NEWS

New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ

CoverLogo
8 Views

#ပေးစာ

New Fubon အထည်ချုပ်က လုပ်ငန်းခွင်ချိုးဖောက်မှုတွေအကြောင်း မကြာခဏ တိုင်လည်း ဘာမှ ပြုပြင် ပြောင်းလဲတာ မရှိပါဘူး။ တခါမှလည်း စစ်ဆေးတယ်လို့ မကြားရပါဘူး။


အခုဆို ဘာမှ မဖြစ်သလိုပါပဲ အချိန်ပိုတွေကို တစ်ပတ်ကို အောလင်း၊ အောနိုက် သုံးလေရက်လောက်ခေါ် ခိုင်းပါတယ်။ စက်ရုံမန် နေဂျာအောစူပါ၊ စူပါတွေက  မဆင်းမနေရ ဖိအားပေးတယ်။ ဆင်းခိုင်းပါတယ်။ 


အချိန်ပို မဆင်းနိုင်လို့ ပြောလည်း အောစူပါ၊  စူပါတွေက ခေါ်ဆူပါတော့တယ်။ ဒါနဲ့ မပြီးပါဘူး ။ အဲ့အလုပ်သမားကို မကြည်မလင်နဲ့  ဘယ်လောက်ကြိုးစားတဲ့ အလုပ်သမားဖြစ်ဖြစ် အငြိုးအထားပါတယ်။ 


မဆင်းချင်လဲရတယ်လို့ တစ်ခါမှမပြောဘူး။ အထည်တွေ အရမ်း အရေးကြီးနေတာ ဆင်းမရမယ်ဆိုတာပဲ ပြောတာပါ။  မဆင်းနိုင်ရင် အဆင်မ ပြောဘူး နော်ဆိုပြီး ဖိအားပေးတော့ပါတယ်။ 


အချိန်ပို ခေါ်ရမယ်ဆိုရင် စက်ရုံမန်နေဂျာကခေါ်ပါတယ်။  စက်ရုံဘက်က ညစာအတွက် စီမံပေးတာမရှိပါဘူး။ ထမင်းဖိုး ၂၂၀၀ ပဲ ပေးပါတယ်။ ဒါက စက်ရုံအခြေအနေနဲ့ အဆင်မပြေပါဘူး။
ညဘက်ဆို စျေးသည်များတွေ မလာကြပါဘူး။ အလုပ်သမားတွေ ထမင်းစားဖို့ ခက်ခဲရပါတယ်။  


၂၂၀၀ ဆိုတာ ထမင်းတနပ် ဝယ်စားဖို့အတွက် ဘယ်လိုမှ မလောက်င ပါဘူး။ အလုပ်ရှင်က ထမင်းကျွေးဖို့ စီစဉ်ပေးစေလိုပါတယ်။ 


စနေနေ့တွေဆို အမြဲတမ်း  ည၇ခွဲ၊ ၈ခွဲအထိ အချိန်ပိုဆင်းရပါတယ်။  တနင်္ဂနွေ နေ့အလုပ်ပိတ်ရက်လည်း ပိတ်မပေးပါဘူး။ တနင်္ဂနွေနေ့အချိန်ပိုဆို  ည၇ခွဲ၊ ၈ခွဲအထိ ဆင်းရပါတယ်။


လစာထုတ်ရက်ဆို အစောပြန်ရတဲ့ တစ်ရက်မှ မရှိပါဘူး။  ည၇ခွဲအထိ အချိန်ပိုဆင်းခိုင်းလို့ လုပ်ပေးရပြန်တယ်။ ည၇ခွဲမှ အိမ်ပြန်ရတာက လစာပိုက်ဆံတွေနဲ့ဆို လုံခြုံမှုမရှိပါဘူး။ တစ်လလုံး လုပ်ထားတဲ့ လစာဆို လုယက်ခံရင် အလုပ်သမားတွေ အများကြီး ခက်ခဲရပါတယ်။  


အထည်စံချိန်တွေ နင်းကန်တောင်းပါတယ်။  မရရင်တော့  အောစူပါ၊ စူပါ၊ လီတာတွေရဲ့ ဆဲတာခံရတာ။ အဖေ၊အမေတွေနဲ့ တိုင်းထွာဆဲတာခံရတာပါ။  


