NEWS

Myanmar Tiannan အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
881 Views

ရွှေပြည်သာမြို့နယ် ဗန္ဓုလအိမ်ယာမှာဖွင့်လှစ်ထားတဲ့  Myanmar Tiannan အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်အလုပ်လုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်မရှိတာ အီးစီစာချုပ်ချုပ်ဆိုထားခြင်းမရှိတာ တရုတ်နိုင်ငံသားအမျိုးသမီးမှ တိုက်ရိုက်ခိုင်းစေ‌နေတာ စတဲ့ချိုးဖောက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး FSBN၊ USA၊ BLACK SQUAD စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာ ဖြစ်သလို လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းရေးလုပ်ဆောင်ဖို့ အတွက် သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ အားကစားဝတ်စုံ ဝမ်းဆက်တွေချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး နေ့စားအလုပ်သမား ၆၀ နီးပါးကို နံနက် ၇ နာရီ ၃၀ မှ ညနေ ၄ နာရီ ၃၀ ထိကို တစ်နာရီ ၅၀၀ ကျပ်နှုန်း၊ အိုတီကို တစ်နာရီ ၅၀၀ ကျပ်နှုန်းနဲ့ ခိုင်းစေနေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ လူရွယ်အလုပ်သမား ၂၀ ကျော်ရှိပြီး ဥပဒေမဲ့ အလုပ်ထုတ်ပယ်မှုမကြာခဏပြုလုပ်နေတာလို့ ဆိုပါတယ်။

"အောစူပါနဲ့ တရုတ်အမျိုးသမီးက အထည်စံချိန်တွေမတရားတောင်းတယ် တစ်နာရီကို တစ်ယောက်အထည် ၅၀ တောင်းတာပါ စံချိန်မပေးနိုင်ဘူးဆို အလုပ်ထွက်ဆိုပြီးပြောတယ်"လို့ ‌အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်ချိန် နံနက် ၇ နာရီ ၃၀ မှ ညနေ ၄ နာရီအတွင်း အထည်စံချိန်များကိုပြည့်မီအောင် ချုပ်လုပ်ရပြီး စံချိန်မပြည့်တဲ့အလုပ်သမားကို အချိန်ပိုအိုတီအခေါ်ဘဲ ပြန်လွှတ်တာ စံချိန်မပြည့်လို့ ဖယ်ရီမပေးတာ စတာတွေပြုလုပ်ကာခွဲခြားဆက်ဆံမှုတွေ ပြုလုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ တရုတ်နိုင်ငံသားအမျိုးသမီးမှ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်နေတာဖြစ်သလို လုပ်ငန်းခွင်ထဲမှာလဲ EC စာချုပ်ချုပ်ဆိုထားခြင်း မရှိဘဲ တစ်ဖက်သတ် စည်းကမ်းချက်များကို ထုတ်ထားပြီး တစ်ခုခုဆိုလျှင် ဝမ်တိန်ထိုးခိုင်းတဲ့နည်းနဲ့ ဖြေရှင်းတယ်လို့ ‌အလုပ်သမားကပြောပါတယ်။

အထည်ချုပ်လုပ်ငန်းခွင်ထဲမှာ အလုပ်သမားများရဲ့ခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်မရရှိခြင်း၊ ရှောင်တစ်ခင်ခွင့်ယူလျှင် ပိုက်ဆံဖြတ်တောက်ခြင်း၊ တစ်ရက်ပျက်လျှင် ဒေးကြေး (၄၈၀၀)ကျပ်၊ ရက်မှန်ကြေး (၁၀၀၀၀) ကျပ်၊ စုစုပေါင်း( ၁၄၈၀၀)ကျပ် ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"နေမကောင်းလို့ ရက်ပျက်ရင် တနင်္ဂနွေနေ့အတွက် ဒေးကြေးကိုပါဖြတ်တာပါ နောက်ပြီး တနင်္ဂနွေနေ့အချိန်ပိုခေါ်ရင်လည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးတာမျိုးမလုပ်ဘဲ ဖိအားပေးပြီးခေါ်တယ် ငြင်းဆန်မယ်ဆိုရင်တော့ ခွဲခြားဆက်ဆံတယ် အချိန်ပိုအိုတီကို လဲ ပိုက်ဆံရှင်းမပေးဘဲ အလကားခိုင်းတာပါ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ ‌၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီလမှာ စက်ရုံရဲ့ချိုးဖောက်မှုများကို မီဒီယာတွင်  ဖော်ပြခဲ့ပြီးနောက်က ကလေးလုပ်သားတွေနဲ့ နေ့စားတွေကို တစ်နာရီ ၅၀၀ ကျပ်နှုန်းနဲ့ ခိုင်းစေနေမှုအား အလုပ်သမားရုံးက လာရောက်စစ်ဆေးစဉ် တွေ့ရှိခဲ့တာကြောင့် တစ်ယောက်လျှင့် ၅၀၀၀၀ ကျပ်နှုန်းနဲ့ ဒဏ်ငွေပေးဆောင်ခဲ့ရသေးတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိတဲ့ ခွင့်ရက်များ ပေးရန် နိုင်ငံခြားသား တရုတ်အမျိုးသမီးမှအလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန်၊  အချိန်ပိုအိုတီခိုင်းစေပြီး အလုပ်သမားများကို အချိန်ပိုအိုတီကြေးရှင်းပေးရန်နှင့် အလကားစေခိုင်းခြင်း မပြုလုပ်ရန်  အလုပ်သမားများအသုံးပြုသော အိမ်သာများကိုသန့်ရှင်စွာဆောင်ရွက်ပေးရန်။
လုပ်ငန်းခွင်ထဲတွင် ဆေးပေးခန်းနှင့်လိုအပ်သောဆေးများထားရှိပေးရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026