NEWS

New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ

CoverLogo
330 Views
(လုပ်ငန်းခွင် စည်းကမ်းမညီညွတ်တဲ့ အော်စူပါရဲ့ လုပ်ရပ်၊ စက်ရုံမှူးရဲ့ ဘက်လိုက်မှုနဲ့ တရားမျှတမှုမရှိခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များ)
 
New Plus အထည်ချုပ် စက်ရုံကပါ။ စက်ရုံမှာ ခွဲခြား ဆက်ဆံမှုနဲ့ ဘက်လိုက်မှုတွေ ကို ပြောပြလိုပါတယ်။ စက်ပြင်တွေကို ဘယ်လိုင်းတွေ ဘယ်စက်ပြင် ကိုင်ရမလဲဆိုတာသတ်မှတ်ပေးထားပါတယ် ။ ဒါပေမယ့် လိုင်းပိုင် စက်ပြင်မအားရင်၊ မရှိရင် တခြားအားတဲ့စက်ပြင်တွေက လိုအပ်သလို ကူပြီး ပြင်ပေးပါတယ်။
 
ဒီမနက်(စက်တင်ဘာ ၁၁ ရက်) စက်ပြင်တယောက်က စက်ပြင်ခန်းထဲထိုင်နေတဲ့အချိန် လိုင်း ၄ အောစူပါက စက်ပြင်လာခေါ်တယ်။ ဒါကိုသူ့လိုင်းပိုင်မဟုတ်တဲ့စက်ပြင်က သူ့လုပ်ရမယ့်လိုင်း မဟုတ်တဲ့အတွက် ဘာမှပြန်မပြောဘဲ ခဏစောင့်နေတာကို အောစူပါက သူခေါ်တာ မလိုက်လို့ ဆိုပြီး ဆဲဆိုသောင်းကျနိးပါတယ်။ အော်ကြီးဟစ်ကျယ်ပါပဲ ။
 
“အားအားယားယား၊ ဖုန်းပဲကြည့်နေတယ်၊ ခေါ်တာကြ မလိုက်ဘူး” လို့ပြောပြီး ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပါတယ်။ ပြီးတော့ ရုံးခန်းကို ဦးအောင်သွားတိုင်ပါတယ်။ နောက်တော့စက်ရုံမှုးက စက်ရုံထဲမှာ ဘယ်သူမဆို ဖုန်းကိုင်ခွင့်မရှိဆိုပြီး၊ မိုက်နဲ့အော်ပါတယ်။ ကိုင်တာတွေ့ရင် ဝမ်တိန်ထိုးရမယ်။ ဆုကြေးဖြတ်မယ်လည်း ပြောတယ်။
 
မိုက်နဲ့ အော်နေတာထက် စက်ရုံမှူးအနေနဲ့ ဒီအဖြစ်အပျက် နှစ်ခုလုံးကို မျှမျှတတ စုံစမ်းစစ်ဆေးပြီး၊ စက်ပြင်ကိုရော အောစူပါကိုပါ သီးသန့်ခေါ်ယူ တွေ့ဆုံ မေးမြန်းပြီး ဖြေရှင်းပေးသင့်ပါတယ်။
 
တော်ရုံဆို မပြောပါဘူး။ စက်ရုံမှာက လူကြားသူကြားမရှောင် ဆဲနေတာ။ ဒီအောစူပါကို စက်ရုံက လူတိုင်းက ရှောင်တယ်။ ဒါကို စက်ရုံကလည်း ထိန်းသိမ်း ပြောဆိုတာ မရှိဘူး။ သူ့ကြောင့်ပဲ စက်ရုံက ခဏခဏ အတိုင်ခံရတယ်။ သူပဲ ဖိအားပေး အထည်တောင်းတယ်။ အထည်ရတော့ သူက မျက်နှာရတယ်။ ဆုကြေး ပိုယူတယ်။ လိုင်းသားတွေက အဆဲခံပြီး ချုပ်ရတယ်။ အဆဲခံရတာနဲ့ ရတဲ့ လစာနဲ့ မျှတရဲ့လား ။
 
မေးချင်တာက
အဲ့အောစူပါ အရင် အော်ဟစ်ဆဲပြီး သွားတိုင်တာ၊ မှန်ကန်ရဲ့လားသိချင်ပါတယ်။ စက်ရုံမှူးကပဲ အဲ့‌ အောစူပါကို ကြောက် နေရလိုလား။ ချက်ချင်းကို မိုက်နဲ့အော်တာက ဘက်လိုက်တာလား၊ မဖြေရှင်းဘဲ ပြီးပြီးရော လုပ်တာလား၊ ဒါဆို ပြဿနာတွေ ပြေလည်မှာလား။
 
တကယ်က စက်ပြင်ကို အောစူပါက အေးအေးဆေးဆေး ပြောပြီးခေါ်ရင် လိုက်ပြင်ပေးမှာလို့ ထင်ပါတယ်။
အဲ့လို ဆဲဆိုသူရဲ့ ပြောစကားနားထောင်ပြီး ၊ ရုံးခန်းက စည်းကမ်းချက်တွေ လိုက်ထုတ်နေမယ်ဆိုရင်၊ တခြား အလုပ်သမားတွေလည်း ဆဲဆိုပြီး အရင် ဦးအောင် တိုင်မှ ရမှာလား ။ ဦးအောင် တိုင်တဲ့သူပြောတဲ့ အတိုင်း စည်းကမ်းချက် တွေထုတ်မှာလည်း၊ တရားမျှတမှု မရှာဘူး၊ လူရမ်းကားတွေကို နေရာပေးမှာလား။
 
Myanmar Labour News ကနေ မေးလိုက်ပါတယ်။ အကြံပြုစာထည့်လည်း ဂရုမစိုက် ကြလို့ပါ။ အိုတီ ဆင်းရတာတွေ အကြောင်း ထပ်ပြောပါဦးမယ်။
ကျေးဇူးတင်ပါတယ်ရှင့်။

Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026