိန် နာရီဝက် ပေးထားပေမဲ့ အထည်ချုပ်အလုပ်သမားတွေမှာ စံချိန်ပြည့်ဖို့  မုန့် ထွက်မစားနိုင်သလို  သန့်စင်ခန်းဝင်တာ ကြာမြင့်တယ်ဆိုပြီး ကြီးကြပ်ရေးမှူးတွေရဲ့ ပြောဆိုတာလည်း ခံရတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။  အထည် စံချိန်ပြည့်လို့ စက်သမားတွေရတဲ့ ငွေပမာဏထက် ၃ဆကို ကြီးကြပ်ရေး ခေါင်းဆောင်တွေရရှိပြီ လကုန်မှာ ဆုကြေး သီးသန့်ပေးမယ်ဆိုပြီး ပြောဆိုနေတယ်လို့ ပြောပါတယ်။

 

“အခုလဲ တလ စံချိန်ပြည့်ရင် စူပါက ဘောက်စူး ၅သိန်း နဲ့ အောစူပါက iphone တစ်လုံး ပေးမယ် ဆိုပြီး စက်ရုံ မှူးက ပြောတယ်။  ခေါင်းဆောင်တွေက သူတို ရဖို့  အလုပ်သမားတွေကို  ဖိခိုင်းတော့တာ၊ အကျိုးခံစားခွင့်က သူတို့ကပဲ ရနေတာ။’ လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

New Plus အထည်ချုပ်စက်ရုံက သာဓုကန် စက်မှုဇုန်မှာ  အလုပ်သမား ၁၀၀၀ နီးပါး လုပ်ကိုင်နေတဲ့  တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026