NEWS

Myanmar San he စက်ရုံက ပြောင်းရွှေ့သွားသည့် လုပ်သားတဦးအား အလုပ်ထုတ်ခိုင်း

CoverLogo
424 Views

Myanmar San he စက်ရုံက ပြောင်းရွှေ့သွားသူတဦးကို အလုပ်မရအောင် လိုက်လံ ပိတ်ပင်ခဲ့တယ်လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေး ကျောင်းလမ်း (ထိန်ပင်သုဿန်အနီး) မှာ ရှိတယ်လို့ အဲ့ဒီ အလုပ်သမား က ပြောပါတယ်။ 

“ Myanmar San he စက်ရုံကနေ လစာနည်းပါးလို့ ထွက်လိုက်ပြီး၊ နောက်အလုပ်ကို ပြောင်း လုပ်ခဲ့တယ်။ ပြောင်းတဲ့ အလုပ်မှာ ၃ ရက်ပဲကြာတယ်။ အရင်စက်ရုံက သူဌေးက နောက်စက်ရုံက သူဌေးနဲ့ရင်းနှီးတော့ အလုပ်ထုတ် ခိုင်းတယ် ၊ အဲဒါကြောင့်ပဲ အထုတ်ခံလိုက်ရတာ” လို့ အလုပ်အထုတ်ခံရတဲ့ အလုပ်သမားက ပြောပါတယ်။  

Myanmar San he စက်ရုံဘက် လုပ်ခလစာ နည်းပါးတဲ့အပြင် ကျွမ်းကျင်ကြေးမှာလည်း နည်းပါးတာကြောင့် အလုပ်ထွက်တာလို့ ပြောပါတယ်။

Myanmar San he စက်ရုံမှာ အလုပ်သမား ၁၀၀ ဝန်းကျင်ရှိပြီး ဆေးဆိုး ပန်းရိုက် လုပ်ငန်းလုပ်ကိုင်တယ်လို့ သိရပါတယ် ။ 

“စက်ရုံက တစ်နှစ်ကျော်ပြီ လစာမတိုး လို့ ထွက်လိုက်တာ။ စားဝတ်နေရေး အရမ်းကို ကျပ်တော့ လုပ်ခနဲ့ ကျွမ်းကျင်ကြေးများတဲ့ ဆီပြောင်းခဲ့တာပါ ။ San he စက်ရုံက တရုတ်အမျိုးသမီးက ပြောင်းတဲ့ စက်ရုံဘက်ကို  မဟုတ်တွေလည်းပြောပါတယ်။ စာရင်းလိမ်တာလို့တောင် ပြောတယ်။  ညီမတို့က စာရင်းလုပ်ဖို့မပြောပါနဲ့ လစာပေးတာတောင် သူတို့လက်နဲ့ သူတို့ကိုယ်တိုင်ပဲပေးတာပါ။” လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ 

Myanmar San he စက်ရုံကို ဩဂုတ် ၇ ရက်မှာ အလုပ်မသွားတော့ဘဲ ဩဂုတ် ၈ ရက်မှာ AQUA Shoes စက်ရုံကိုဝင်ရောက်  လုပ်ကိုင်ခဲ့ရာမှာ ဩဂုတ်လ ၁၀  ရက်မှာတော့ အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါတယ်။ 

“အလုပ်ထုတ်တယ်လို့ လိုင်းစူပါက လာပြောတယ်။ စက်ရုံ HR က လုပ်ခရှင်းပေးတယ်။ အလုပ်ထုတ်တဲ့ အကြောင်းအရင်းကို မပြောခဲ့ဘူး။ ရုံးဟောင်းက ပိုင်ရှင်က မကောင်းကြောင်းပြောတော့ အလုပ်ထုတ်တာလို့ အုပ်ချုပ်ရေး ဝန်ထမ်းက ပြောတယ်” လို့ အဲ့ဒီအလုပ်သမားက ပြောပါတယ်။ 

AQUA Shoes စက်ရုံက လုပ်ကိုင်ထားတဲ့ ၃ ရက်အတွက် လစာပေးချေခဲ့ပြီး  Myanmar San he စက်ရုံဘက် ကတော့ လုပ်ခစာ ၆ ရက်စာ ရမရ မသိရဘူးလို့ အဲဒီအလုပ်သမားက ပြောကြားထားပါတယ်။

“Myanmar San he က order အရေးကြီးလို့ဆိုပြီးသွားပို့ခိုင်းရင် မနက် ၆ နာရီ ၆ ခွဲသွားပို့ပေးရတယ်။ ထမင်းစား ဆင်းခါနီးမှ တခါတလေ သွားပို့ခိုင်းတယ်။  ထမင်းစား နောက်ကျတယ် ။  အချိန်ပိုကြေးတောင်းလည်း မပေးချင် ဘူး။” လို့ ပြောပါတယ်။

အလုပ်ထွက် အလုပ်သမားတွေကို နောက်အလုပ် လုပ်ကိုင်ခွင့်မရအောင် လိုက်လံပိတ်ပြင်တာတွေကို ပဲခူး၊ ရန်ကုန်က စက်ရုံတချို့က လုပ်ဆောင်တာတွေ၊ ခြိမ်းခြောက်မှုတွေရှိတယ်ဆိုတာ Myanmar Labour News ကို အလုပ်သမားတချို့က ပြောကြားတာတွေလည်း ရှိနေပါတယ်။ 

“အလုပ်သမားတွေကို မပြောမဆိုဘဲ အလုပ်ထုတ်ရင် နို့တစ်ကြေးနဲ့ လုပ်သက်အလိုက် နစ်နာကြေးတွေ ပေးရမှာ ပါ။ ဒါပေမဲ့ ဒီကိစ္စက အစမ်းခန့်ကာလနဲ့ အကျုံးဝင်တာမျိုးလည်း ဖြစ်နေတယ်။ အဲ့လို ပိတ်ပင်တာကတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။” လို့ အလုပ်သမားအရေး လှုပ်ရှားသူတဦး  မှတ်ချက်ပေးထားပါတယ်။ 

Myanmar San he စက်ရုံက  တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လုပ်သားအင်အား ၁၀၀ ဝန်းကျင် လုပ်ကိုင် နေတယ်လို့ သိရပါတယ်။ AQUA Shoes ကတော့ မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာ ရှိပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026