NEWS

Myanmar LNY CAPS ဦးထုတ်စက်ရုံ အလုပ်ရွှေ့ပြောင်းမည်စိုးရိမ်ဟုဆိုပြီး သင်္ကြန်မုန့်ဖိုး လျှော့ပေး

CoverLogo
955 Views
Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံသည် ရုံ (၁) စက်ရုံက ပါရှင့်။ စက်ရုံကနေ နှစ်စဥ် သင်္ကြန်းမုန်းဖိုး ပေးလေ့ရှိပါတယ်။ အခုနှစ်သင်္ကြန်မှာ စူပါ၊ လီတာတွေက လွဲလို့ စက်ရုံက အလုပ်သမားအားလုံးကို တယောက် ၄၀,၀၀၀ ပေးပါတယ်။ လုပ်သက်အလိုက်ပေးတာပါ။ လုပ်သက် သုံးနှစ်ရှိတဲ့ အလုပ်သမားဆို ၃၀,၀၀၀ ၊ သင်္ကြန်မုန့်ဖိုး ၄၀,၀၀၀ နဲ့ ပေါင်းပြီး စုပေါင်း ၇၀,၀၀၀ ပေးတာပါ။
 
ဒီနှစ်တော့ အလုပ်ရှင်က သင်္ကြန်အပြီး အလုပ်သမားတွေ မလုပ်ပြန်မဝင်မှာ စိုးလို့ဆိုပြီး သင်္ကြန်းမုန်းဖိုးကို တစ်ဝက်ပဲပေးပါတယ်။ အလုပ်ပြန်တက်ရင် ကျန်တဲ့ တစ်ဝက်ကို ပေးမယ်လို့ ပြောလိုက်ပါတယ်။
 
ဧပြီ ၂၂ ရက် ၊ သင်္ကြန်အပြီး အလုပ်ပြန်တက်တော့ ပေးမယ်ဆိုပြီး ကျန်နေတဲ့ မုန့်ဖိုးကို မပေးပါဘူး။ ၂၃ ရက်မှာ ပေးပါတယ်။ ပေးတော့လည်း ကျန်တဲ့ မုန့်ဖိုးကို နောက်ထပ် တဝက် ထပ်ဝက်ပြီး ပေးတာပါ။
 
လုပ်သက်မရှိတဲ့ အလုပ်သမားတွေဆို ၂၀,၀၀၀ ပဲရပါတယ်။ အဲ့အလုပ်သမားတွေက ၂၃ ရက်မှာ လည်း မရတော့ပါဘူး။ အလုပ်သမားတွေမေးမှ တခြားစက်ရုံကို အလုပ်ပြောင်းမှာ စိုးလို့ လကုန်မှ ပေးမယ်ဆိုပြီး ပြောပြန်ပါတယ်။
 
လက်ရှိ ရုံ (၁) စက်ရုံမန်နေဂျာအလုပ်ထွက်သွားလို့ ရုံ (၂) မန်နေဂျာက လာပြီး အုပ်ချုပ်နေတာပါ။ အရင် မန်နေဂျာကတော့ သင်္ကြန်းမုန့်ဖိုးဆို နောက်ဆုံးအလုပ်ပိတ်မှာ အားလုံးပေးတာပါ။ အခုလို အမျိုးမျိုးခွဲပေးနေတာ မဖြစ်သင့်ပါဘူး။
 
ညီမတို့အလုပ်သမားတွေက တလုံးတခဲတည်း ရတဲ့ ငွေကို လိုချင်ပါတယ်။ ဒီလိုရဖို့ တနှစ်လုံးကြိုးစားခဲ့ရတာပါ။ အလုပ်နေရာတခုတည်းမှာ အချိန်အကြာကြီးပေးဆပ် လုပ်ကိုင်ခဲ့ကြတာပါ။
 
စက်ရုံမှာဆို စံချိန်တွေ အမြဲ ပိုတောင်းတယ်၊ မရတာနဲ့ လုပ်ငန်းလိုအပ်ချက်အရဆိုပြီး အချိန်ပိုတွေ ခေါ်ပါတယ်။ မဖြစ်မနေ အတင်းအကျပ် ဆင်းခိုင်းတာပါ။ မဆင်း၊ ဆင်းအောင် စူပါတွေ၊ လီတာတွေက တစ်ဆင့် ဖိအားပေးပါတယ်။ အများပြည်သူအလုပ်ပိတ်ရက်များကိုလည်း အချိန်ပိုဆင်းရပါသည်။ စနေနေ့ နေ့တိုင်းလိုလို ညနေ ၆ နာရီခွဲအထိ ဆင်းနေရတာပါ။
 
အလုပ်သမားတွေ အရေးပေါ်ကိစ္စ ရှိလို့ ၊ အလုပ် မပျက်ချင်လို့ တစ်နာရီ၊ နှစ်နာရီ အတွက် ကြိုတင် ဂိတ်ပတ်ယူ မယ်ဆိုလည်း မရပါဘူး။ ညီမတို့ ကိစ္စရှိမှ တခါတရံတောင်းတာပါ။ အမြဲတောင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဂိတ်ပတ်လည်း တောင်းရော အလုပ်သမား အများရှေ့မှာ ရစရာမရှိအောင် ပြောဆိုခံရပါတယ် ရှင့်။
ဘယ်သူကို အကူအညီတောင်းရမှန်းမသိလို့ ပါရှင့်။
 
(#အချက်အလက်-Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံ (၁) က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မလိခလမ်း၊ BOC မှတ်တိုင်အနီးမှာ ရှိပြီး အလုပ်သမား ၇၀၀ ကျော်လုပ်ကိုင်နေပါတယ်။ စက်ရုံမှာ 47 CLEAN UP, FITCAP, OTTO, CAPAMERICA စတဲ့ တံဆိပ်ဦးထုပ်တွေ ချုပ်လုပ်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ဆီက သိရပါတယ်။ )

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026