NEWS

Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်

CoverLogo
337 Views
 
မြန်မာကျွိချွမ်း ဖိနပ်စက်ရုံပါ ဗျ။
သိချင်တာလေးရှိလို့ပါဗျ။
 
စက်ရုံမှာ အရင်က နှစ်ပြည့်အလုပ်သမားတွေ တစ်နှစ်ပြည့်ပြီးနောက်လ၂၀ရက်နေ့ဆို ၆၈၀၀၀ရပါတယ်။ ဒီနှစ်မှာ‌တော့ အရင်လို မဟုတ်တော့ဘူးဆိုပြီး မီတင်ခေါ်ပြီးပြောတယ်။
 
၂၀၂၆ ၁လပိုင်းမှာ နှစ်ပြည့်အလုပ်သမားတွေကို နှဆုကြေးအရင်က ၆၈၀၀၀ ဆို အခုဆို ၇၈၀၀၀ပေးရမှာပါ။ အဲ့တာကို နှစ်ပြည့်ဆုကြေး ၇၈၀၀၀ မပေးတော့ဘဲ လုပ်သက်ခွင့် ၁၀ရက်ပေးမယ် ပြောပါတယ်။
 
အဲ့လုပ်သက်ခွင့် ၁၀ရက်ကလည်း ကိုယ် အဆင်ပြေတဲ့ရက်ကိုနားလို့မရပါဘူး။ သူတို့ နားခိုင်းတဲ့ရက်ကိုပဲဘနားရမယ် ပြောပါတယ် ။ အဲ့လုပ်သက်ခွင့် ၁၀ရက် နားမယ်ဆိုရင်လည်း ရက်မှန်ကြေးကဖြတ်မှာပါတဲ့။
 
အရှေ့၁၅ရက်ထဲက နားရင်၂၀၀၀၀၊ အနောက် ၁၅ရက်ထဲက နားရင် ၂၀၀၀၀၊ အရှေ့အနောက် ကြားရက်နားရင် ရက်မှန်ကြေး အကုန်ပြုတ်မှာပါတဲ့။ လုပ်သက်ခွင့် ၁၀ရက်ကို အလုပ်သမားတွေက နားမယ်ဆိုရင် ဒေးကြေး ၁၁၅၀၀ ထဲက ထမင်းဖိုး ၁၀၀၀ နုတ်ပြီး ၁၀၅၀၀ နဲ့ ရှင်းပေးမှာလို့လည်းပြောပါတယ်။
 
အဲ့လုပ်သက်ခွင့် ၁၀ရက်ကို မနားဘဲအလုပ်ဆင်းမယ် ဆိုရင်လည်း အလုပ်သမား ဥပဒေနဲ့ အကျုံးမဝင်လို့ ဒေးကြေးလုပ်ခ မရပါဘူးတဲ့။ တွက်ကြည့်ရင် အလုပ်သမားတွေက နှစ်ပြည့်ဆုကြေး ၇၈၀၀၀ရော၊ ရက်မှန်ကြေးရော ထမင်းဖိုးရော၊ အဖြတ်ခံရမယ်ဆို တစ်သိန်းကျော်လောက် နစ်နာရပါတယ်။
 
ဒါကလည်း အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ နားရမှာပါ။ အချိန်ပို Otဆိုရင်လည်း ရုံသစ်ရုံဟောင်းခွဲခြားပါတယ် ။
လိုင်း၅လိုင်းရှိရင်၊ ရုံဟောင်းကဆင်းရပြီး၊ ရုံသစ်ကမဆင်းရတာမျိုး။ ရုံသစ်ကဆငိးရပြီး၊ ရုံဟောင်းကမဆင်းရတာမျိုးတွေရှိပါတယ်။
 
အများပြည်သူပိတ်ရက်ကိုလည်း o Ot ခေါ်ချင်ပါတယ် ။ မလာတဲ့ အလုပ်သမားတွေ များရင် ခေါင်းဆောင်တွေကို ခေါ်ပြီး ဆူပါတယ်။
 
အဲ့တာတွေက အကျုံးဝင်လား သိချင်ပါတယ်။ စက်ရုံက ရုံးတိုင်ရင် အရေးယူမယ်လို့ ခြိမ်း‌ခြောက် ပါတယ်။ တိုင်တဲ့သူကိုစုံစမ်းမယ်ဆိုပြီး ပြော‌တော့ အလုပ်သမား နစ်နာမှုတွေ မပေါ်လွင်ဘူး ဖြစ်နေရတာပါ။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026