NEWS

Myanmar York စက်ရုံ လိုင်းစူပါ အိုတီ ကြေးမပေးဘဲ ခေါင်းပုံဖြတ်

CoverLogo
784 Views

Myanmar York စက်ရုံ လိုင်း ၉ စူပါ (ကြီးကြပ်ရေးမှူး) က တနင်္ဂနွေ အလုပ်ပိတ်ရက်ကို ခေါ်ယူ ခိုင်းစေပြီး အချိန်ပိုလုပ်ခ မပေးတာနဲ့  အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂ ရက်မှာ လုပ်ခဲ့ရတဲ့ အချိန်ပိုလုပ်ခကို လုံးဝ ရှင်းမပေးခဲ့ဘဲ ဒီဇင်ဘာ ၁၀ရက်မှာလုပ်ခဲ့ရတဲ့ အချိန်ပိုလုပ်ခကို အပြည့်အဝ မပေးခဲ့တာလို့ အလုပ်သမားတွေက ရှင်းပြပါတယ်။

" အထည်စံချိန်မပြည့်လို တနင်္ဂနွေ နေ့ကို အချိန်ပိုဆင်းခိုင်းတယ်။ ပြီးတော့ အလကား ဆင်းပေးရမယ် တဲ့ ။  ပိတ်ရက်ဆိုတာက လုပ်ခ ၂ဆရတာ။   အိုတီ ကြေး တကျပ်မှမပေးဘူး။ အဲ လိုင်းစူပါ နဲ့ (UO) ၂  ယောက်တော့ ရတယ် ။  အဲ့နေ့က ၂ရက် ဆင်းရတာ ၁၀ယောက်ကျော်တော့ ရှိတယ်။ တယောက်မှ မရဘူး။ “

အချိန်ပိုလုပ်ကိုင်ခဲ့ရာမှာ စံချိန်မပြည့်ဘူးဆိုပြီး လုပ်ခမပေးခဲတာလို့ ပြောဆိုခဲ့တယ်လို့လည်း အလုပ်သမားတွေက  ပြောပါတယ်။ ဒီလို အချိန်ပို လုပ်ကိုင်ခဲ့ရတာကို စက်ရုံမန်နေဂျာဆိုသူ သိရှိပေမဲ့ ငြင်းဆိုခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ တခြားဌာနတွေ ဆင်းတာရတယ်။ လိုင်း၉ စူပါကပဲ မပေးတာ။ ခေါင်းပုံဖြတ်တာပဲ။ မန်နေဂျာက လည်း ဒီကိစ္စကို သိတယ်။ ဒါကို မန်နေဂျာက မသိဘူး ဆိုပြီး ငြင်းတယ်။  သူမသိရင် လိုင်းစူပါနဲ့ UO တွေကို ဘာလို့ ပိုက်ဆံ ရှင်း ပေးလဲ ။ ညီမတို့က လုပ်ရတဲ့သူတွေ ၊ သူတိုက ဘာမှ မလုပ်ရဘဲ ပိုက်ဆံ ရတယ်။ စံချိန်မပြည့်လို အလကား ဆင်း ပေးရတဲ့။ ပြီးတော့ ၁၀ရက်နေ့ ထပ်ဆင်းရတယ်။ အဲ့နေ့ကတော့ တစ်နေ့လုံးမှ ၁၁၀၀၀ပဲ ပေးတယ်။ အပြည့်အဝ မရဘူး။ မဆင်းနိုင်ဘူး ပြောရင်လဲ မရဘူး။ အတင်း လက်မှတ် ထိုးခိုင်းတာ။ အချိန်ပိုကို ဆင်းခိုင်းပြီး မန်နေဂျာက ခေါင်းဆောင်တွေကို ပိုက်ဆံ ရှင်းပေးပြီး။ ညီမတို့ကိုတော့ လုပ်ခမပေးဘူး။ "လို့ အလုပ်သမားတဦးက ပြောပါတယ်။   

ဥပဒေမှာပါတဲ့ ရက်သတ္တပတ်အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းပေးရပါက လုပ်ခလစာရဲ့ နှစ်ဆ ပေးဖို့ သတ်မှတ်ထားပါတယ်။   

အလုပ် ပိတ်ရက်တွေမှာ အချိန်ပိုလုပ်ကိုင်ခိုင်းပါက စက်ရုံဘက်က ကြိုပို့ယာဉ်စီစဉ်ပေးတာမရှိဘဲ ကိုယ့်ပိုင်   အစီအစဥ်နဲ့ လာရောက်လုပ်ကိုင်ရတာလို့ လာရလို့ Myanmar York အထည်ချုပ် အလုပ်သမား တဦးက ပြောပါတယ်။  စက်ရုံကတော့ ရန်ကုန်မြို့ ၊ လိူင်သာယာမြိုနယ်၊ စက်မူဇုန်(၄) ၊ကျန်စစ်သားလမ်းမှာ ရှိပြီး လုပ်သားအင်အား ၁၆၀၀ ကျော်နဲ့  LINE N BLEND  , JDY , Bestseller  စတဲ့ တံဆိပ် အထည်တွေ ချုပ်လုပ် နေပါတယ်။

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026