NEWS

Myanmar sunway ဖိနပ်စက်ရုံ အော်ဒါမရှိဘဲ ချုပ်ခိုင်းပြီး အလုပ်သမားများလျှော့ချနေလို့ စက်ရုံပိတ်သိမ်းနိုင်မလားဆိုပြီး မေးမြန်း

CoverLogo
899 Views

#ပေးစာ

မတ် ၂၉၊ ၂၀၂၄

ကျွန်မတို့က မြန်မာဆန်းဝေး Myanmar sunway ဖိနပ်ရုံမှာ လက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ယောက်ပါ ။

ကျွန်မတို့မသိတာလေးရှိတာ မေးပါရစေရှင့်။

အခုလက်ရှိ ကျွန်မတို့စက်ရုံမှာ ဘာအော်ဒါပစ္စည်းမှ မရှိပါဘဲ၊ ကျွန်မတို့ကို သက်ြန်ရက်စားတွေရော အိုတီတွေ ခေါ်နေပါတယ် ။

မကောင်းတဲ့ပစ္စည်း၊ ပယ်ထားတာတဲ့ ပစ္စည်းတွေထဲကနေ သုံးရတာရှာပြီး ဖိနပ်ကို စက်ရုံက ဆက်လုပ်ခိုင်းနေ ကြတာပါ။

နောက်ပြီး စက်ရုံမှာ အခုလက်ရှိထိ တရုတ်က ၅ ယောက်ပဲရှိတော့တာဖြစ်ပြီး ၄လပိုင်းထဲမှာ နောက်ထပ် ၂ ယောက် ပြန်မယ်လို့ သိထားပါတယ်။

သင်္ကြန်ပိတ်ရက် ပြန်ဖွင့်တဲ့အခါ စက်ရုံက အရင်လို လည်ပတ်ဦးမှာလား ဆိုတာလဲသိချင်ပါတယ်ရှင့် ။
စက်ရုံပိတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ စိုးရိမ်မိလို့ပါ ။

စက်ရုံမှာ notic နဲ့ထုတ်နေတာလဲမနည်းတော့ပါဘူး ။ သူနာပြု Nurse ဆရာမက အစ ပါ ပါတယ် ။

လက်ရှိစက်ရုံမှာ လကုန်ကျ notic ပေးထားတဲ့သူတွေ ထွက်ကုန်ရင် အလုပ်သမား 147ယောက်ပဲ ကျန်တော့မှာပါ ။

အခုထိ ဆေးပေးခန်းမှာ ဆေးဆို ဘာဆေးမှ မရှိတော့ပါဘူး။ ထပ်လဲ မဝယ်ပေးပါဘူး ။

နောက်ပြီးတစ်စုံတစ်ရာဖြစ်ခဲ့ရင် စက်ရုံက တာဝန်ရှိသူ အလုပ်သမားခေါင်းဆောင်တွေကလဲ စက်ရုံဘက် တင်မြှောက်ထားလို့ ညီမတို့ဝန်ထမ်းတွေမှာ ဘယ်သူ့မှ တိုင်ပင် မေးရဖော်မရှိလို့ ပါရှင့်။

HR ကလဲ ဘယ်လို တာဝန်ယူ အာမခံချက်ပေးနိုင်လဲဆိုတာ သိချင်ပါတယ်ရှင့် ။

ကျေးဇူးပြုရ်ျ HR မန်နေဂျာ အမျိုးသမီးကို လာရောက်မေးမြန်းပေးဖို့အကူညီ တောင်းခံအပ်ပါသည်ရှင့်။

(Myanmar sunway ဖိနပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လက်ရှိ အလုပ်သမား ၂၀၀ ဝန်းကျင် လုပ်ကိုင် နေတယ်လို့ သိရပါတယ်။ စက်ရုံသမဂ္ဂမရှိဘဲ WCC အဖွဲ့ကိုတော့ စက်ရုံဘက်က စိတ်ကြိုက် ဖွဲ့စည်းထားတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊တိုးချဲ့စက်မှုဇုန်၊ကျန်စစ်သားလမ်းမှာရှိပြီး JSK PVC၊ XSW PVC တံဆိပ်တွေ ထုပ်လုပ်နေတယ်လို့ သိထားရပါတယ်။)


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026