NEWS

Myanto Industrial CO.Ltd  တွင် အလုပ်သမားတစ်ဦးကို ပွိုင့်လေးပွိုင့် ချုပ်ခိုင်းသည့်အပြင် အလုပ်မလာသူများ အတွက်ပါ လုပ်အားဖြည့်ခိုင်း

CoverLogo
742 Views

တရုတ်နိုင်ငံသားပိုင် Myanto Industrial CO.Ltd  မှာ အထည်စံချိန်တွေကို မတရားတောင်းခံနေတာကြောင့် အလုပ်သမားတစ်ဦးကို ပွိုင့်သုံးပွိုင့်ကနေလေးပွိုင့်အထိ ချုပ်ရတဲ့အပြင် အလုပ်မလာသူတွေအတွက်ပါ ကျန်ဝန်ထမ်းတွေက လုပ်အားစိုက်ထုတ် ချုပ်ပေးရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခက်တာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လူဦးရေ (၅၀၀) ကျော်နဲ့ October၊ AMISU၊ aero guard စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်း ခွင်ထဲမှာတော့ သမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက်မှုတွေ ရှိနေတာပါ၊ 

“ချုပ်ရတာက ဘောင်းဘီ၊ ရှပ်အင်္ကျီပါ။ ချုပ်ရတဲ့အထည်တွေက လက်ဝင်ပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူဦးရေ (၃၀)ကျော်တဲ့လိုင်း ရှိသလို (၄၀) ကျော်တဲ့စက်လိုင်းလည်း ရှိပါတယ်။ အခုက ဝယ်လွန်အထည်ချုပ်ရတဲ့ စက်လိုင်းကို တစ်နာရီကို လိုင်းပေါက်အထည် (၃၀) ပေးရတဲ့အပြင်ကို အလုပ်သမားတစ်ဦးကို ၃ ပွိုင့်၊ ၄ ပွိုင့်အထိ ချုပ်နေရပါတယ်။ ရှပ်အင်္ကျီချုပ်တဲ့ စက်လိုင်းဆို တစ်နာရီကို အထည် (၄၀) အထိ ပေးရပါတယ်။ စက်လိုင်းထဲမှာ အလုပ်ပျက်တဲ့သူရှိရင် သူတို့အတွက်အထည်စံချိန်ကို မနုတ်ပါဘူး။ အလုပ်မဆင်းတဲ့သူအတွက်ပါ အထည်စံချိန်ကို ထည့်တွက်ပြီး ဆင်းတဲ့သူတွေဆီက တောင်းပါတယ်။ ပြောမယ်ဆို အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်ကို အလုပ် သမားတွေက မပေးနိုင်ပါဘူး။ အထည်တွေက လက်ဝင်ပါတယ်။ စံချိန်မပြည့်ရင် အောစူပါတွေ၊ လိုင်းစာရေးမတွေ က စံချိန်မပြည့်တဲ့ အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုပြီး လစာထုတ်ရင် တစ်လစာပြန်ပေးရမယ်လို့လည်း ပြောပါတယ်”လို့ အလုပ်သမားတေါက ပြောပါတယ်။ 

စက်ရုံမှာ အထည်စံချိန်မပြည့်ပါက တနင်္ဂနွေနေ့အပတ်တိုင်း အချိန်ပိုအိုတီတွေ ခေါ်ယူပြီး အချိန်ပိုမဆင်းတဲ့သူ တွေကို အော်စူပါနဲ့ စူပါတွေက အလုပ်ကထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေအပြင် အညိုးထားတာနဲ့ ဖိအားပေးတာတွေပါ လုပ်ဆောင်နေပါတယ်။ 

“အလုပ်သမားအချင်းချင်း အထည်ကိစ္စစကားပြောမိရင်တောင် ရုံးခန်းထဲထိခေါ်ပြီး မခံနိုင်အောင် ပြောဆိုပါတယ်။ စက်လိုင်း ၈ နဲ့ စက်လိုင်း ၉ ကိုင်တဲ့ အော်စူပါက အလုပ်သမားတွေ အထည်မှားချုပ်လို့ ခေါ်ပြောတဲ့အပြင် ကိုယ်ထိ လက်ရောက် မလုပ်ရလို့ဆိုပြီး ခုံတွေကို ခြေထောက်နဲ့ကန် လက်နဲ့ထုတယ်။ အလုပ်သမားတွေကို လက်ညှိုးထိုးပြီး အော်ဟစ်ဆဲဆိုပါတယ်။ နောက်စက်ရုံမှာ ခွင့်ခံစားခွင့်တွေ မရပါဘူး။ အရေးပေါ်အခြေအနေဖြစ်လာလို့ ရှောင်တခင်ခွင့်တိုင်ရင် မပေးပါဘူး။ တစ်ရက်ပျက်ပြီဆိုတာနဲ့ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပေးတဲ့  (၇၈၀၀)ကျပ်၊ ရက်မှန်ကြေး(၃၀၀၀၀)နဲ့ အဆင့်လိုက်ပေးထားတဲ့ ကျွမ်းကျင်ကြေးတွေကိုပါ ဖြတ်တောက်ပါတယ်။ အဲဒါကြောင့် အလုပ်သမားတွေ နစ်နာပါတယ်။ သောက်ရေသောက်ရတဲ့နေရာကလည်း ဝေးလို့ ရေဘူးနဲ့ အလုပ်လုပ်တဲ့နေရာမှာ ယူသောက်တာကိုလည်း စက်ရုံဘက်က လက်မခံလို့ အခက်အခဲ ရှိပါတယ်”လို့ သူက ပြောပါတယ်။ 

လက်ရှိမှာ စက်ရုံအလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

စက်ရုံက အလုပ်သမားတွေအနေနဲ့ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့၊ အော်စူပါနဲ့ စာရေးမတွေက အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုတာ မလုပ်ဖို့၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ စံချိန်ကို တောင်းဖို့နဲ့ အလုပ်ပျက်တဲ့သူတွေအတွက် အထည်စံချိန် မတောင်းဖို့၊ သောက်သုံးရေကို အလွယ်တကူ သောက်သုံးနိုင်ဖို့နဲ့ စက်လိုင်း (၈) နဲ့ စက်လိုင်း (၉)က အော်စူပါတွေ ခုံတွေကို ခြေထောက်နဲ့ကန်တာ၊ လက်နဲ့ထုပြီး လက်ညှိုးထိုး ဆဲဆိုတာတွေမလုပ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026