စက်ရုံမန်နေဂျာက ပိုင်ရှင်တရုတ်ဘက်ပဲကြည့်ပြီး ရာထူး တည်မြဲရေး၊  မျက်နှာရ‌ရေးကိုသာ လုပ်ဆောင်တာပါ။   
မြန်မာအလုပ်သမားအတွေ အများကြီး နစ်နာရပါတယ်။   


ခွင်ရက်တွေလည်း မပေးပါဘူး။  ဆေးခွင့် ရှောင်တခွင့်ယူလိုက် အလုပ်ပျက်ရင်  ခြောက်သောင်းကျော် ဝန်းကျင် အဖြတ်ခံရတာပါ၊  ဘာတွေဖြတ်ချလည်း မသိရဘူး ။ စက်ရုံက ဖြတ်တဲ့အတိုင်း လက်ခံရတာပါ။  


အရေးကြီး ဂိတ်ပတ်ယူရင်လည်း မရခဲ့ဘူး။ အိမ်က အမေ မူးလဲတာတောင် ဂိတ်ကတ်မပေးလို့ ပြန်ခွင့်မရခဲ့ပါဘူး။  လူမှုရေးမရှိသလို ကိုယ်ချင်းစာစိတ်လည်း မရှိကြပါဘူး။


အိမ်သာတွေဆို တစ်လုံးမှ မကောင်းဘူး။  သုံးရေမလာတာနဲ့၊ ရေမကျတာနဲ့၊ တံခါးတွေမကောင်းတာနဲ့ အဲလိုတွေပါ။ စက်ရုံကလည်း ပြုပြင်ပေးတာ မရှိပါဘူး။ 


လုပ်ငန်းခွင်ထဲ ဆေးခန်းလည်းမရှိ၊ ဆေးဝါးလိုချင်လည်း မရ။  ဆေးလိုလို့ တောင်းရင် စက်ရုံ ရုံးခန်းမှာ ထားတယ်တဲ့ ။ ဘယ် အလုပ်သမားမှ သွားမယူရဲ့ ကြဘူး။ ဆေးလည်း မရဘူး။ 


ဖယ်ရီကားတွေဆို မိန်းခလေးတွေ  တွယ်ကပ်စီးနေရတာပါ။  မိုးရာသီရောက်လာပြီဆို ပိုပြီး အန္တရာယ်များ ပါတယ်။ 


စက်ရုံ ဒေးကြေးတစ်ရက်ကို ၁၂၀၀၀ ၊  အချိန်ပိုကြေး၂၂၀၀ကျပ်၊ ရက်မှန်ကြေး ၃၀၀၀၀ ပေးပါတယ်။ အလုပ်ချိန်ကတော့ မနက်ဆို ၈ နာရီ၊  ညနေ ၇ခွဲ၊ ၈ခွဲ  အဲ့လိုတွေ ဆင်းရပါတယ်။


စက်ရုံမှာ နေစားအလုပ်သမားတွေဆို အရမ်းကို နစ်နာကြပါတယ်။  အစမ်းခန့် ကာလကျော်တဲ့ နေ့စားအလုပ်သမားတွေဆို  လခစားမခန့်ပါဘူး။  နေ့စားအလုပ်သမားအနေနဲ့ပဲ ဆက်လုပ်ရပါတယ်။ 


လုပ်ငန်းခွင်ထဲက နေ့စားအလုပ်သားအများကြီးပါ။ လိုအပ်ရင် ခေါ်သုံးလိုက်၊ မလိုအပ်ရင် မန်နေဂျာ၊ အောစူပါ၊ စူပါတွေက အလုပ်ထုပ်လိုက် သံသရာလည်နေပါတယ်။


ဒါတွေကို WCC ကို မတိုင်ဘူးလားလို့ မေးမှာပါ။ စက်ရုံမှာ WCC အဖွဲ့ မဖွဲ့ထားလို့ တိုင်မရပါဘူး၊ အလုပ်သမားရုံးလည်း အလားတူပါပဲ။ တိုင်လည်း မစစ်ပါဘူး ရှင့်။


(New Fubon Garment Company Limited စက်ရုံသည် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်း၊ ရုံအမှတ်၁၃၄မှာ ဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါသည်။ အလုပ်သမားများ ၅၀၀ ကျော် လုပ်ကိုင်ပြီး RESERVED,Sinsay တံဆိပ်အထည်တွေ ချုပ်နေပါသည်။)  


Related posts

Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026