NEWS

Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး

CoverLogo
353 Views
 
Myanmar Ming Fan မှာ အချိန်ပိုတွေ အတင်းအကျပ် ဆင်းခိုင်းနေတာက အခုအထိ မပြောင်းလဲ သေးဘူး။ လာစစ်တာမျိုးမရှိသလို၊ ဘယ်သူကမှလည်း ကူညီတာမရှိခဲဘူး ရှင့်။
 
အခုလည်း အချိန်ပိုတွေက ဆင်းနေရတုန်းပဲ။ ညီမတို့ အသိပေးတာ တိုင်ကြားတာတွေက အလကား ဖြစ်နေလားပဲ။ ပြေားလဲတာ တစ်ခုကတော့ ခုစက်ရုံရဲ့အရှေ့က စက်ရုံ နာမည်ကို ဖြုတ်လိုက်ပါတယ်။ ဘယ်လောက်ဆိုးဝါးလဲ ဆို စက်ရုံဘက်က အလုပ်ချိန် အတိအကျမရှိဘူး။ ပြန်လွှတ်ချင်တဲ့ချိန် ပြန်လွှတ်တယ်။ အောလင်း အချိန်ပိုဆိုတာ မနက် ၅နာရီဆို အပြီး ပါ။ ဒါပေမဲ့ Myanmar Ming Fan အထည်ချုပ် စက်ရုံမှာတော့ မပြီးပါဘူး။
 
အောလင်းဆင်းပြီး ၅ နာရီ ထိုးတော့ အထည်တွေ အကုန်မပြီးလို့ ပြန်မလွှတ်ခဲ့ဘူး။ အလုပ်သမားတွေက မလုပ်ဘူး ထပြန်တော့မှ ပြန်လွှတ်တယ်။ ခုလည်း အထည် အရေးကြီးလို့ပါဆိုပြီး ည ၉နာရီတွေ ဆင်းရတယ်။ အချိန်ပို အတွက် လက်မှတ်ထိုးတဲ့ စာရွက်မှာလည်း မိမိတိုသဘောဆန္ဒရှိမှလို့ပဲ ရေးထားတာပါ၊ လက်မှတ်မထိုးရင် ခေါင်းဆောင်တွေ က မဆင်းလိုမရဘူးဆိုပြီး အတင်းအကျပ် ထိုးခိုင်းပါတယ်၊ အထည်တွေ ကွန်တိန်နာ ရက်မမီလို့ ဆိုပြီး အတင်းကို ပြောပါတယ်။
 
ဘယ်လောက် လုပ်ရ လုပ်ရ ကွန်တိန်နာရက်က ဘယ်တော့မှမမီဘူး ၊ ပုံမှန်အလုပ်ချိန်မှာလည်း အာဝါဒီ ကို အသည်းသန်ပေးရတယ်။ မနက် ၇ခွဲကနေ ည ၇နာရီအထိ အထည် ၁၂၀၀ ပြည့်အောင် ပေးကတယ်။
 
ရေမသောက်နိုင် ၊ အိမ်သာမသွားနိုင်နဲ့ တစ်နာရီလောက် အာဝါဒီလျော့တာနဲ့ လာပြီး အော်ပြီး ဆဲပါပြီ။ အခု အလုပ် ၆ရက်ဆက်တိုက် ပိတ်ဖို ရက်စားအတွက် အိုတီကနေ ဖျက်ဖို့ အကုန်တောင်းဆိုတာကို အထည်အရေးကြီးတာကို အကြောင်းပြပြီး တနင်္ဂနွေ နားရက်ကို ရက်စားယူတယ်။ ပြီးခဲ့တဲ့ လကလည်း ဒီလို လုပ်ခဲ့ပါတယ်။
 
အစည်းအဝေး Meeting ခေါ်ပြီး လက်မခံနိုင်ရင် ထွက်ကြတဲ့။ စက်ရုံစည်းကမ်းပဲတဲ့ ၊ ဒါက စည်းကမ်းလားရှင့်။ခေါင်းဆောင်တွေ ကိုယ်တိုင်က တရားမမျှတမှု မရှိတာပါ။ သူတို့က ပုတ်ပြတ်လစာ၊ ဆုကြေးတွေနဲ့ ဆိုတော့ အလုပ်သမားတွေကို နာမည်ခံ ခေါင်းပုံဖြတ်တာပါ။
 
WCC အဖွဲ့ကြီး ဖွဲထားပါတယ်။ အလုပ်သမားတွေ ဘာပြောပြော ဘာမှ တင်ပြ မပေးပါဘူး။ အခု လစာထုတ်တော့ လစာတွေ အဖြတ် ခံရတယ်။ အဓိကက ကျွမ်းကျင်ကြေး Grade ကြေးတွေ လျှော့တာပါ။
 
အလုပ်သမား ၄၀၀ ဝန်းကျင်က ဒိလို ဒုက္ခတွေ ခံစားနေရတာပါ။ လာစစ်ဖို့ စက်ရုံပျောက်နေမှာ စိုးလို့ လိပ်စာ ထပ်ထည့်ပေးလိုက်ပါတယ်။ Myanmar Ming Fang စက်ရုံက ရွှေပြည်သာစက်မှုဇုန် ၁ ၊ ကန်သာယာမှတ်တိုင်အနီးမှာပါ ။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026