NEWS

Myanmar Xing Rui စက်ရုံ အချိန်ပို မဆင်းနိုင်သည့် အလုပ်သမားတဦးအား ခွဲခြားဆက်ဆံ

CoverLogo
817 Views

သာဓုကန်စက်မှုဇုန်က Myanmar Xing Rui Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အချိန်မဆင်းနိုင်တဲ့ အလုပ်သမားတဦးကို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ည ၉ နာရီနီးပါးအထိ အချိန်ပို လုပ်ကိုင်းခိုင်းတာကို ငြင်းဆန်ခဲ့တဲ့အမျိုးသမီး အလုပ်သမား တဦးကို ခွဲခြားဆက်မှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အဲ့နေ့က ည ၉ နာရီအထိဆိုတော့ အိမ်ပြန်နောက်ကျမှာ စိုးရိမ်တာနဲ့ အဲ့အမက ပြန်ဖိုအခက်အခဲ ရှိတာတယ်လို ပြောပြပြီး ၈ နာရီလောက်မှာ ပြန်သွားလိုက်တာ။ နောက်ရက်ကြတော့ အဲ့အမကို”အချိန်ပိုဆင်းစရာ မလိုဘူး၊ ညနေ ၄နာရီ ဆို ကိုယ့်အသိစိတ်နဲ့ ပြန်”ဆိုပြီး စူပါက ခေါ်ပြောခဲ့တယ်။ “ လို ပြောပါတယ်။ 

အဲဒီနေ့မှာ ပြုလုပ်တဲ့ အလုပ်သမားအစည်းအဝေးမှာလည်း အချိန်ပိုမဆင်းတဲ့ အမျိုးသမီးအလုပ်သမားကို ချန်လှပ်ပြီး ခွဲခြားဆက်ဆံခဲ့တဲ့ အပြင် လက်ရှိအချိန်အထိ အချိန်ပိုတွေကို ခေါ်ခိုင်းတာမျိုးမလုပ်ဘဲ ညနေ ၄ နာရီ ဆို စက်ရုံမန်နေဂျာက နေအိမ် ပြန်လွှတ်ပေးတယ်လို သိရပါတယ်။ 

အချိန်ပိုတွေဆင်းဖို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒနဲ့ အခက်အခဲတွေကို စက်ရုံဘက်က မေးမြန်းမှုမရှိဘဲ တဘက်သတ် အချိန်ပို ခိုင်းစေတာကြောင့် မမျှော်လင့်ဘဲ လူမှုဒုက္ခတွေ ခံစားနေရတယ်လိုလည်း အလုပ်သမား တွေက ပြောပါတယ်။ 

ဒါ့အပြင် အလုပ်သမားတဦးကို အလုပ်သမားခေါင်းဆောင်လို့ စက်ရုံဘက်က စွပ်စွဲပြောဆိုပြီး အလုပ်ထုတ်ခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့  စက်တင်ဘာလထဲမှာ ဖြစ်ပွားခဲ့ပြီး အလုပ်သမားသုံးဦးကို “အလုပ်သမား ခေါင်းဆောင်က မင်းလား”ဆိုပြီး ရန်ပြုပြောဆိုပြီးနောက် အလုပ်ထုတ်ခဲ့တာလို အလုပ်သမားတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ 

“မန်နေဂျာက အဲ့လို ခေါ်ပြောခဲ့တာ။ ပထမအကြိမ် သတိပေးတယ်ဆိုပြီး လက်မှတ်ထိုးခိုင်း တယ်။ အလုပ်သမားတွေက WCC နဲ့ ညှိပေးဖို ပြောတော့ မန်နေဂျာက ငြင်းတယ်။  ကြိုက်တဲ့ နေရာ တိုင်၊ စက်ရုံက ဂရုမစိုက်ကြောင်း ပြောတယ်။ အလုပ်သမားတွေကို လစာ၂လစာပေးပြီး အလုပ်ထုတ်တယ်။ သုံးယောက်ထဲက တယောက်က လစာ ၂ လစာကို မယူဘဲ တိုင်ထားတယ်လို့ ကြားတာ” ဆိုပြီး ပြောပါတယ်။ 

Myanmar Xing Rui စက်ရုံမှာ စာရင်းစစ်၊ အ၀ယ်တော်တွေ လာရောက်စစ်ဆေးပါက နေ့စား အလုပ်သမားတွေကို အလုပ်မခိုင်းဘဲ့ ပုန်းအောင်းရှောင်းခိုင်းတာတွေလည်း ရှိတယ်လို အလုပ်သမားတဦးက ပြောပါတယ်။

စစ်ဆေးရေး အဖွဲ့ရဲ့ မေးမြန်းမှုကို ဖြေကြားနိုင်ဖို့ အလုပ်သမားတချို့ကို ကြိုတင်ရွေးချယ်ထားပြီး လိမ်လည် ဖြေကြားဖို့ စက်ရုံ ဘက်က သင်ကြားပေးထာတွေ ပြုလုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။  

Myanmar Xing Rui Fashion Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်းမှာ ရှိပြီး OVS, Reserved, LOYALTI, XSIDE တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို သိထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026