NEWS

Myanmar SINYOUNG CLOTHES FASHION မှာ အချိန်ပိုအလွန်အကျွံ​ခေါ်ယူ​နေဟုဆို

CoverLogo
888 Views

ထန်းတပင်မြို့နယ်၊ ရန်ကုန်ပုသိမ်လမ်းမကြီး၊ အစုကြီးရပ်ကွက် ခြံအမှတ်(- )ရှိ  Myanmar SINYOUNG CLOTHES FASHION စက်ရုံမှာ အလုပ်သမားအခွင့်အရေး​တွေ ချိူးဖောက်နေရလို့ ​ဖြေရှင်း​ပေး​စေလိုတယ်လို့ အလုပ်သမား​တွေက​ပြောပါတယ်။ 

အဆိုပါ စက်ရုံဟာ အလုပ်သမား(၅၀၀)ကျော်နဲ့  လုပ်ငန်းလုပ်ကိုင်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ကာ Sinsay အမှတ်တံဆိပ် အင်္ကျီ၊ ဘောင်းဘီ​တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ 

အလုပ်တက်ချိန် နံနက်(၈း၀၀)နာရီမှ  ည(၇း၃၀) အထိ နေ့စဉ်အချိန်ပိုအိုတီ၃နာရီဆင်းရပြီးယခု နောက်ပိုင်း ညဘက်အချိန် (၉း၃၀)အထိဆင်းနေရသလို အလုပ်သမားကိုကြိုတင် ပြောကြားထားခြင်းမရှိပဲ အောနိုက်တွေပါ ဆင်းခိုင်းတာ​ကြောင့် ဖျားနာတာ အပါအဝင် ၊ ခွဲခြားဆက်ဆံခံရတာ အငြိုးအ​တေးထားတာ​တွေ ကျူးလွန်​နေလို့ အခက်​တွေ့ရတယ်လို့ အလုပ်သမားက​ပြောပါတယ်။ 

"အချိန်ပိုမဆင်းတဲ့အလုပ်သမားဆိုရင်  အလုပ်ရှင်ဘက်က လူ​တွေက အငြိုးအတေးထားတယ်  ခွဲခြားဆက်ဆံတယ် ၊ အခုလိုမျိုး​တွေ စိတ်ဖိအားပေးတာမခံနိုင်လို့ နေထိုင်မကောင်းလဲ အလုပ်သမားက အချိန်ပိုဆင်းပေး နေရသလို မဆင်းချင်လည်းဆင်းရတယ်  တနင်္ဂနွေပါ မနားရဘဲ အချိန်ပိုဆင်းရတယ်မဆင်းတဲ့အလုပ်သမားများဆိုလျင်လည်း ဆဲဆိုနေတာ" လို့ အလုပ်သမား သိရပါတယ်။ 

ဒါ့အပြင် လုပ်ငန်းခွက် အတွင်း အလုပ်သမားဥပ​ဒေပါ ခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်များမရရှိခြင်း၊ အချိန်ပိုမိုတီ တွေမတရားဆင်းရပြီး ဖျားနာလို့ခွင့်ယူလျင်လည်း ခွင့်မရခြင်း၊ ခွင့်မရရှိ ပဲအလုပ်တစ်ရက်ပျက်လျင် အလုပ်သမားလစာထဲမှာ ဒေးကြေး (၄၈၀၀)၊ကျပ်၊ ထောက်ပံ့ကြေး (၁၀၀၀)ကျပ်၊ ရှားပါးစရိတ်(၁၀၀၀)ကျပ်၊ ထမင်းဖိုး(၁၀၀၀)ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်ဖြတ်တောက် ခံရတယ်လို့ သိစပါတယ်။ 

လုပ်ငန်းခွင် အတွင်း ဖျားနာပါက လုပ်ငန်းခွင်ထဲတွင်ဆေး​ပေးခန်း ရှိသော်လည်း ဆရာမကဆေးခန်းထဲတွင်ရှိမနေတာကြောင့်  ဆေးရယူရန်ခက်ခဲ​နေတယ်လို့ ​ပြောပါတယ်။ 

