NEWS

Myanto Industrial လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်မှုတွေရှိနေ

CoverLogo
441 Views

Myanto Industrial အထည်ချုပ်လုပ်သားတွေလုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေကြုံတွေ့နေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ ကြီးကြပ်ရေး အောစူပါ လီတာ တွေနဲ့ တရုတ်အမျိုးသမီးတို့မှ အလုပ်သမားတွေကို ဆဲဆိုခိုင်းစေတာ ဥပဒေပါခွင့်ရက်ခံစားခွင့်မရတာ အထည်စံချိန်ကို အလွန်အကျွံတောင်းခံနေတာနဲ့ အချိန်ပိုကို အလုပ်သမားသဘောတူညီမှုမပါဘဲ ခိုင်းစေတာ လုပ်သက် ၃ လကျော်သွားတဲ့ အလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိတာ စတဲ့ အခြေအနေတွေကြုံနေရပေမဲ့ တာဝန်ရှိသူတွေဖြေရှင်းမပေးလို့ နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် မြစိမ်းရောင်လမ်း မြခတ္တာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးအလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပြီး  Defacto  အမှတ်တံဆိပ် ဂျာကင်တွေ ချုပ်လုပ်တာလို့ ပြောပါတယ်။

"လုပ်ငန်းခွင်ထဲမှာ နေ့စားတွေ ၅၀ လောက်ရှိတယ် လုပ်သက် ၃ လကျော်သွားတာကို အတည်ပြုခန့်ပေးတာမရှိဘူး အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်တွေလည်းမပေးပါဘူး အလုပ်လာနေရင်းအရေးပေါ်ကိစ္စရှိလို့ ကြီးကြပ်သူတွေကို ဖုန်းဆက်ခွင့်တိုင်လည်း ရှောင်တခင်ခွင့်မရဘူး တရက်ပျက်တာနဲ့ ဒေးကြေး ၆၂၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀ နဲ့ အဆင့်လိုက်ပေးတဲ့ ကျွမ်းကျင်ကြေးတွေအချိုးကျဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက် အလွန်အကျွံတောင်းခံနေတယ်လို့ အလုပ်သမားကပြောပါတယ်။ စက်လိုင်းတစ်လိုင်းကို လူဦးရေ ၂၀ ကျော် ၃၀ ကျော်အထိ ရှိပြီး ဝယ်လွန်သားအထည်တွေကို တစ်နာရီ ၃၅ ထည်ထိ ချုပ်လုပ်ရပြီး စက်လိုင်းအတွင်းလူဦးရေ မတူညီပေမဲ့ အထည်စံချိန်ကိုတန်းတူချုပ်လုပ်ပေးနေရတာကြောင့်လည်း အခက်ကြုံရတယ်လို့ ပြောပါတယ်။

"လိုင်း ၆ နဲ့ လိုင်း ၇ လီတာဆို အလုပ်သမားတွေအလုပ်တက်ချိန်ကနေ ပြန်တဲ့အချိန်ထိ မနားတမ်း အော်ဟစ်ဆဲဆို စံချိန်တောင်းတာ "အထည်တောင်းတာမကြိုက်ရင် စက်ရုံအလုပ်လာမဆင်းနဲ့"ဆိုပြီး ခြိမ်းခြောက်သေးတယ် ‌ေ-ာက်နဲ့ ပြောတယ် နွားမတွေဆိုပြီး ပြောတယ် လိုင်း ၇ လိုင်း ၉ ကြီးကြပ်တဲ့ အောစူပါဆိုလဲ လီတာတွေအော်ဟစ်မတောင်းရင် အရည်အချင်းမရှိတဲ့ လီတာ (leader) ဆိုပြီး ပြောလို့ အလုပ်သမားတွေက တချိန်လုံးဖိအားပေးဆဲဆိုပြီးခိုင်းတာခံနေရတယ် နိုင်ငံခြားသားတရုတ်အမျိုးသမီးကိုယ်တိုင် အထည်တောင်းတာ လက်ညှိုးထိုးပြီး အော်ဆဲနေတာ နေ့တိုင်းငရဲလိုပဲ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရပြီး ကျွမ်းကျင်ကြေးသတ်မှတ်ပေးရာမှလည်း ခွဲခြားဆက်ဆံမှုတွေကြောင့်  မျှတမှုမရှိလို့ အခက်အခဲဖြစ်နေရပြီး ဖြေရှင်းပေးရန် လိုလားနေတယ်လို့ ပြောပါတယ်။

လုပ်ငန်းလည်ပတ်ချိန်ဟာ တနင်္လာနေ့မှ သောကြာနေ့အထထိကို ည ၇ နာရီ ၃၀ အထိ လုပ်ကိုင်ရသလို စနေနေ့မှာ ၆ နာရီ ၃၀ ထိ လုပ်ကိုင်ရပြီး တနင်္ဂနွေ မှာလည်းပိတ်ရက်မရှိဘဲ အလှည့်ကျအချိန်ပိုဆင်းရလို့ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

"မီတင်ခေါ်တဲ့အခါ အောစူပါက  စက်လိုင်းချိန်းလို့ အဆင်မပြေတဲ့အလုပ်သမားဆို တခါတည်းအလုပ်ထွက်ရမယ်ဆိုပြီးပြောတယ် အဆင့်အတန်းခွဲခြားပြီးတော့ "ငါ့ကိုပြိုင်ရင်နင်တို့ပဲ လစာနည်းမှာ" ဆိုတာမျိုးတွေပြောတာပေါ့ အခုက စားဝတ်နေရေးအခက်အခဲကြောင့်အလုပ်ပြုတ်မှာစိုးလို့သာ ငြိမ်ခံနေရတာ နေ့ရက်တိုင်းမှာ အလုပ်ဖြုတ်ခံရနိုင်တဲ့အနေအထားမျိုးနဲ့ ရင်ဆိုင်နေရတာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုအော်ဟစ်ခံရခြင်းမရှိဘဲ  ဂုဏ်သိက္ခာနှင့်အညီလုပ်ကိုင်လိုခြင်း ဖူလုံသောလုပ်ခလစာနှင့် မျှတသောလုပ်ငန်းခွင် လိုလားပေမဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းထားသော  WCC အဖွဲ့ကလည်း  အလုပ်ရှင်ဖွဲ့စည်းပေးထားတာကြောင့် အလုပ်သမားတွေအနေနဲ့ အခြေခံအခွင့်အရေးပင် ရရှိခြင်းမရှိဘူးလို့ ပြောပါတယ််။

 


Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026