NEWS

Myanmar QT စက်ရုံ အိမ်သာသန့်ရှင်းရေးလုပ်ခိုင်းပြီး ပိုက်ဆံဖြတ်

CoverLogo
553 Views
Myanmar QT လေဘယ်စက်ရုံမှာ အိမ်သာ ပြဿနာ အရမ်းကို ဆိုးပါတယ်။ စက်ရုံက ရွှေပြည်သာစက်မှုဇုန် ၁၊ စက်မှု ၉လမ်း မှာပါ။
 
စက်ရုံမှာ အိမ်သာ ၂နေရာရှိပါတယ်။ လူဦးရေ မများပါဘူး အလွန်ဆုံး ရှိ ၆၀နီးပါးပဲရှိပါတယ်။ စက်ရုံက နှစ်ထပ်ပါ ။ အရင်ကအပေါ်ထပ်ရော အောက်ထပ်ပါ အိမ်သာကို ကျားမ မခွဲပဲ သုံးနေကြတာပါ ။ အပေါ်ထပ် အိမ်သာက ရေလျှံပြီး ရေဆွဲချမရတာရော ၊ ဂျက်မကောင်း တံခါးပါပျက်နေပါတယ်။ အပေါ်ကို မသုံးကြတော့ဘဲ အောက်ထဲက ခြံထဲမှာရှိတဲ့ အိမ်သာ ၂ခန်းကို ကျား၊မ ခွဲဲ သုံးကြပါတယ်။ အဆင်ပြေတယ်ရှင့်။
 
လွန်ခဲ့တဲ့ရက်က အောတစ်ဝင်တယ်ရှင့်။ အိမ်သာအဆင်မပြေတာကို ပြောသွားတယ်။ မိန်းကလေးတွေကို အပေါ်ထပ်ပဲ သွားရမယ် ၊ အပေါ်ထပ်က အိမ်သာကိုပြင်ပေးမယ် ပြောပါတယ်။ ပြင်လား မပြင်လားမသိပါဘူး ။
 
အိမ်သာ ၃ခန်းရှိတာ တခန်းက ရေလျှံနေတာပါ ။ တခန်းက ကြမ်းခင်းမှာ ရေလျှံတာ ခြေကျင်းဝတ်ထိ ရေရှိပါတယ်။ တခန်းက ဂျက် မကောင်းလို့သုံးမရပါဘူး။ အဲ့အတွက် မိန်းခလေးတွေက မသုံးကြဘဲ အောက်ထပ်က အိမ်သာကိုပဲ အရင်သုံးနေကျ အတိုင်းသုံးကြတယ်။
 
အဲ့လို့သုံးတော့ ကျားအိမ်သာသုံးတဲ့ မိန်းကလေးကို လုံခြုံရေးက ပုံရိုက်ယူထားပြီး၊HRကို ပြပါတယ် ။ အဲဒါကို HR က ပိုက်ဆံ ဖြတ်မယ် ပြောပါတယ်။
 
ဘယ်စက်ရုံမဆို သန့်ရှင်းရေး ရှိကြပါတယ်။ ကျမတို့ရုံမှာ အရင်က ရှိပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အဒေါ် ထွက်သွားပြီး၊ နောက် ထပ်မခေါ်ခဲ့ပါဘူး။
 
ကျမတို့ ဝန်ထမ်းတွေကပဲ ခြံထဲ သန့်ရှင်းရေး၊ မြက်ပေါက်တာတွေအထိ လုပ်ရပါတယ်။ ကျမတို့က ကိုယ့်ဌာနမှာရှိတဲ့ ကိုယ့်ရဲ့တာဝန်အလုပ်ကိုလုပ်ဖို့အတွက်ပါ။ သန့်ရှင်းရေး လုပ်ဖို့ လျှောက်ထားတာ မဟုတ်ပါဘူးရှင့်။
 
အခုက ရေလျှံနေတဲ့ အိမ်သာကိုပါ သန့်ရှင်းရေး လုပ်ခိုင်းပါတယ်။ မလုပ်ရင် ပိုက်ဆံ ဖြတ်မယ်လို့ HR က ပြောပါတယ်။
အိမ်သာအဆင်မပြေကြောင်း WCC ကိုတင်ပြတယ်။ WCC က HR ကို သွားပြောပါတယ်။
 
အဲ့တော့ HRက ရေလျှံနေတဲ့အခန်းကို ဂေါ်ပြားနှင့် ရေခပ်ထုတ်ပြီးခိုင်းတယ်။ ရေဆွဲချလို့မရတာကို ရေပုန်းနှင့်ဆွဲလောင်းချခိုင်းပါတယ်။
 
လက်ရှိ HR က အရင်က စကားပြန်ပါ။ နားလည်မှုနဲ့ HR လုပ်ခိုင်းထားတာပါ။ သူကပြောတော့ အဆင်မပြေတာတွေ ပြောလို့ရပါတယ်တဲ့ ၊ အဆင်ပြေအောင်လုပ်ပေးမယ်လို့လည်း ပြောထားတာပါ။
 
အခုတော့ WCC က ပြောတော့ လက်မခံပါဘူး။ Day ကြေး တစ်သောင်းပေးဖို့ပြောတာ ၂၀၀၀ ပဲ တိုးပေးပြီး ၈၈၀၀ ပဲပေးပါတယ်။ အိုတီလည်း ၂၂၀၀ တိုးပေးဖို့တာင်းပါတယ်၊ နှစ်ရာတိုးပြီး ၂၀၀၀ ပဲ ပေးပါတယ်။
 
တိုး ပေးတဲ့လစာနဲ့ ရတဲ့ ပိုက်ဆံကို ပြန်ဖြတ်တာ မကာမိဘူးရှင့်။ အောတစ် လာစစ်တုန်းက အားလုံးအဆင်ပြေအောင် လုပ်ပေးဖို့ပြောထားပြီး အခုမှ ပိုက်ဆံ ဖြတ်မယ် ပြောနေတာပါ။
 
တကယ်ဖြတ်ရင် တကြိမ်ကို ငါးထောင်ဖြတ်ပါတယ်။ ကျမတို့ဖြစ်စေချင်တာ အိမ်သာအပေါ်ကိုသွားလို့ အဆက်မပြေရင် အောက်ဆင်းသွားကြတဲ့အခါ ခွင့်ပြုပေးစေချင်တာပါ။ နားလည်ပေးစေချင်တာပါ။
 
အာဏာပါဝါပြပြီး ပိုက်ဆံဖြတ်နေတာက အဆင်မပြေပါဘူးရှင့်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026