လုပ်ငန်းခွင်ထဲတွင် အလုပ်သမားသမဂ္ဂမရှိသလို  wcc လဲ ဖွဲ့စည်းထားခြင်း မရှိတာကြောင့် အလုပ်သမားများက စိတ်ကြိုက်မဲပေး ရွေးချယ် နိုင်တဲ့ WCC ကိုဖွဲ့စည်းပေးစေချင်တယ်လို့လည်း သိရပါတယ်။  

စက်ရုံမှာ နေ့စားအလုပ်သမား ၆၀ ဦးအထိခိုင်းစေပြိး  ၃ လပြည့်ပြီးသော်လည်း အလုပ်ရှင်ဘက်က အတည်ပြုဝန်ထမ်းမခန့်အပ်ခြင်းမရှိသလို တချို့နေ့စားအလုပ်သမားတွေကို ၃လမပြည့်ခင် အကြောင်းပြချက်မရှိပဲ အလုပ်မှထုတ်ခံရခြင်းကြောင့် အလုပ်သမားတွေ နစ်နာမှုများရှိနေတယ်လို့ သိရပါတယ်။ 

လုပ်သက် ၃ လပြည့်ပြီးတဲ့အလုပ်သမားများဟာ နေ့စားအဖြစ်သာနေနေရပြီး   တနင်္ဂနွေနေ့ပိတ်ရက်အတွက် ဒေးကြေးခံစားခွင့်မရရှိခြင်း၊ လူမှုဖူလုံ ရေးထည့်ဝင်ခွင့်မရခြင်း၊ ရက်မှန်ကြေး(၃၀၀၀၀)ကျပ်ခံစားခွင့်မရှိခြင်း၊ ခွင့်ရက်များလည်း ခံစားခွင့်မရှိခြင်းကြောင့် အလုပ်သမားများ မှာနစ်နာမှုများရှိနေတာဖြစ်တယ်လို့ သိရပါတယ်။  

ဒါ့အပြင် အထည်စံချိန်များကိုလည်း  မတရားတောင်းခံခြင်း၊ စံချိန်တောင်းခံရာတွင် စက်လိုင်းတစ်လိုင်းကို လူဦးရေ ၄၀ညရှိပြီး အလုပ်ချိန်တစ်နာရီ အင်္ကျီအထည် ၅၀ဘတောင်းခံနေခြင်း၊ အလုပ်ရှင်ဘက်မှ တစ်ဖက်သတ်တောင်းခံသော အထည်စံချိန်မပြည့်ပါက စူပါများက ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုပြီး အထည်စံချိန်တောင်းခံနေခြင်း၊ အလုပ်ရှင်ဘက်မှတောင်းခံသော စံချိန်ကိုပြည့်မီအောင် အသဲသန်ချုပ်နေရရင်းနှင့်ပင် ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုပြီး ဖိအားပေးခိုင်း​စေခြင်းများပြုလုပ်လျှက်ရှိတယ်လို့​ပြောပါတယ်။


အဲဒီလို လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများစွာကြောင့် 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အပြစ်တစ်စုံတစ်ရာမရှိပဲ အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်။ ၂။ အလုပ်ရှင်ဘက် ၃လပြည့်ပြီးသောအလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ရန်။ ၃။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများ အလွန်အကျွံမခေါ်ရန်နှင့် ဖိအားပေးခေါ်ခြင်း မပြုလုပ်ရန်။ ၄။ အလုပ်သမားများကြိုတင်ပြောကြားထားခြင်းမရှိပဲ အောလင်းအထိအချိန်ပိုအိုတီမခေါ်ရန်။ ၅။ လုပ်ငန်းခွင်ထဲရှိ ဆေးပေးခန်းတွင် ဆရာမမှဆေးပေးခန်းတွင်သာ ထိုင်ပေးရန်။ ၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်စတဲ့ တောင်းဆိုချက်မျာကို  Myanmar SINYOUNG CLOTHES FASHION အလုပ်သမား​တွေ  တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026