NEWS

MYANMAR SINYOUNG FASHION မှာ အချိန်ပိုအလွန်အကျွံခေါ်ယူမှုကို ဝန်ကြီးဌာနက ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်သည့်အတွက် အလုပ်ရှင်က ဥပ‌ဒေချိုး‌ဖောက်မှုများ ပိုမိုလုပ်‌ဆောင်လာ

CoverLogo
618 Views

MYANMAR SINYOUNG FASHION CLOTHES မှာ အချိန်ပိုနာရီတွေကို အဓမ္မခေါ်ယူတာနဲ့ ပတ်သက်ပြီး အလုပ်သမားရုံးကို တိုင်ကြားခဲ့ပေမယ့် ဟန်ပြစစ်ဆေးတာသာ လုပ်ဆောင်ပြီး ကြပ်မတ်မှု မရှိတာကြောင့် အလုပ်ရှင်က ဥပဒေပါအခွင့်အရေးတွေ ပိုမိုချိုးဖောက်လာတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီး အစုကြီးရပ်ကွက်တွင်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမားဦးရေ (၅၀၀) ကျော်နဲ့ လုပ်ကိုင်နေပြီး ကလေးအလုပ်သမားတွေ၊ နေ့စားအလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

“ပုံမှန်အလုပ်ချိန်ဆို နံနက် (၈) နာရီကနေ ည(၇) ခွဲထိ ဆင်းရတယ်။ အခုကျ အထည်တွေပုံနေတယ်ဆိုပြီး နေ့တိုင်း ည(၉)နာရီထိ အချိန်ပိုတွေ ဆင်းခိုင်းနေတယ်။ အချိန်ပိုတွေကို မဖြစ်မနေဆင်းခိုင်းတာက ကြာလာတော့ ပင်ပန်းလာပြီး တစ်ခါလောက်တော့ မဆင်းဘဲ စောပြန်ချင်တယ်ဆိုလည်း မရဘူး။ မဖြစ်မနေဆင်းဖို့ ဖိအားပေး တယ်။ အိုတီတွေမဆင်းဘူးဆို ခွဲခြားဆက်ဆံတယ်။ အညှိုးထားပြီးလုပ်တယ်။ ပြောမယ်ဆို အလုပ်သမားတွေက သဘောဆန္ဒမပါဘဲ ဖိအားတွေခံနေရတယ်။ အရင်လက အချိန်ပိုခေါ်လွန်းလို့ အလုပ်သမားရုံးကိုတိုင်တယ်၊ သူတို့လာစစ်ဆေးတော့လည်း ဘာမှမထူးလာတဲ့အပြင် ပိုတောင်ဆိုးလာတယ်” လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

အဆိုပါစက်ရုံမှာ Sinsay တံဆိပ်နဲ့ ဝယ်လွန်သားဘောင်းဘီတွေကို ချုပ်လုပ်တာဖြစ်ပြီး ဥပဒေပါ ခွင့်ရက်တွေကို လည်း ခံစားခွင့်မပေးတဲ့အပြင် အလုပ်တစ်ရက်ပျက်လျင် ဒေးကြေး (၄၈၀၀)ကျပ်၊ ထောက်ပံ့ကြေး(၂၀၀၀)ကျပ်၊ ထမင်းဖိုး (၁၀၀၀)ကျပ် ရက်မှန်ကြေး (၃၀၀၀၀)ကျပ် ဖြတ်တောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင်ကလေး လုပ် သားတွေကို လူကြီးလုပ်သားတွေ တန်းတူခိုင်းစေသလို၊ နေ့စားအလုပ်သမား (၆၀) ကျော်ကို အသုံးပြုနေပေမယ့် သုံးလပြည့်ပြီးတဲ့ နေ့စားဝန်ထမ်းတွေကို အတည်ပြုခန့်အပ်တာ မလုပ်ဘူးလို့ သိရပါတယ်။ 

“လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားတောင်းတယ်။ စက်လိုင်းတစ်လိုင်းမှာ ဟက်ပါ၊ အောစူပါ၊ စာရေးမ၊ စက်ချုပ် အားလုံးပေါင်းမှ (၄၅) ယောက်လောက်ရှိတာကို တစ်နာရီကို ဂွတ်ထည် (၅၀) တောင်းတယ်။ သူတို့တောင်းတဲ့စံချိန်က ဘယ်လိုမှမရနိုင်တဲ့စံချိန်ကိုတောင်းတာ၊ ကျွန်မတို့လည်း အသည်းအသန် ချုပ်နေတာပဲ ဒါပေမယ့် စံချိန်မပြည့်ရင် စက်လိုင်းကစူပါကိုရှေ့ခေါ်ပြီး ဆဲဆိုတောင်းတယ်။ သူတို့ပြောတာတွေက လူကြားလို့လည်း မကောင်းသလို ဘယ်လိုမှလည်း နားမခံသာဘူး။ စူပါတွေက ပြောလို့ ကျွန်မတို့က ပြန်ပြောမိရင်လည်း ကျွမ်းကျင်ကြေးတွေလျော့ခံရတယ်။ ပြောမယ်ဆို ဦးဆောင်ပြောပေးမယ့် သူမရှိဘူး။ သူတို့ပြောသမျှငြိမ်ခံရတယ်"လို့ အထည်ချုပ် အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

ဒီလိုအခြေအနေတွေကို အလုပ်သမားရုံးကို သွားရောက်တိုင်ကြားပေမယ့် ထူးခြားမှုမရှိသလို တိုင်ကြားသူကို လည်း အလုပ်ရှင်က ပြန်လည်သိရှိနေတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ စက်ရုံအလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်ဘက်က အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုတောင်းခံဖို့၊ လူငယ်၊ လူရွယ် ကလေးလုပ်သားတွေကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေမှု မလုပ်ဖို့၊  ၃လပြည့်ပြီးတဲ့ အလုပ်သမား တွေကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးဖို့၊ အလုပ်သမားတွေ အသုံးပြုတဲ့ အိမ်သာတွေကို သန့်ရှင်းမှုရှိအောင် အလုပ်ရှင်ဘက်က ဆောင်ရွက်ပေးဖို့နဲ့ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့ လိုလား နေတာပဲ ဖြစ်ပါတယ်။ 

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026